တရုတ္ႏုိင္ငံပရိသတ္ေတြက Yoona ရဲ႔ေမြးေန႔အမွတ္တရအျဖစ္ သူမရဲ႔နာမည္နဲ႔စာသင္ေက်ာင္းတစ္ခုတည္ေဆာက္ခဲ႔

Hello ေကေပါ့ပ္ပရိသတ္ၾကီးေရ…ေမလ ၃၀ရက္ေန႔က နာမည္ေက်ာ္အဆုိေတာ္ တစ္ေယာက္ ျဖစ္သလုိ သရုပ္ေဆာင္ေလာကနဲ႔လည္းမစိမ္းသူေလးYoona ရဲ႔ေမြးေန႔ျဖစ္ပါတယ္တဲ႔။ အသက္ ၂၈ႏွစ္ျပည့္ေမြးေန႔ေလးျဖစ္ျပီး သူမရဲ ႔ေမြးေန႔မွာပရိသတ္ေတြကလက္ေဆာင္ေတြမ်ားစြာေပးခဲ႔ ၊ေမြးေန႔ဆုေတာင္းေတြ မ်ားစြာေျပာခဲ႔ၾကပါတယ္။ပရိသတ္ေတြထဲကမွ ထူးထူးျခားျခား တရုတ္ႏုိင္ငံက ပရိသတ္ေတြက Yoona ရဲ ႔ေမြးေန႔အမွတ္တရအျဖစ္ စာသင္ေက်ာင္းတစ္ခု ကုိသူမရဲ ႔နာမည္နဲ႔ေဆာက္လုပ္ဖုိ႔စီစဥ္ခဲ႔တယ္လို႔သိရပါတယ္။

Yoona ရဲ ႔Fansite တစ္ခုျဖစ္တဲ႔ Yoonaya ပရိသတ္အုပ္စုက ဒီပေရာဂ်က္ကိုဦးေဆာင္ေန တာျဖစ္ျပီး ယူနန္ျပည္နယ္ရဲ ႔အေနာက္ေတာင္ဘက္ပုိင္းမွာေက်ာင္းေဆာက္လုပ္ေန တာျဖစ္ပါတယ္။ ေက်ာင္းရဲ ႔နာမည္ကုိလည္း “Yoona Lim Primary School of Hope” လို႔နာမည္ေပးထားေၾကာင္းသိရပါတယ္။အခုလက္ရွိမွာေတာ့ အဓိကစာသင္ေဆာင္ ေဆာက္လုပ္ ျပီးစီးသြားျပီး ေဒသခံတာ၀န္ရွိသူေတြရဲ႔ ခြင့္ျပဳမိန္႔ကုိေစာင့္ဆုိင္းေနၾကပါတယ္။ဒီလုိ စာသင္ေက်ာင္းၾကီးအျပင္ Yoona ရဲ ႔တရုတ္လူမ်ိဳးပရိသတ္ေတြက ေက်ာင္းတက္ဖုိ႔ အခက္အခဲျဖစ္ေနတဲ႔ေက်ာင္းသားေလးေတြကုိိပါေထာက္ပံ႔မႈေတြလုပ္သြားဖုိ႔စီစဥ္ထားၾကပါတယ္တဲ႔။ဘယ္လိုေတာင္ ခ်စ္ၾကတာလဲေနာ္ <3

တရုတ္နုိင္ငံကပရိသတ္ေတြသာမက ကမာၻတစ္၀န္းလံုးက Yoona ရဲ ႔ပရိသတ္ေတြက သူတို႔ရဲ ႔လွဴဒါန္းမႈ၊ကူညီမႈအားလံုးကုိ Yoona ရဲ ႔နာမည္နဲ႔သာ လွဴဒါန္းခဲ႔ျပီးေမြးေန႔အမွတ္တရ ျဖစ္ေစခဲ႔ပါတယ္။အိမ္ေျခရာမဲ့သူေတြကုိထမင္းဟင္းေတြခ်က္ျပဳတ္ေကြ်းေမြးတာ၊တိရစာၦန္ေလးေတြေဘးမဲ႔လႊတ္တာ၊လူမႈအဖြဲ႔အစည္းေတြကုိ ေငြေၾကးလွဴဒါန္းတာစတဲ႔အလွဴမ်ားစြာကုိ သူတုိ႔ခ်စ္တဲ႔အဆိုေတာ္မေလး Yoona နာမည္နဲ႔လုပ္ေပးခဲ႔တာျဖစ္တယ္လို႔သိရပါတယ္။

ေမြးေန႔ကစလို႔ ေပ်ာ္ရႊင္မႈအေပါင္းပုိင္ဆုိင္ရပါေစကြယ္…<3

Unicode

Hello ကေပေါ့ပ်ပရိသတ်ကြီးရေ…မေလ ၃ဝရက်နေ့က နာမည်ကျော်အဆိုတော် တစ်ယောက် ဖြစ်သလို သရုပ်ဆောင်လောကနဲ့လည်းမစိမ်းသူလေးYoona ရဲ့မွေးနေ့ဖြစ်ပါတယ်တဲ့။ အသက် ၂၈နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး သူမရဲ ့မွေးနေ့မှာပရိသတ်တွေကလက်ဆောင်တွေ ၊မွေးနေ့ဆုတောင်းတွေများစွာပြောခဲ့ကြပါတယ်။ပရိသတ်တွေထဲကမှ ထူးထူးခြားခြား တရုတ်နိုင်ငံက ပရိသတ်တွေက Yoona ရဲ ့မွေးနေ့အမှတ်တရအဖြစ် စာသင်ကျောင်းတစ်ခု ကိုသူမရဲ ့နာမည်နဲ့ဆောက်လုပ်ဖို့စီစဉ်ခဲ့တယ်လို့သိရပါတယ်။

Yoona ရဲ ့Fansite တစ်ခုဖြစ်တဲ့ Yoonaya ပရိသတ်အုပ်စုက ဒီပရောဂျက်ကိုဦးဆောင်နေ တာဖြစ်ပြီး ယူနန်ပြည်နယ်ရဲ ့အနောက်တောင်ဘက်ပိုင်းမှာကျောင်းဆောက်လုပ်နေ တာဖြစ်ပါတယ်။ ကျောင်းရဲ ့နာမည်ကိုလည်း “Yoona Lim Primary School of Hope” လို့နာမည်ပေးထားကြောင်းသိရပါတယ်။အခုလက်ရှိမှာတော့ အဓိကစာသင်ဆောင် ဆောက်လုပ် ပြီးစီးသွားပြီး ဒေသခံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုမိန့်ကိုစောင့်ဆိုင်းနေကြပါတယ်။ဒီလို စာသင်ကျောင်းကြီးအပြင် Yoona ရဲ ့တရုတ်လူမျိုးပရိသတ်တွေက ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ကျောင်းသားလေးတွေကိုိပါထောက်ပံ့မှုတွေလုပ်သွားဖို့စီစဉ်ထားကြပါတယ်တဲ့။ဘယ်လိုတောင် ချစ်ကြတာလဲနော် <3

တရုတ်နိုင်ငံကပရိသတ်တွေသာမက ကမ္ဘာတစ်ဝန်းလုံးက Yoona ရဲ ့ပရိသတ်တွေက သူတို့ရဲ ့လှူဒါန်းမှု၊ကူညီမှုအားလုံးကို Yoona ရဲ ့နာမည်နဲ့သာ လှူဒါန်းခဲ့ပြီးမွေးနေ့အမှတ်တရ ဖြစ်စေခဲ့ပါတယ်။အိမ်ခြေရာမဲ့သူတွေကိုထမင်းဟင်းတွေချက်ပြုတ်ကျွေးမွေးတာ၊တိရစ္ဆာန်လေးတွေဘေးမဲ့လွှတ်တာ၊လူမှုအဖွဲ့အစည်းတွေကို ငွေကြေးလှူဒါန်းတာစတဲ့အလှူများစွာကို သူတို့ချစ်တဲ့အဆိုတော်မလေး Yoona နာမည်နဲ့လုပ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မွေးနေ့ကစလို့ ပျော်ရွှင်မှုအပေါင်းပိုင်ဆိုင်ရပါစေကွယ်…<3

456 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.