ဂရိကြ်န္းဆြယ္ရဲ ႔အလွဘုရင္မ ဆန္တုိရီနီကြ်န္းကုိ သြားလည္မယ္ဆုိရင္ ဒါေလးေတြေတာ့သိထားဖုိ႔လုိ

ဆန္တိုရီနီကြ်န္းလို႔ေျပာလိုက္ရင္ မသြားခ်င္တဲ႔သူမရွိေလာက္ေအာင္ရင္သပ္ရႈေမာ ဖြယ္ရာအလွအပေတြ နဲ႔ဆြဲေဆာင္ထားနုိင္တဲ႔ေနရာတစ္ခုဆုိတာအားလံုးသိၾကမွာပါ။ ဒီလုိ ဂရိကြ်န္းဆြယ္ေတြရဲ ႔အလွဘုရင္မ ဆန္တိုရီနီကြ်န္းကုိ ႏွစ္စဥ္ကမာၻလွည့္ခရီးသည္ေပါင္း ၁.၅သန္းေက်ာ္လည္ပတ္ေလ့ရွိပါတယ္။ခရီးသြားရတာႏွစ္သက္တဲ႔သူေတြရဲ ႔Bucket list ထဲမွာ ဆန္တိုရီနီကမပါမျဖစ္ပါပဲ။အေရာင္စံုနဲ႔ကြ်န္းဆြယ္ေက်ာက္ေဆာင္ေတြ၊လွပခန္႔ညားတဲ႔အေဆာက္အဦးေတြ၊တစ္ေနကုန္ထုိင္ၾကည့္ရင္ေတာင္မ၀တဲ႔ေန၀င္ခိ်န္ေတြ၊မ်က္စိတစ္ဆံုးလွပေနတဲ႔ပင္လယ္ကမ္းေျခရဲ ႔အလွေတြ၊လွပမႈအေပါင္းသရဖူေဆာငး္တဲ႔ဆန္တိုရီနီကြ်န္းကိုပထမဆံုး အၾကိမ္သြားလည္မယ္ဆုိရင္  ဒါေလးေတြမွတ္ထားဖုိ႔အၾကံျပဳလိုပါတယ္။

ဆန္တိုရီနီကြ်န္းကုိ ပထမဆံုးသြားမယ့္ခရီးသြားတစ္ေယာက္ျဖစ္တယ္ဆုိရင္ ဘာေတြသိထားရမလဲဆုိေတာ့…

*ဆန္တိုရီနီကြ်န္းမွာ ဘာေတြလုပ္ႏုိင္လဲ*

လမ္းေလ်ွာက္ျပီးလည္မယ္
လမ္းေလ်ွာက္ရတာႏွစ္သက္တဲ႔သူေတြ အတြက္ေတာ့ caldera ေက်ာက္စြန္းကုိ သြားေရာက္လည္ပတ္ျပီး ရႈခင္းကုိ ၾကည့္ရႈခံစားႏုိင္ပါတယ္။Fira ျမိဳ႔ေလးမွာ လည္ပတ္သြားလာႏုိင္သလုိ လမ္းဆက္ေလ်ွာက္မယ္ဆုိရင္ Oia ရြာေလးကုိ ေရာက္ပါလိမ့္မယ္။ဒါေပမဲ႔ အဲ႔ဒီကုိသြားမယ္ဆုိရင္ေတာ့အခ်ိန္သီးသန္႔ေပးဖုိ႔ လိုအပ္ပါတယ္။Caldera ေက်ာက္စြန္းကေန Oia ထိလမ္းေလ်ွာက္လည္ပတ္မယ္ဆုိရင္ သံုးေလးနာရီ၀န္းက်င္ရွိတ႔ဲအတြက္အခ်ိန္တစ္ရက္သီးသန္႔ေပးျပီးလည္ပတ္ႏုိင္ရင္အေကာင္းဆံုးပါ။

၀ုိင္ျမည္းမယ္
ဆန္တိုရီနီကြ်န္းကုိေရာက္ျပီဆုိရင္ ၀ုိင္အရသာေလးေတြျမည္းစမ္းၾကည့္ဖုိ႔ေတာ့လိုတာေပါ့ေနာ္။ ဆန္တိုရီနီရဲ ႔Vinsanto စပ်စ္၀ုိင္က ဆန္တုိရီနီဆုိရင္ Vinsanto ၀ုိင္ကုိယွဥ္တြဲျပီးျမင္ရေလာက္တဲ႔ အထိနာမည္ေက်ာ္ၾကားပါတယ္။မီးေတာင္ေျမေဆြးကစပ်စ္ပင္စိုက္ပ်ိဳးဖုိ႔အေကာင္းဆံုးေျမျဖစ္တာေၾကာင့္ ဆန္တုိရီနီကထြက္တဲ႔၀ုိင္ရဲ ႔အရသာကဘာမွေတာင္ေျပာစရာလိုမယ္မထင္ပါဘူး။ စပ်စ္သီးနဲ႔ခ်က္လုပ္ ထားတဲ႔တစ္ျခား၀ုိင္အမ်ိဳးအစားေတြလည္းအမ်ားၾကီးရွိတဲ႔အတြက္ ဘယ္၀ုိင္ကအေကာင္းဆံုးလဲဆုိတာ ျမည္းစမ္းၾကည့္ခဲ႔ၾကေနာ္။တစ္ခါတည္း အမ်ားၾကီးမေသာက္မိဖုိ႔ေတာ့ သတိထားသင့္ပါတယ္။

ေန၀င္ခ်ိန္ၾကည့္မယ္္
ဆန္တိုရီနီကြ်န္းရဲ ႔အေနအထားအရ၊အေဆာက္အဦးေတြေနရာခ်တည္ေဆာက္ထားပံုအရ ေန၀င္ခ်ိန္ဆုိတာ ဘယ္ေနရာကေနၾကည့္ၾကည့္ အလွဆံုးျမင္ေတြ႔ႏုိင္ေပမဲ့ ခရီးသြားေတြ အၾကိဳက္ဆံုးေန၀င္ခ်ိန္ၾကည့္တဲ႔ေနရာက Oia ရြာေလးမွာပါ။အဲ႔ဒီေနရာက ခရီးသြားအမ်ား စုေျခခ်ၾကတဲ႔ေနရာပဲျဖစ္ပါတယ္။အလွပဆံုးေန၀င္ဆည္းဆာခ်ိန္ကုိျမင္ဖူးခ်င္တယ္၊ဆန္တိုရီနီကိုလည္းေရာက္ေနတယ္ဆုိရင္ေတာ့ Oia ရြာေလးကေန ေန၀င္ခိ်န္ကုိၾကည့္ျဖစ္ေအာင္ ၾကည့္ခဲ႔ဖုိ႔တိုက္တြန္းခ်င္ပါတယ္။

ေရကူးမယ္
ကိုယ္တည္းခိုတဲ႔ေနရာအလိုက္ေတာ့ ေရကူးတာကလည္းကြာသြားႏုိင္ပါတယ္။ ဟုိတယ္မွာပဲတည္းမလား ၊ဒါမွမဟုတ္ သီးသန္႔တည္းခိုအိမ္ေလးေတြမွာတည္းမလားေပါ့။ ဆန္တိုရီနီသြားမွေတာ့ဇိမ္အျပည့္ယူမွာလို႔ေတြးထားခဲ႔ရင္ သီးသန္႔အေဆာက္အဦး
တည္းခိုအိမ္ေလးေတြမွာတည္းျပီး ၀ုိင္ေလးေသာက္ရင္း ေရကူးအပန္းေျဖပါလို႔။

လည္ပတ္မယ္
တစ္ျခားေနရာေတြကုိသြားျပီးလည္ပတ္ခ်င္တယ္ဆုိရင္ အဲ႔ဒီမွာကူညီေပးမယ့္ ေအဂ်င္စီေတြလည္း ရွိပါတယ္။ကုိယ္က ကုိယ့္ခရီးသြားလမ္းညႊန္နဲ႔လာတာဆုိရင္ေတာ့ သူနဲ႔အတူ နာမည္ၾကီးေနရာေတြကုိသြားေရာက္လည္ပတ္လုိက္ရံုပါပဲ။နာမည္ၾကီးကမ္းေျခေတြ၊မီးေတာင္ေတြကုိ တ၀ၾကီးလည္ပတ္ခဲ႔ၾကပါ။တကယ္လို႔ငါးရက္တာလည္ပတ္ဖုိ႔စဥ္းစားထားတယ္ဆုိရင္ ပထမတစ္ရက္ကုိ Oia မွာလည္ပတ္ပါ။ဒုတိယရက္ကုိ Akrotiri ျမိဳ႔ေလးကုိသြားလည္ပါ။ တတိယရက္ကုိ Red Beach ၊စတုတၳရက္ကုိ ၀ုိင္ျမည္းစမ္းၾကည့္ပါ။ေနာက္ဆံုးရက္ကုိေတာ့ ဆန္တိုရီနီမီးေတာင္ကုိသြားလည္ပါတဲ႔။ဒါကေတာ့ အဓိကလည္ပတ္သင့္တဲ႔ေနရာေတြေပါ့ေနာ္။ တစ္ျခားကုိယ္လည္ခ်င္တဲ႔ေနရာေလးေတြရွိရင္လည္းသြားေရာက္လည္ပတ္နုိင္ေအာင္အစီအစဥ္ေလးေတြဆဲြထားဖုိ႔မေမ့ပါနဲ႔။

တည္းခိုမယ္
ဒါကအေပၚမွာေျပာခဲ႔သလုိပါပဲ။Oia မွာပဲတည္းမလား Fira မွာပဲတည္းမလား။ဒါမွမဟုတ္ ေစ်းႏႈန္းသင့္တင့္တဲ႔ဟုိတယ္ေတြ၊တစ္ခန္းခ်င္းအနားယူလို႔ရတဲ႔ဘတ္ဂ်က္အေဆာက္အဦးေတြ မွာပဲတည္းမလားေပါ့။Firostefani နဲ႔ Imerovigli ျမိဳ႔ေလးမွာလည္း ဟုိတယ္ေတြ ၊ဗီလာေလးေတြ ရွိပါတယ္။တည္းခိုဖုိ႔ကေတာ့ ကုိယ့္ရဲ႔ဘတ္ဂ်က္နဲ႔ညိွျပီးေတာ့တည္းခုိရမွာျဖစ္လုိ႔ ကုိယ္ေနခ်င္တဲ႔ေနရာ၊ကုိယ္ျမင္ခ်င္တဲ႔ရႈခင္းပတ္၀န္းက်င္နဲ႔အဆင္ေျပေအာင္ေရြးခ်ယ္ဖု႔ိပဲ လိုပါတယ္။Oia နဲ႔ Imerovigli ျမိဳ႔ေလးေတြကေတာ့ ရုိမန္တစ္ျမိဳ႔ေလးေတြပါတဲ႔။လွပျပီး ခ်စ္စရာေကာင္း တဲ႔ျမိဳ႔ေလးေတြလို႔ေျပာခ်င္တာပါ။ရႈခင္းေတြလည္းပုိျပီးလွပါတယ္။ အေကာင္းဆံုးေစ်း၀ယ္ထြက္ႏုိင္တဲ႔ျမိဳ႔ကေတာ့ Fira ျမိဳ႔ေလးပါ။ဟန္းနီးမြန္းခရီးစဥ္ဆုိရင္ Imerovigli ျမိဳ႔ေလးက တိတ္ဆိတ္ျပီးေအးခ်မ္းပါတယ္။Fira နဲ႔ Oia ျမိဳ႔ေလးေတြကုိလည္း
ေရြးခ်ယ္ႏုိင္ပါတယ္။

ဘယ္အခိ်န္ေတြသြားမလဲ?
ဇူလုိင္နဲ႔ၾသဂုတ္မွာေတာ့ ေစ်းလည္းျမင့္တဲ႔အျပင္ ဟိုတယ္ေတြ၊အခန္းေတြ၊ကမ္းေျခေတြမွာ ခရီးသြားေတြနဲ႔ျပည့္ေနတတ္ပါတယ္။ဧျပီ၊ေမနဲ႔ဇြန္လအေစာပုိင္းေတြက ေႏြဦးရာသီျဖစ္လို႔ ေနထုိင္ရေကာင္းသလုိ သြားလာရတာလည္းေကာင္းပါတယ္။စက္တင္ဘာေႏွာင္းပုိင္း နဲ႔ေအာက္တုိဘာလေတြ ဆုိရင္လည္း ေဆာင္းအခ်ိန္ကာလျဖစ္လို႔ ဆန္တုိရီနီကုိသြားဖုိ႔ အေကာင္းဆံုးအခ်ိန္ပါ။ၾကားကာလေတြကေတာ့  ပူျပင္းတဲ႔ေႏြရာသီကာလျဖစ္သလုိ လူမ်ားေစ်းမ်ားတဲ့ကာလျဖစ္လို႔ဆန္တိုရီနီသြားမယ္ဆုိရင္ အခ်ိန္ကာလေလးပါ ထည့္တြက္ျပီးသြားေရာက္လည္ပတ္ပါလို႔ အၾကံျပဳလိုက္ပါတယ္။

Unicode

ဆန်တိုရီနီကျွန်းလို့ပြောလိုက်ရင် မသွားချင်တဲ့သူမရှိလောက်အောင်ရင်သပ်ရှုမော ဖွယ်ရာအလှအပတွေ နဲ့ဆွဲဆောင်ထားနိုင်တဲ့နေရာတစ်ခုဆိုတာအားလုံးသိကြမှာပါ။ ဒီလို ဂရိကျွန်းဆွယ်တွေရဲ ့အလှဘုရင်မ ဆန်တိုရီနီကျွန်းကို နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁.၅သန်းကျော်လည်ပတ်လေ့ရှိပါတယ်။ခရီးသွားရတာနှစ်သက်တဲ့သူတွေရဲ ့Bucket list ထဲမှာဆန်တိုရီနီကမပါမဖြစ်ပါပဲ။အရောင်စုံနဲ့ကျွန်းဆွယ်ကျောက်ဆောင်တွေ၊လှပခန့်ညားတဲ့အဆောက်အဦးတွေ၊တစ်နေကုန်ထိုင်ကြည့်ရင်တောင်မဝတဲ့နေဝင်ချိန်တွေ၊မျက်စိတစ်ဆုံးလှပနေတဲ့ပင်လယ်ကမ်းခြေရဲ ့အလှတွေ၊လှပမှုအပေါင်းသရဖူဆောငး်တဲ့ဆန်တိုရီနီကျွန်းကိုပထမဆုံး အကြိမ်သွားလည်မယ်ဆိုရင် ဒါလေးတွေမှတ်ထားဖို့အကြံပြုလိုပါတယ်။

ဆန်တိုရီနီကျွန်းကို ပထမဆုံးသွားမယ့်ခရီးသွားတစ်ယောက်ဖြစ်တယ်ဆိုရင် ဘာတွေသိထားရမလဲဆိုတော့…

*ဆန်တိုရီနီကျွန်းမှာ ဘာတွေလုပ်နိုင်လဲ*

လမ်းလျှောက်ပြီးလည်မယ်လမ်းလျှောက်ရတာနှစ်သက်တဲ့သူတွေ အတွက်တော့ caldera ကျောက်စွန်းကို သွားရောက်လည်ပတ်ပြီး ရှုခင်းကို ကြည့်ရှုခံစားနိုင်ပါတယ်။Fira မြို့လေးမှာ လည်ပတ်သွားလာနိုင်သလို လမ်းဆက်လျှောက်မယ်ဆိုရင် Oia ရွာလေးကို ရောက်ပါလိမ့်မယ်။ဒါပေမဲ့ အဲ့ဒီကိုသွားမယ်ဆိုရင်တော့အချိန်သီးသန့်ပေးဖို့ လိုအပ်ပါတယ်။Caldera ကျောက်စွန်းကနေ Oia ထိလမ်းလျှောက်လည်ပတ်မယ်ဆိုရင် သုံးလေးနာရီဝန်းကျင်ရှိတဲ့အတွက်အချိန်တစ်ရက်သီးသန့်ပေးပြီးလည်ပတ်နိုင်ရင်အကောင်းဆုံးပါ။

ဝိုင်မြည်းမယ်ဆန်တိုရီနီကျွန်းကိုရောက်ပြီဆိုရင် ဝိုင်အရသာလေးတွေမြည်းစမ်းကြည့်ဖို့တော့လိုတာပေါ့နော်။ ဆန်တိုရီနီရဲ ့Vinsanto စပျစ်ဝိုင်က ဆန်တိုရီနီဆိုရင် Vinsanto ဝိုင်ကိုယှဉ်တွဲပြီးမြင်ရလောက်တဲ့ အထိနာမည်ကျော်ကြားပါတယ်။မီးတောင်မြေဆွေးကစပျစ်ပင်စိုက်ပျိုးဖို့အကောင်းဆုံးမြေဖြစ်တာကြောင့် ဆန်တိုရီနီကထွက်တဲ့ဝိုင်ရဲ ့အရသာကဘာမှတောင်ပြောစရာလိုမယ်မထင်ပါဘူး။ စပျစ်သီးနဲ့ချက်လုပ် ထားတဲ့တစ်ခြားဝိုင်အမျိုးအစားတွေလည်းအများကြီးရှိတဲ့အတွက် ဘယ်ဝိုင်ကအကောင်းဆုံးလဲဆိုတာ မြည်းစမ်းကြည့်ခဲ့ကြနော်။တစ်ခါတည်း အများကြီးမသောက်မိဖို့တော့ သတိထားသင့်ပါတယ်။

နေဝင်ချိန်ကြည့်မယ််
ဆန်တိုရီနီကျွန်းရဲ ့အနေအထားအရ၊အဆောက်အဦးတွေနေရာချတည်ဆောက်ထားပုံအရ နေဝင်ချိန်ဆိုတာ ဘယ်နေရာကနေကြည့်ကြည့် အလှဆုံးမြင်တွေ့နိုင်ပေမဲ့ ခရီးသွားတွေ အကြိုက်ဆုံးနေဝင်ချိန်ကြည့်တဲ့နေရာက Oia ရွာလေးမှာပါ။အဲ့ဒီနေရာက ခရီးသွားအများ စုခြေချကြတဲ့နေရာပဲဖြစ်ပါတယ်။အလှပဆုံးနေဝင်ဆည်းဆာချိန်ကိုမြင်ဖူးချင်တယ်၊ဆန်တိုရီနီကိုလည်းရောက်နေတယ်ဆိုရင်တော့ Oia ရွာလေးကနေ နေဝင်ချိန်ကိုကြည့်ဖြစ်အောင် ကြည့်ခဲ့ဖို့တိုက်တွန်းချင်ပါတယ်။

ရေကူးမယ်
ကိုယ်တည်းခိုတဲ့နေရာအလိုက်တော့ ရေကူးတာကလည်းကွာသွားနိုင်ပါတယ်။ ဟိုတယ်မှာပဲတည်းမလား ၊ဒါမှမဟုတ် သီးသန့်တည်းခိုအိမ်လေးတွေမှာတည်းမလားပေါ့။ ဆန်တိုရီနီသွားမှတော့ဇိမ်အပြည့်ယူမှာလို့တွေးထားခဲ့ရင် သီးသန့်အဆောက်အဦး
တည်းခိုအိမ်လေးတွေမှာတည်းပြီး ဝိုင်လေးသောက်ရင်း ရေကူးအပန်းဖြေပါလို့။

လည်ပတ်မယ်
တစ်ခြားနေရာတွေကိုသွားပြီးလည်ပတ်ချင်တယ်ဆိုရင် အဲ့ဒီမှာကူညီပေးမယ့် အေဂျင်စီတွေလည်း ရှိပါတယ်။ကိုယ်က ကိုယ့်ခရီးသွားလမ်းညွှန်နဲ့လာတာဆိုရင်တော့ သူနဲ့အတူ နာမည်ကြီးနေရာတွေကိုသွားရောက်လည်ပတ်လိုက်ရုံပါပဲ။နာမည်ကြီးကမ်းခြေတွေ၊မီးတောင်တွေကို တဝကြီးလည်ပတ်ခဲ့ကြပါ။တကယ်လို့ငါးရက်တာလည်ပတ်ဖို့စဉ်းစားထားတယ်ဆိုရင် ပထမတစ်ရက်ကို Oia မှာလည်ပတ်ပါ။ဒုတိယရက်ကို Akrotiri မြို့လေးကိုသွားလည်ပါ။ တတိယရက်ကို Red Beach ၊စတုတ္ထရက်ကို ဝိုင်မြည်းစမ်းကြည့်ပါ။နောက်ဆုံးရက်ကိုတော့ ဆန်တိုရီနီမီးတောင်ကိုသွားလည်ပါတဲ့။ဒါကတော့ အဓိကလည်ပတ်သင့်တဲ့နေရာတွေပေါ့နော်။ တစ်ခြားကိုယ်လည်ချင်တဲ့နေရာလေးတွေရှိရင်လည်းသွားရောက်လည်ပတ်နိုင်အောင်အစီအစဉ်လေးတွေဆွဲထားဖို့မမေ့ပါနဲ့။

တည်းခိုမယ်
ဒါကအပေါ်မှာပြောခဲ့သလိုပါပဲ။Oia မှာပဲတည်းမလား Fira မှာပဲတည်းမလား။ဒါမှမဟုတ် စျေးနှုန်းသင့်တင့်တဲ့ဟိုတယ်တွေ၊တစ်ခန်းချင်းအနားယူလို့ရတဲ့ဘတ်ဂျက်အဆောက်အဦးတွေ မှာပဲတည်းမလားပေါ့။Firostefani နဲ့ Imerovigli မြို့လေးမှာလည်း ဟိုတယ်တွေ ၊ဗီလာလေးတွေ ရှိပါတယ်။တည်းခိုဖို့ကတော့ ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ညှိပြီးတော့တည်းခိုရမှာဖြစ်လို့ ကိုယ်နေချင်တဲ့နေရာ၊ကိုယ်မြင်ချင်တဲ့ရှုခင်းပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်ရွေးချယ်ဖို့ပဲ လိုပါတယ်။Oia နဲ့ Imerovigli မြို့လေးတွေကတော့ ရိုမန်တစ်မြို့လေးတွေပါတဲ့။လှပပြီး ချစ်စရာကောင်း တဲ့မြို့လေးတွေလို့ပြောချင်တာပါ။ရှုခင်းတွေလည်းပိုပြီးလှပါတယ်။ အကောင်းဆုံးစျေးဝယ်ထွက်နိုင်တဲ့မြို့ကတော့ Fira မြို့လေးပါ။ဟန်းနီးမွန်းခရီးစဉ်ဆိုရင် Imerovigli မြို့လေးက တိတ်ဆိတ်ပြီးအေးချမ်းပါတယ်။Fira နဲ့ Oia မြို့လေးတွေကိုလည်း
ရွေးချယ်နိုင်ပါတယ်။

ဘယ်အချိန်တွေသွားမလဲ?
ဇူလိုင်နဲ့သြဂုတ်မှာတော့ စျေးလည်းမြင့်တဲ့အပြင် ဟိုတယ်တွေ၊အခန်းတွေ၊ကမ်းခြေတွေမှာ ခရီးသွားတွေနဲ့ပြည့်နေတတ်ပါတယ်။ဧပြီ၊မေနဲ့ဇွန်လအစောပိုင်းတွေက နွေဦးရာသီဖြစ်လို့ နေထိုင်ရကောင်းသလို သွားလာရတာလည်းကောင်းပါတယ်။စက်တင်ဘာနှောင်းပိုင်း နဲ့အောက်တိုဘာလတွေ ဆိုရင်လည်း ဆောင်းအချိန်ကာလဖြစ်လို့ ဆန်တိုရီနီကိုသွားဖို့ အကောင်းဆုံးအချိန်ပါ။ကြားကာလတွေကတော့ ပူပြင်းတဲ့နွေရာသီကာလဖြစ်သလို လူများစျေးများတဲ့ကာလဖြစ်လို့ဆန်တိုရီနီသွားမယ်ဆိုရင် အချိန်ကာလလေးပါ ထည့်တွက်ပြီးသွားရောက်လည်ပတ်ပါလို့ အကြံပြုလိုက်ပါတယ်။

 

172 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.