ဦးေနွာက္နဲ႕ဆံုးျဖတ္ျပီး အတည္တြဲမယ္လုိ႕ျကံကာမွတလြဲျဖစ္လာရတဲ႔အေျကာင္းရင္းေတြက

တစ္ခ်ိဳ႕ေသာသူေတြကလူငယ္ဘ၀ရဲ႕အစမွာေတာ႔စိတ္ေပါ႔ေပါ႔ပါ့းပါးနဲ႕တြဲလိုက္ျပတ္လိုက္ကိစၥေတြရွိခဲ႔ျကေပမဲ႔ နည္းနည္းက်င္႔က်က္တဲ႔အခ်ိန္တစ္ခုေရာက္လာတဲ႔အခါမွာေတာ႔ တစ္စံုတစ္ေယာက္ကိုအတည္တက်တြဲဖို႕စိတ္ကူးရွိလာတတ္ျကပါတယ္။ ဒီလိုအခ်ိန္အတည္ခ်စ္မယ္ျကံကာမွ မထင္မွတ္တဲ႔ကိစၥမ်ိဳးေတြေျကာင္႔တလြဲျဖစ္တတ္ျကပါတယ္။ ဆုိေတာ႔ အတည္ခ်စ္မယ္ျကံလုိက္ရင္တလြဲျဖစ္ရတဲ႔အေျကာင္းအရင္းေတြဘာေျကာင္႔လဲ…
(၁) အခ်ိန္ကာလျကာရွည္သြားလို႕
အခ်ိန္ေတာ္ေတ္ာျကာေအာင္ အေပ်ာ္ရည္စားေတြထား ျပတ္လုိက္ဆက္လုိက္နဲ႕အခ်စ္ေရးကို ခပ္ေပါ႔ေပါ႔ေလးေနခဲ႔တဲ႔သူေတြျဖစ္လာခဲ႔ျပီး တာမ်ိဳး၊ ဒါမွမဟုတ္ဘယ္သူ႕ကိုမွမခ်စ္တတ္ပဲ အခုက်မွတစ္စံုတစ္ေယာက္ကိုတကယ္ခ်စ္မိေတာ႔တဲ႔လူမ်ိဳးေတြဟာ သင္႔ေတာ္တဲ႔အခ်ိန္ကာလတစ္ခုကိုေက်ာ္လြန္လာတာေျကာင္႔ ကိုယ္နဲ႕သက္တူရြယ္တူေတြကိုခ်စ္မိျပန္ရင္လည္း ပိုင္ရွင္ရွိေနတတ္တာမ်ိဳး၊ ခ်စ္သူရည္းစားရွိေနတတ္တာမိ်ဳးေတြျဖစ္တတ္ျကပါတယ္။
(၂) ကိုယ္႔စိတ္ျကိုက္မျဖစ္လို႕
အတည္ခ်စ္ေတာ႔မယ္ဆိုတဲ႔စကားကိုကလုပ္ယူဖန္တီးမႈေတြပါပါတယ္။ ကိုယ္႔စိတ္ထဲကေတာ႔ ဒီအရြယ္ေရာက္မွတစ္ေယာက္ေလာက္ေတာ႔အတည္ခ်စ္အံုးမွေလ ဆုိတဲ႔အေတြးမ်ိဳးနဲ႕လူတစ္ေယာက္ကိုခ်စ္ျကည္႔တဲ႔အခါ တကယ္႔စစ္မွန္တဲ႔ေမတၱာမဟုတ္တာေျကာင္႔ တစ္ဖက္လူရဲ႕ေကာင္းမႈဆုိးမႈဒဏ္ဟူသမ်ွကို နားလည္မ်ွေ၀ေပးနုိင္တာမိ်ဳးမရွိပဲ တလြဲဖူးစာျဖစ္ျကမွာအမွန္ပါပဲ။
(၃) သူ႕ကိုပဲအတည္ထားေတာ႔မယ္ဆိုျပီးမတရားစိတ္နွစ္သြင္းထားလို႕
ဒီတစ္ေယာက္ကိုပဲအတည္ခ်စ္လုိက္ပါေတာ႔မယ္၊ ဒီတစ္ေယာက္ကိုပဲ အတည္တြဲမယ္ ဆုိတာမ်ိဳးျကီးကိုအတင္းလုပ္ယူစိတ္နွစ္ထားတာမ်ိဳး ဟာ သိပ္ကိုစိတ္ပင္ပန္းလွပါတယ္။ေပါ႔ေပါ႔ပါးပါးေလးရင္ထဲက အရွိအရွိတုိင္းလက္မခံပဲ သူကအဘက္ဘက္အဆင္ေျပတဲ႔သူမလို႕သူနဲ႕ပဲအတည္တြဲေတာ႔မယ္ဆိုတဲ႔ စိတ္ျကီးနဲ႕လုပ္ယူျခင္းေျကာင္႔ ျကာရွည္ခံနုိင္ရည္မရွိပဲ စိတ္က်ဥ္းက်ပ္စရာေတြျဖစ္လာေစပါတယ္။
(၄) အရင္ကအက်င္႔ေတြကျပင္ရခဲယဥ္းလုိ႕
အရင္တုန္းကအခ်စ္ဆိုတာျကီးနဲ႕ေ၀းကြာခဲ႔ျပီး အခုမွခ်စ္ျကည္႔ဖို႕ျကိုးစားတဲ႔လူအတြက္ေတာ႔ အခ်စ္ဆိုတာေတြ ျကင္နာတယ္ယုယတယ္ဆိုတာေတြကုိေျပာေနရတာနဲ႕တင္ရယ္စရာေကာင္းတယ္လို႕ထင္ေနတတ္ျကတာပါ။ ဒါေျကာင္႔ တကယ္ျကီးေမတၱာသက္၀င္သြားတာမဟုတ္ပဲဦးေနွာက္နဲ႔ဆံုးျဖတ္လုိက္တဲ႔အခ်စ္ေရးမွာ ကိုယ္႔ရဲ႕အရင္ကအက်င္႔ေတြကိုလည္းျပင္ရခက္ ၊တစ္ဖက္သူကိုလည္းအတည္သာတြဲခ်င္ေပမဲ႔ေမတၱာမထားနုိင္ျဖစ္ကာ ပ်က္စဲသြားျကတာျကီးပါပဲ။
ဆိုေတာ႔ကိုယ္႔ရဲ႕သေဘာက်တယ္ ဆိုတဲ႔စိတ္တစ္ခုတည္းနဲ႕လူတစ္ေယာက္ကိုတြဲခ်င္တာမ်ိဳးခ်စ္ဖို႕ျကိုးစားျကည္႔တာမ်ိဳးမလုပ္ပဲ သူ႕အေပၚအေျကာင္းျပခ်က္မရွိနွစ္နွစ္ကာကာခ်စ္သြားမွသာ
အတည္တြဲဖို႕အတည္ခ်စ္ဖုိ႕ဆံုးျဖတ္ခ်က္ခ်မယ္ဆိုရင္အခုလိုတလြဲcase ေတြနဲ႕မျကံဳနုိင္တာ႔တာမို႕ လူသားတုိင္းကိုယ္အမွန္တကယ္ခ်စ္ျမတ္နိုးသူနဲ႕သာေပါင္းဖက္ရပါေစလုိ႕ဆုေတာင္းရင္း…

Unicode

တစ်ချို့သောသူတွေကလူငယ်ဘဝရဲ့အစမှာတော့စိတ်ပေါ့ပေါ့ပါ့းပါးနဲ့တွဲလိုက်ပြတ်လိုက်ကိစ္စတွေရှိခဲ့ကြပေမဲ့ နည်းနည်းကျင့်ကျက်တဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့ တစ်စုံတစ်ယောက်ကိုအတည်တကျတွဲဖို့စိတ်ကူးရှိလာတတ်ကြပါတယ်။ ဒီလိုအချိန်အတည်ချစ်မယ်ကြံကာမှ မထင်မှတ်တဲ့ကိစ္စမျိုးတွေကြောင့်တလွဲဖြစ်တတ်ကြပါတယ်။ ဆိုတော့ အတည်ချစ်မယ်ကြံလိုက်ရင်တလွဲဖြစ်ရတဲ့အကြောင်းအရင်းတွေဘာကြောင့်လဲ…
(၁) အချိန်ကာလကြာရှည်သွားလို့
အချိန်တော်တေ်ာကြာအောင် အပျော်ရည်စားတွေထား ပြတ်လိုက်ဆက်လိုက်နဲ့အချစ်ရေးကို ခပ်ပေါ့ပေါ့လေးနေခဲ့တဲ့သူတွေဖြစ်လာခဲ့ပြီး တာမျိုး၊ ဒါမှမဟုတ်ဘယ်သူ့ကိုမှမချစ်တတ်ပဲ အခုကျမှတစ်စုံတစ်ယောက်ကိုတကယ်ချစ်မိတော့တဲ့လူမျိုးတွေဟာ သင့်တော်တဲ့အချိန်ကာလတစ်ခုကိုကျော်လွန်လာတာကြောင့် ကိုယ်နဲ့သက်တူရွယ်တူတွေကိုချစ်မိပြန်ရင်လည်း ပိုင်ရှင်ရှိနေတတ်တာမျိုး၊ ချစ်သူရည်းစားရှိနေတတ်တာမျိုးတွေဖြစ်တတ်ကြပါတယ်။
(၂) ကိုယ့်စိတ်ကြိုက်မဖြစ်လို့
အတည်ချစ်တော့မယ်ဆိုတဲ့စကားကိုကလုပ်ယူဖန်တီးမှုတွေပါပါတယ်။ ကိုယ့်စိတ်ထဲကတော့ ဒီအရွယ်ရောက်မှတစ်ယောက်လောက်တော့အတည်ချစ်အုံးမှလေ ဆိုတဲ့အတွေးမျိုးနဲ့လူတစ်ယောက်ကိုချစ်ကြည့်တဲ့အခါ တကယ့်စစ်မှန်တဲ့မေတ္တာမဟုတ်တာကြောင့် တစ်ဖက်လူရဲ့ကောင်းမှုဆိုးမှုဒဏ်ဟူသမျှကို နားလည်မျှဝေပေးနိုင်တာမျိုးမရှိပဲ တလွဲဖူးစာဖြစ်ကြမှာအမှန်ပါပဲ။
(၃) သူ့ကိုပဲအတည်ထားတော့မယ်ဆိုပြီးမတရားစိတ်နှစ်သွင်းထားလို့
ဒီတစ်ယောက်ကိုပဲအတည်ချစ်လိုက်ပါတော့မယ်၊ ဒီတစ်ယောက်ကိုပဲ အတည်တွဲမယ် ဆိုတာမျိုးကြီးကိုအတင်းလုပ်ယူစိတ်နှစ်ထားတာမျိုး ဟာ သိပ်ကိုစိတ်ပင်ပန်းလှပါတယ်။ပေါ့ပေါ့ပါးပါးလေးရင်ထဲက အရှိအရှိတိုင်းလက်မခံပဲ သူကအဘက်ဘက်အဆင်ပြေတဲ့သူမလို့သူနဲ့ပဲအတည်တွဲတော့မယ်ဆိုတဲ့ စိတ်ကြီးနဲ့လုပ်ယူခြင်းကြောင့် ကြာရှည်ခံနိုင်ရည်မရှိပဲ စိတ်ကျဉ်းကျပ်စရာတွေဖြစ်လာစေပါတယ်။
(၄) အရင်ကအကျင့်တွေကပြင်ရခဲယဉ်းလို့
အရင်တုန်းကအချစ်ဆိုတာကြီးနဲ့ဝေးကွာခဲ့ပြီး အခုမှချစ်ကြည့်ဖို့ကြိုးစားတဲ့လူအတွက်တော့ အချစ်ဆိုတာတွေ ကြင်နာတယ်ယုယတယ်ဆိုတာတွေကိုပြောနေရတာနဲ့တင်ရယ်စရာကောင်းတယ်လို့ထင်နေတတ်ကြတာပါ။ ဒါကြောင့် တကယ်ကြီးမေတ္တာသက်ဝင်သွားတာမဟုတ်ပဲဦးနှောက်နဲ့ဆုံးဖြတ်လိုက်တဲ့အချစ်ရေးမှာ ကိုယ့်ရဲ့အရင်ကအကျင့်တွေကိုလည်းပြင်ရခက် ၊တစ်ဖက်သူကိုလည်းအတည်သာတွဲချင်ပေမဲ့မေတ္တာမထားနိုင်ဖြစ်ကာ ပျက်စဲသွားကြတာကြီးပါပဲ။
ဆိုတော့ကိုယ့်ရဲ့သဘောကျတယ် ဆိုတဲ့စိတ်တစ်ခုတည်းနဲ့လူတစ်ယောက်ကိုတွဲချင်တာမျိုးချစ်ဖို့ကြိုးစားကြည့်တာမျိုးမလုပ်ပဲ သူ့အပေါ်အကြောင်းပြချက်မရှိနှစ်နှစ်ကာကာချစ်သွားမှသာ
အတည်တွဲဖို့အတည်ချစ်ဖို့ဆုံးဖြတ်ချက်ချမယ်ဆိုရင်အခုလိုတလွဲcase တွေနဲ့မကြုံနိုင်တာ့တာမို့ လူသားတိုင်းကိုယ်အမှန်တကယ်ချစ်မြတ်နိုးသူနဲ့သာပေါင်းဖက်ရပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.