သဘာဝဆန်တဲ့မိတ်ကပ်အပြင်အဆင်လွှမ်းမိုးစေခဲ့တဲ့သူတို့သုံးယောက်ရဲ့  မိတ်ကပ်ခြယ်သမှုအကြောင်း
Park Shin-hye – ‘Doctors’
Unicode
ကိုရီးယားလူမျိုးတွေရဲ ့သဘာဝဆန်တဲ့မိတ်ကပ်အပြင်အဆင်ဟာ ကမ္ဘာတစ်ဝန်းက မိန်းကလေးတွေကို ဆွဲဆောင်ထားနိုင်ခဲ့တာအတော်ကြာပါပြီ။အထူးသဖြင့် နာမည်ကျော် မင်းသမီးချော Song Hye Kyo ရဲ ့ ‘Descendants of the Sun’ ဇာတ်ကားထဲက
သဘာဝဆန်ဆန်လှပတဲ့မိတ်ကပ်အပြင်အဆင်၊‘Weightlifting Fairy Kim Bok-joo’ ဇာတ်ကားထဲက မင်းသမီး Lee Sung-kyung ရဲ ့မိတ်ကပ်ပြင်ထားပေမဲ့ မသိသာစေပဲ သဘာဝအတိုင်းလှပနေတဲ့မိတ်ကပ်ခြယ်သမှု၊ ‘Doctors’ ဇာတ်လမ်းတွဲထဲက Park Shin Hye ရဲ ့ကလေးလေးလိုဖြူစင်လှပတဲ့မိတ်ကပ်အပြင်အဆင်တွေက မိန်းကလေးတွေရဲ ့စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။
အာရှနိုင်ငံတွေရဲ ့ရာသီဥတုအခြေအနေကြောင့်ရော၊မိတ်ကပ်သားထူရင် မကြိုက်တဲ့ပျိုမေတွေ အားလုံးက ကိုရီးယားမင်းသမီးတွေလိုကြည်လင်တောက်ပပြီး မိတ်ကပ်လိမ်းထားမှန်း မသိသာစေတဲ့ သဘာဝဆန်ဆန်မိတ်ကပ်လိမ်းခြယ်မှုကို ပိုပြီးသဘောကျကြပါတယ်။အခုနောက်
ပိုင်းမှာ မိတ်ကပ်ကျူတိုရီရယ်တွေလည်း ပေါ်ထွက်လာပြီးဒီလိုကိုရီးယားမိတ်ကပ်အပြင်အဆင်တွေ ကို မျှဝေလာကြပါတယ်။ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သုံးစွဲတဲ့မိတ်ကပ်အမျိုးအစားကတော့ မတူညီနိုင်ပါဘူး။အဲ့ဒါကြောင့် သဘာဝဆန်တဲ့မိတ်ကပ်အပြင်အဆင်မျိုးရချင်ပေမဲ့ အနည်းငယ် လွဲချော်နေတာတွေရှိတတ်ပါတယ်။ဒါကြောင့်မို့လို့ နာမည်ကျော်မင်းသမီးသုံးယောက် ဇာတ်လမ်းတွဲအတွက် ပြင်ဆင်ခြယ်သတဲ့မိတ်ကပ်လိမ်းခြယ်မှုတွေ၊သုံးစွဲတဲ့မိတ်ကပ် အမျိုးအစားတွေကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။
Song Hye-kyo – ‘Descendants of the Sun’
ဒီဇာတ်ကားထဲမှာ သူမရဲ ့မိတ်ကပ်လိမ်းခြယ်မှုက အတော်လေးရေပန်းစားခဲ့တာပါ။နဂိုကတည်းက မိတ်ကပ်သားထူထူမကြိုက်တဲ့ Song Hye Kyo တစ်ယောက် ဒီဇာတ်လမ်းတွဲထဲမှာ သူမသုံးစွဲခဲ့တဲ့ မိတ်ကပ်ပစ္စည်းတွေကတော့…Laneige BB Cushion Pore Control (No.21 Natural Beige) ၊Gigi Hadid Eyeshadow Palette ၊ IOPE Perfect Defining Eyeliner ၊ Lancome Blush Subtil ၊Laneige Two Tone Lip Bar (#14 Dear Pink) စတဲ့အမျိုးအစားတွေပါပဲ။
Lee Sung-kyung – ‘Weightlifting Fairy Kim Bok-joo’
ဒီဇာတ်ကားထဲမှာဆိုရင် မင်းသမီးတစ်ယောက်မိတ်ကပ်မလိမ်းထားဘူးထင်ရလောက်အောင် သဘာဝဆန်တဲ့မိတ်ကပ်ပြင်ဆင်မှုကိုသတိထားမိမှာပါ။ဒီဇာတ်လမ်းတွဲအတွက် သူမအသုံးပြုခဲ့တဲ့မိတ်ကပ်ပစ္စည်းတွေကတော့ Urban Decay Naked Skin Liquid ၊ Laneige Two Tone Lip Bar (#04 Milk Blurring and #05 Daring Darling) ၊
Gigi Hadid Eyeshadow Palette ၊ Nars Dual Intensity Blush (Adoration) 6G ၊
Laneige Water Bank Moisture Cream တွေပဲဖြစ်ပါတယ်။မင်းသမီးချော Song Hye Kyo နဲ့မိတ်ကပ်ပစ္စည်းသုံးစွဲပုံချင်းသိပ်မကွာပါဘူးနော်။
Park Shin-hye – ‘Doctors’
ဒီထဲမှာတော့ ကလေးဆန်တဲ့ဆံပင်ပုံစံလေးနဲ့လိုက်ဖက်တဲ့ ချစ်စဖွယ်မိတ်ကပ်အပြင်အဆင် လေးကိုမြင်တွေ့ရမှာပါ။Park Shin Hye ကိုချစ်စဖွယ်မျက်နှာလေးဖြစ်စေခဲ့တဲ့ မိတ်ကပ်ပစ္စည်းတွေကတော့ Mamonde Highlight Lip Tint (#06 Pin Spot) ၊ PERIPERA Cushion Pang Tint ၊Nars Velvet Matte Lip Pencil ၊ Clinique Even Better Powder Makeup Water Veil SPF 27 ၊ Bobbi Brown Perfectly Defined Gel Eyeliner ၊Anastasia Beverly Hills Subculture Eyeshadow Palette နဲ့ Clio Hitch Eye-King Mascara တို့ပဲဖြစ်ပါတယ်တဲ့။
နေ့တိုင်းမိတ်ကပ်လိမ်းနေရလို့ အသားအရည်ပျက်စီးမှုမဖြစ်အောင်မျက်နှာပေါင်းတင်ကပ် ခွာလေးတွေကို သုံးပေးလေ့ရှိပါတယ်တဲ့။ဒါက သူတို့ကိုသဘာဝဆန်လှပတဲ့မျက်နှာလေးဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။
စာဖတ်သူ ပျိုမေတွေကို အကြံပြုချင်တာကတော့ နေ့တိုင်းမိတ်ကပ်တွေလိမ်းနေရတယ်ဆိုရင် အားလပ်ရက်မှာပဲဖြစ်ဖြစ် အသားအရည်ကိုရေဓာတ်ပြန်ဖြည့်ပေးနိုင်တဲ့အသီးအနှံလေးတွေ၊ မျက်နှာပေါင်းတင်ကပ်ခွာလေးတွေသုံးပေးဖို့ပါ။မျက်နှာအတွင်းပိုင်းကဆဲလ်တွေအညစ်အကြေးကင်းပြီးသန့်စင်နေတဲ့အခါမျက်နှာလေးကကြည်တောက်လာပါလိမ့်မယ်။အတွင်းပိုင်းထိအာဟာရဖြည့်ပေးနိုင်မယ့် အသားအရည်ထိန်းသိမ်းမှုတွေလုပ်မယ်ဆိုရင် နာမည်ကျော်တံဆိပ်မိတ်ကပ် အမျိုးအစားတွေမသုံးရင်တောင် မျက်နှာလေးက ကြည်လင်ရွှန်းစိုပြီး ဘယ်လိုမိတ်ကပ်မျိုးနဲ့ မဆိုလိုက်ဖက်လှပနေပါလိမ့်မယ်။
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.