သိပ္ေျကာက္စရာေကာင္းတဲ႔Depression ျကီးရန္ကကင္းလြတ္ေအာင္

လူတိုင္းဟာျပီးျပည္႕စံုရယ္ေတာ႔မရွိျကေပမဲ႔ဒီလုိမျပည္႔စံုမႈေတြအားနည္းခ်က္ေတြကို ကိုယ္႔ဘာသာလက္သင္႔ခံနုိင္တဲ႔ လူေတြရွိျကသလို ကိုယ္႔ဘ၀ရဲ႕အေမွာင္ရိပ္ေတြကို အားနည္းခ်က္ေတြနဲ႕ပတ္သတ္ျပီး ထိုင္ေတြးထိုင္စဥ္းစားရင္း Depression ေတြ၀င္ရင္းကေန တစ္ျဖည္းျဖည္းျကီးမားတဲ႔စိတ္ဒဏ္ရာေတြရလာတတ္ျကပါတယ္။ ဆိုေတာ႔လူေတာ္ေတာ္မ်ားမ်ားရဲ႕ ဘ၀ျကီးနဲ႕အခ်ိန္ေတြကိုဖ်က္စီးေနတဲ႔ Depression ျကီး ရန္ကကင္းလြတ္ေအာင္ဘယ္လုိေနထိုင္သင္႔သလဲ(သို႕) Depression၀င္ေနတဲ႔သူေတြကိုယ္႔ပတ္၀န္းက်င္မွာရွိတယ္ဆိုရင္ဒီအခ်က္ေလးေတြကိုသိေအာင္ေျပာျပေပးနိုင္ဖုိ႕…
(၁) ဘယ္အရာနဲ႕ပတ္သတ္ျပီးDepression ၀င္ေနတယ္ဆိုတာဦးစြာသိပါေစ
ကိုယ္စိတ္ခံစားမႈျပင္းထန္ေနတဲ႔အရာဟာ ဘယ္ရာေျကာင္႔ဆိုတာကိုအရင္ဆံုးသိေအာင္လုပ္ပါ။ ရႈပ္ေထြးေနတဲ႔စိတ္ခံစားခ်က္ျကီးကို အရင္ဆံုးဘာေျကာင္႔ဆိုတာကို ခြဲထုတ္အေျဖရွာျကည္႔ဖုိ႕လုိပါတယ္။
(၂) ေျဖရွင္းဖုိ႕နည္းလမ္းကိုရွာေဖြပါ
ဘာေျကာင္႔ဒီလုိျဖစ္ေနရတယ္ဆိုတဲ႔ အေျကာင္းအရာတစ္ခုကိုသိသြားျပီဆိုရင္ေတာ႔ ကိုယ္အခုခံစားေနရတဲ႔ခံစားခ်က္ေတြကို အားအင္ေတြအျဖစ္ေျပာင္းလဲယူျပီး စိတ္ညစ္မေနပဲ ဘယ္လုိအေကာင္းဆံုးေျဖရွင္းလို႕ရသလဲဆိုတာကိုေတြးေတာစဥ္းစားျပီး ေျဖရွင္းရမဲ႔နည္းလမ္းေကာင္းေတြကိုရွာေဖြပါ။
(၃) လႈပ္ရွားမႈမ်ားမ်ားလုပ္ပါ
Depression ၀င္ေနတဲ႔အခိ်န္မွာလုပ္သင္႔လုပ္ထုိက္ဆံုးအရာတစ္ခုက လႈပ္ရွားမႈပါပဲ ။ ျငိမ္ေနေလ ပိုျပီး Depression ၀င္ေလျဖစ္ေစတာမလို႕ အားကစားတစ္ခုကိုပံုမွန္လုပ္ေပးတာမ်ိဳးပဲျဖစ္ျဖစ္ လုပ္ေပးသင္႔ပါတယ္။
(၄) ကိုယ္႔ကိုျကည္နူးေပ်ာ္ရႊင္ေစမဲ႔အရာေတြလုပ္ပါ
ကိုယ္႔စိတ္ကိုကိုယ္အမွန္တိုင္းျပန္ေမးျပီး ဘယ္အရာေတြကို တကယ္တမ္းကိုယ္လုပ္ရရင္ေပ်ာ္ရႊင္နုိင္သလဲဆိုတာစဥ္းစားျပီး ကုိယ္လုပ္ခ်င္တာေတြစိတ္၀င္စားတာေတြကို ကိုယ္အမွန္တကယ္ေပ်ာ္ရႊင္ရမဲ့ဟာေတြကိုစိတ္လြတ္ကိုယ္လြတ္လုပ္ေဆာင္သင္႔႔ပါတယ္။
(၅) တရားထုိင္ပါ
တရားထိုင္ျခင္းဟာ ဘယ္ဘာသာဘယ္လူမ်ိဳးအတြက္မဆို သိပ္ကိုေကာင္းမြန္တဲ႔အေလ႔အထတစ္ခုပါပဲ။ စိတ္ကိုတည္ျငိမ္ေအးခ်မ္းေစျပီး အမွန္ကိုျမင္ကာစိတ္ဖိစီးမႈကိုေလ်ာ႔ခ်ေပးနုိင္တာေျကာင္႔Depression ၀င္ေနခ်ိန္မွာ တရားမွန္မွန္ထိုင္ေပးဖို႕ လုိပါတယ္။
(၆) ကိုယ္႔ကိုတန္ဖိုးထားတဲ႔သူေတြနားမွာ ေနပါ
Depression ၀င္ျကတဲ႔သူအမ်ားစုဟာ သူတုိ႕ကိုယ္သူတုိ႕တန္ဖိုးမရွိတဲ႔သူေတြလို႕ထင္မွတ္တတ္ျကတာပါ။ ဆိုေတာ႔ ကိုယ္႔ကိုတန္ဖိုးထားဆက္ဆံတဲ႔သူမ်ိဳးေတြ၊ ကိုယ္႔ကို တကယ္ျကီးလုိအပ္ေနတဲ႔ သူမ်ိဳးေတြ ကိုယ္႔အေပၚေမတၱာစစ္ေတြေပးနုိင္ျပီး ကိုယ္႔ဆီကေမတၱာေတြကိုေတာင္းတေနသူေတြနားမွာေနေပးပါ။
ဒီလိုေနေပးျခင္းဟာ ကိုယ္႔တန္ဖိုးကိုကိုယ္တိုင္နားလည္လာျပီးစိတ္ခြန္အားျဖစ္ေစတာမို႕Depression ၀င္တာေတြေလ်ာ႕က်သြားနုိင္ပါတယ္။

Unicode

လူတိုင်းဟာပြီးပြည့်စုံရယ်တော့မရှိကြပေမဲ့ဒီလိုမပြည့်စုံမှုတွေအားနည်းချက်တွေကို ကိုယ့်ဘာသာလက်သင့်ခံနိုင်တဲ့ လူတွေရှိကြသလို ကိုယ့်ဘဝရဲ့အမှောင်ရိပ်တွေကို အားနည်းချက်တွေနဲ့ပတ်သတ်ပြီး ထိုင်တွေးထိုင်စဉ်းစားရင်း Depression တွေဝင်ရင်းကနေ တစ်ဖြည်းဖြည်းကြီးမားတဲ့စိတ်ဒဏ်ရာတွေရလာတတ်ကြပါတယ်။ ဆိုတော့လူတော်တော်များများရဲ့ ဘဝကြီးနဲ့အချိန်တွေကိုဖျက်စီးနေတဲ့ Depression ကြီး ရန်ကကင်းလွတ်အောင်ဘယ်လိုနေထိုင်သင့်သလဲ(သို့) Depressionဝင်နေတဲ့သူတွေကိုယ့်ပတ်ဝန်းကျင်မှာရှိတယ်ဆိုရင်ဒီအချက်လေးတွေကိုသိအောင်ပြောပြပေးနိုင်ဖို့…
(၁) ဘယ်အရာနဲ့ပတ်သတ်ပြီးDepression ဝင်နေတယ်ဆိုတာဦးစွာသိပါစေ
ကိုယ်စိတ်ခံစားမှုပြင်းထန်နေတဲ့အရာဟာ ဘယ်ရာကြောင့်ဆိုတာကိုအရင်ဆုံးသိအောင်လုပ်ပါ။ ရှုပ်ထွေးနေတဲ့စိတ်ခံစားချက်ကြီးကို အရင်ဆုံးဘာကြောင့်ဆိုတာကို ခွဲထုတ်အဖြေရှာကြည့်ဖို့လိုပါတယ်။
(၂) ဖြေရှင်းဖို့နည်းလမ်းကိုရှာဖွေပါ
ဘာကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတဲ့ အကြောင်းအရာတစ်ခုကိုသိသွားပြီဆိုရင်တော့ ကိုယ်အခုခံစားနေရတဲ့ခံစားချက်တွေကို အားအင်တွေအဖြစ်ပြောင်းလဲယူပြီး စိတ်ညစ်မနေပဲ ဘယ်လိုအကောင်းဆုံးဖြေရှင်းလို့ရသလဲဆိုတာကိုတွေးတောစဉ်းစားပြီး ဖြေရှင်းရမဲ့နည်းလမ်းကောင်းတွေကိုရှာဖွေပါ။
(၃) လှုပ်ရှားမှုများများလုပ်ပါ
Depression ဝင်နေတဲ့အချိန်မှာလုပ်သင့်လုပ်ထိုက်ဆုံးအရာတစ်ခုက လှုပ်ရှားမှုပါပဲ ။ ငြိမ်နေလေ ပိုပြီး Depression ဝင်လေဖြစ်စေတာမလို့ အားကစားတစ်ခုကိုပုံမှန်လုပ်ပေးတာမျိုးပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
(၄) ကိုယ့်ကိုကြည်နူးပျော်ရွှင်စေမဲ့အရာတွေလုပ်ပါ
ကိုယ့်စိတ်ကိုကိုယ်အမှန်တိုင်းပြန်မေးပြီး ဘယ်အရာတွေကို တကယ်တမ်းကိုယ်လုပ်ရရင်ပျော်ရွှင်နိုင်သလဲဆိုတာစဉ်းစားပြီး ကိုယ်လုပ်ချင်တာတွေစိတ်ဝင်စားတာတွေကို ကိုယ်အမှန်တကယ်ပျော်ရွှင်ရမဲ့ဟာတွေကိုစိတ်လွတ်ကိုယ်လွတ်လုပ်ဆောင်သင့့်ပါတယ်။
(၅) တရားထိုင်ပါ
တရားထိုင်ခြင်းဟာ ဘယ်ဘာသာဘယ်လူမျိုးအတွက်မဆို သိပ်ကိုကောင်းမွန်တဲ့အလေ့အထတစ်ခုပါပဲ။ စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အမှန်ကိုမြင်ကာစိတ်ဖိစီးမှုကိုလျော့ချပေးနိုင်တာကြောင့်Depression ဝင်နေချိန်မှာ တရားမှန်မှန်ထိုင်ပေးဖို့ လိုပါတယ်။
(၆) ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနားမှာ နေပါ
Depression ဝင်ကြတဲ့သူအများစုဟာ သူတို့ကိုယ်သူတို့တန်ဖိုးမရှိတဲ့သူတွေလို့ထင်မှတ်တတ်ကြတာပါ။ ဆိုတော့ ကိုယ့်ကိုတန်ဖိုးထားဆက်ဆံတဲ့သူမျိုးတွေ၊ ကိုယ့်ကို တကယ်ကြီးလိုအပ်နေတဲ့ သူမျိုးတွေ ကိုယ့်အပေါ်မေတ္တာစစ်တွေပေးနိုင်ပြီး ကိုယ့်ဆီကမေတ္တာတွေကိုတောင်းတနေသူတွေနားမှာနေပေးပါ။
ဒီလိုနေပေးခြင်းဟာ ကိုယ့်တန်ဖိုးကိုကိုယ်တိုင်နားလည်လာပြီးစိတ်ခွန်အားဖြစ်စေတာမို့Depression ဝင်တာတွေလျော့ကျသွားနိုင်ပါတယ်။

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.