အခုတည္းကေ႐ွာင္ထားသင့္တဲ့ သင့္အတြက္ေကာင္းက်ဳိးမေပးႏုိင္တဲ့လူမ်ား

လူေတြရဲ႕ေနထုိင္ရာဝန္းက်င္မွာ ပတ္သတ္ဆက္ဆံေနရတဲ့လူေတြဟာ ကိုယ့္အတြက္ စိတ္အေႏွာင့္ယွက္ပဲေပးေနတယ္ဆုိရင္ သာယာေပ်ာ္ေမြ႔စရာမ႐ွိေတာ့ပါဘူး။ အျပန္လွည္႐ုိင္းပင္းကူညီ ၊ စိတ္ရင္းေစတနာမွန္နဲ႔ ဆက္ဆံတဲ့လူေတြ႐ွိမွသာ ေနရတာေပ်ာ္ဖို႔ေကာင္းမွာေပါ့။ ဒါေၾကာင့္ အက်ဳိးမ႐ွိတဲ့လူေတြအတြက္ အခ်ိန္ကုန္မခံပဲ ၾကိဳေ႐ွာင္ထားရင္ သင္လည္း စိတ္႐ႈပ္စရာမလိုေတာ့ဘူးေပါ့ ။

စာအုပ္ၾကီးအတိုင္း က်င့္သံုးသူ

ဘယ္အရာမဆို သူတို႔သိထားတဲ့အရာတစ္ခုတည္းကိုပဲ စဲြျမဲမွတ္ထားျပီး လူေတြနဲ႔ဆက္ဆံတဲ့ေနရာမွာလည္း မွန္တယ္ထင္တဲ့အရာနဲ႔ပဲ တစ္ဖက္ပိတ္ျငင္းေတာ့တာပါပဲ။ ဒီလိုလူမ်ဳိးေတြနဲ႔ျငင္းရင္ သတိထားပါ။ သူတို႔က အႏုိင္မရမခ်င္း ျငင္းေနတဲ့အထဲမွာပါပါတယ္။ သူတို႔နဲ႔ျငင္းလုိက္လုိ႔ သင့္အတြက္လည္း အက်ဳိးမ႐ွိတဲ့အတြက္ သူမွန္တယ္ထင္တဲ့အရာကုိသာ ဆက္ျပီး လက္ခံပါေစ။ အဲ့ဒီအတြက္ သင္စိတ္ေသာကအေရာက္မခံပါနဲ႔။ မထိုက္တန္လို႔ပါ။

႐ုိမန္တစ္ဆန္လြန္းသူ

ခ်စ္သူဆက္ဆံေရးမွာ ႐ုိမန္တစ္ဆန္တာကလည္း တစ္စိတ္တစ္ပုိင္းေတာ့ အေရးပါပါတယ္။ တစ္ခါတစ္ေလ ခ်စ္သူအတြက္ စိတ္ၾကည္ႏူးစရာစကားေလးေတြေျပာရတာ ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဒါေပမယ့္ အရမ္းၾကီး ႐ုပ္႐ွင္ေတြထဲကအတုိင္း ႐ုိေနျပီဆိုရင္ေတာ့ သူ႔ရဲ႕Rs Lifeကုိ ပ်င္းျငိသြားေစႏိုင္ပါတယ္။ ဘဝမွာတစ္ခါတစ္ေလက်ရင္ ႐ုပ္႐ွင္ဆန္ျပီး လက္ေတြ႔ဆန္ႏုိင္ဖုိ႔လည္း လိုပါတယ္။

ယံုၾကည္ခ်က္မ႐ွိသူ

ကိုယ့္ကိုကိုယ္ ယံုၾကည္ခ်က္မ႐ွိတဲ့သူဟာ အျခားလူေတြရဲ႕ထင္ျမင္ခ်က္နဲ႔ပဲ ႐ွင္သန္ေနထိုင္ရပါတယ္။ သူမ်ားက ဒါဆို ဒါ ၊ ဟိုဟာဆို ဟိုဟာ ။ ကိုယ့္ရဲ႕စိတ္ဆႏၵဆိုတာမ႐ွိေတာ့ဘူး။ဒီလိုလူမ်ဳိးနဲ႔ ကိုယ္ဟာခ်စ္သူျဖစ္မိျပီဆိုရင္လည္း အခ်ိန္ရတုန္း အျမန္အဆက္သြယ္ျဖတ္ပါ။သံေယာဇဥ္မတြယ္ခင္ေပါ့။ သူက ဘာလုပ္လုပ္ သူမ်ားအျမင္နဲ႔ပဲ ေ႐ွ႔ဆက္ေနမွာျဖစ္တဲ့အတြက္ သင့္ကိုစိတ္ဆင္းရဲေစမွာအမွန္ပါပဲ။

တစ္ကိုယ္ေကာင္းဆန္လြန္းသူ

တစ္ကိုယ္ေကာင္းဆန္တယ္ဆိုတာ သူ႔အေျခအေနနဲ႔ သူ႐ွိပါတယ္။ မလိုအပ္တဲ့ေနရာမွာ တစ္ကိုယ္ေကာင္းဆန္လြန္းသူဆိုရင္ သင့္အတြက္စိတ္အေႏွာင့္ယွက္ျဖစ္ရပါတယ္။ တစ္ခုခုဆို အားမနာပဲ အကူညီေတာင္းတာတို႔ ၊ ပုိက္ဆံမေခ်းရင္ စိတ္ဆိုးတာတို႔ ၊ ကိုယ္က သူ႔အမွားတစ္ခုခုေထာက္မိရင္ မေခၚႏုိင္ မေျပာႏုိင္ျဖစ္သြားတတ္တဲ့ လူမ်ဳိးေတြဆိုသတိထားပါ။ တစ္ကိုယ္ေကာင္းဆန္လြန္းသူေတြဟာ သူတို႔ုအျပစ္ သူတို႔ခြင့္လႊတ္ၾကတယ္။ တစ္ဖက္သားဘယ္လို ခံစားရမလဲဆိုတာ ထည့္မတြက္ၾကဘူး။

ေဝဖန္ေရးသမား

ေဝဖန္ေရးသမားေတြဟာ သူတို႔ကိုယ္ သူတို႔လည္းယံုၾကည္ခ်က္မ႐ွိသလို၊ အျခားလူရဲ႕ယံုၾကည္ခ်က္ကိုလည္း ယိုင္လဲသြားေအာင္ ထိုးႏွက္တတ္ပါတယ္။ ဘာမွလည္းမဟုတ္ပဲ သူတို႔ႏုိင္လို႔ရတဲ့လူဆို ၾသဇာလႊမ္းသလိုနဲ႔ ေဝဖန္တတ္တယ္။ ဒီလိုလူမ်ဳိးေတြဟာ ဘယ္သူနဲ႔ပဲျဖစ္ျဖစ္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဆက္ဆံေရးတစ္ခုကိုတည္ေဆာက္ႏုိင္မွာမဟုတ္ပါဘူး။

(Unicode)

လူတွေရဲ့နေထိုင်ရာဝန်းကျင်မှာ ပတ်သတ်ဆက်ဆံနေရတဲ့လူတွေဟာ ကိုယ့်အတွက် စိတ်အနှောင့်ယှက်ပဲပေးနေတယ်ဆိုရင် သာယာပျော်မွေ့စရာမရှိတော့ပါဘူး။ အပြန်လှည်ရိုင်းပင်းကူညီ ၊ စိတ်ရင်းစေတနာမှန်နဲ့ ဆက်ဆံတဲ့လူတွေရှိမှသာ နေရတာပျော်ဖို့ကောင်းမှာပေါ့။ ဒါကြောင့် အကျိုးမရှိတဲ့လူတွေအတွက် အချိန်ကုန်မခံပဲ ကြိုရှောင်ထားရင် သင်လည်း စိတ်ရှုပ်စရာမလိုတော့ဘူးပေါ့ ။

စာအုပ်ကြီးအတိုင်း ကျင့်သုံးသူ

ဘယ်အရာမဆို သူတို့သိထားတဲ့အရာတစ်ခုတည်းကိုပဲ စွဲမြဲမှတ်ထားပြီး လူတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်း မှန်တယ်ထင်တဲ့အရာနဲ့ပဲ တစ်ဖက်ပိတ်ငြင်းတော့တာပါပဲ။ ဒီလိုလူမျိုးတွေနဲ့ငြင်းရင် သတိထားပါ။ သူတို့က အနိုင်မရမချင်း ငြင်းနေတဲ့အထဲမှာပါပါတယ်။ သူတို့နဲ့ငြင်းလိုက်လို့ သင့်အတွက်လည်း အကျိုးမရှိတဲ့အတွက် သူမှန်တယ်ထင်တဲ့အရာကိုသာ ဆက်ပြီး လက်ခံပါစေ။ အဲ့ဒီအတွက် သင်စိတ်သောကအရောက်မခံပါနဲ့။ မထိုက်တန်လို့ပါ။

ရိုမန်တစ်ဆန်လွန်းသူ

ချစ်သူဆက်ဆံရေးမှာ ရိုမန်တစ်ဆန်တာကလည်း တစ်စိတ်တစ်ပိုင်းတော့ အရေးပါပါတယ်။ တစ်ခါတစ်လေ ချစ်သူအတွက် စိတ်ကြည်နူးစရာစကားလေးတွေပြောရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အရမ်းကြီး ရုပ်ရှင်တွေထဲကအတိုင်း ရိုနေပြီဆိုရင်တော့ သူ့ရဲ့Rs Lifeကို ပျင်းငြိသွားစေနိုင်ပါတယ်။ ဘဝမှာတစ်ခါတစ်လေကျရင် ရုပ်ရှင်ဆန်ပြီး လက်တွေ့ဆန်နိုင်ဖို့လည်း လိုပါတယ်။

ယုံကြည်ချက်မရှိသူ

ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတဲ့သူဟာ အခြားလူတွေရဲ့ထင်မြင်ချက်နဲ့ပဲ ရှင်သန်နေထိုင်ရပါတယ်။ သူများက ဒါဆို ဒါ ၊ ဟိုဟာဆို ဟိုဟာ ။ ကိုယ့်ရဲ့စိတ်ဆန္ဒဆိုတာမရှိတော့ဘူး။ဒီလိုလူမျိုးနဲ့ ကိုယ်ဟာချစ်သူဖြစ်မိပြီဆိုရင်လည်း အချိန်ရတုန်း အမြန်အဆက်သွယ်ဖြတ်ပါ။သံယောဇဉ်မတွယ်ခင်ပေါ့။ သူက ဘာလုပ်လုပ် သူများအမြင်နဲ့ပဲ ရှေ့ဆက်နေမှာဖြစ်တဲ့အတွက် သင့်ကိုစိတ်ဆင်းရဲစေမှာအမှန်ပါပဲ။

တစ်ကိုယ်ကောင်းဆန်လွန်းသူ

တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သူ့အခြေအနေနဲ့ သူရှိပါတယ်။ မလိုအပ်တဲ့နေရာမှာ တစ်ကိုယ်ကောင်းဆန်လွန်းသူဆိုရင် သင့်အတွက်စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ တစ်ခုခုဆို အားမနာပဲ အကူညီတောင်းတာတို့ ၊ ပိုက်ဆံမချေးရင် စိတ်ဆိုးတာတို့ ၊ ကိုယ်က သူ့အမှားတစ်ခုခုထောက်မိရင် မခေါ်နိုင် မပြောနိုင်ဖြစ်သွားတတ်တဲ့ လူမျိုးတွေဆိုသတိထားပါ။ တစ်ကိုယ်ကောင်းဆန်လွန်းသူတွေဟာ သူတို့ုအပြစ် သူတို့ခွင့်လွှတ်ကြတယ်။ တစ်ဖက်သားဘယ်လို ခံစားရမလဲဆိုတာ ထည့်မတွက်ကြဘူး။

ဝေဖန်ရေးသမား

ဝေဖန်ရေးသမားတွေဟာ သူတို့ကိုယ် သူတို့လည်းယုံကြည်ချက်မရှိသလို၊ အခြားလူရဲ့ယုံကြည်ချက်ကိုလည်း ယိုင်လဲသွားအောင် ထိုးနှက်တတ်ပါတယ်။ ဘာမှလည်းမဟုတ်ပဲ သူတို့နိုင်လို့ရတဲ့လူဆို သြဇာလွှမ်းသလိုနဲ့ ဝေဖန်တတ်တယ်။ ဒီလိုလူမျိုးတွေဟာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။

337 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.