ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲ “I’m Not a Robot” မင္းသားေခ်ာ Yoo Seung Ho အေၾကာင္းတေစ့တေစာင္း

အခုလတ္တေလာ ႏႈတ္ခမ္းနီမေလးေတြသေဘာက်ႏွစ္သက္ေနတဲ႔”I’m Not a Robot” မင္းသားေခ်ာ Yoo Seung Ho အေၾကာင္းေလး နည္းနည္းေျပာျပမယ္ဆိုရင္စိတ္မဆုိးေလာက္ဘူး မဟုတ္လား 😛 မင္းသားေခ်ာနဲ႔ပတ္သက္ျပီး ပရိသတ္ေတြမသိေသးတဲ႔စိတ္၀င္စားဖြယ္ရာ
အေၾကာင္းအရာေလးေတြရွိေနပါတယ္။အဲ႔ဒါေၾကာင့္ မင္းသားေခ်ာ Yoo Seung Ho အေၾကာင္းေလးကုိ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္ေနာ္။

၁) ၆ႏွစ္သားအရြယ္တည္းက အႏုပညာေလာကထဲေရာက္ခဲ႔သူ

မင္းသားေခ်ာ Yoo Seung Ho ရဲ ႔အေမဟာ ေၾကာ္ျငာေအဂ်င္စီတစ္ခုကုိ သားျဖစ္သူရဲ ႔ ဓာတ္ပံုပုိ႔ေပးခဲ့ဖူးပါတယ္။အဲ႔ဒီေၾကာ္ျငာေအဂ်င္စီဟာလည္း ပေရာ္ဖက္ရွင္နယ္ေမာ္ဒယ္မဟုတ္တဲ႔ မ်က္ႏွာသစ္ေမာ္ဒယ္ရွာေဖြေနတဲ့အခ်ိန္ျဖစ္ပါတယ္။သူ႔ဓာတ္ပံုကုိျမင္တဲ႔အခါမွာေတာ့ သေဘာက်သြားခဲ႔ျပီး ဆဲလ္ဖုန္းေၾကာ္ျငာရိုက္ကူးခဲ႔တာပဲျဖစ္ပါတယ္။အဲ႔ဒီကတည္းက
ကေလးသရုပ္ေဆာင္အျဖစ္ရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာပါ၀င္လာခဲ႔တာပါ။သူ႔ကုိ Nation’s Little Brothers တစ္ေယာက္အျဖစ္လည္း ကေလးဘ၀တုန္းကလူသိမ်ားခဲ႔ပါတယ္။Nation’s Little Brothers ဆုိတာ အသက္ ၂၀ေအာက္အရြယ္မွာအႏုပညာေလာကထဲ၀င္ေရာက္လာတဲ႔ ကေလးသရုပ္ေဆာင္ေတြကုိ သတ္မွတ္ေခၚဆိုတာျဖစ္ပါတယ္။

၂)သူ႔ရဲ ႔နာမည္ေျပာင္က So Ji Sub အငယ္စားေလးပါတဲ႔
ငယ္ငယ္တုန္းက သူ႔ရဲ႔မ်က္ႏွာဟာ မင္းသားေခ်ာ So Ji Sub နဲ႔ဆင္တူတာေၾကာင့္ Yoo Seung Ho ကုိ So Ji Sub အငယ္စားေလးလုိ႔ေခၚၾကတာပါ။သူတုိ႔ႏွစ္ေယာက္လံုးဟာ ၂၀၀၈ခုႏွစ္တုန္း ကရိုက္ကြင္းတစ္ခုမွာပထမဆံုးဆံုေတြ႔ဖူးတာျဖစ္ျပီးသူတို႔ကုိယ္တိုင္လည္းအ႔ံအားသင့္ခဲ႔ဖူးပါတယ္တဲ႔။‘Dimchae’ဆုိတဲ႔ ေၾကာ္ျငာရိုက္ကူးျပီးေနာက္မွာ ႏွစ္ေယာက္သားပုိုျပီး ရင္းႏွီးသြားခဲ႔ ၾကပါတယ္။၂၀၁၃ မွာ So Ji-sub ရဲ ႔6pm.. Ground music video မွာ Park Shin Hye နဲ႔အတူသရုပ္ေဆာင္ခဲ႔ၾကပါတယ္။So Ji Sub က သူ႔ကုိ အိန္ဂ်ယ္လ္လုိ႔ေတာင္ ခ်စ္စႏုိးေျပာခဲ႔ဖူးပါတယ္။ေသြးရင္းမဟုတ္ေပမဲ႔ညီအစ္ကုိခ်စ္ခင္ၾကတဲ႔သူေတြပါ။

၃)ပထမဆံုးအဓိကဇာတ္ေဆာင္အျဖစ္ပါ၀င္ခဲ႔တာက Flames of Desire ဇာတ္ကားမွာပါ
အဲ႔ဒီဇာတ္ကားမွာေတာ့ခ်မ္းသာတဲ႔မိသားစုမ်ိဳးရိုးကဆင္းသက္လာသူအျဖစ္သရုပ္ေဆာင္ထားတာပါ။နာမည္ေက်ာ္မင္းသမီး Su Bin ရဲ ႔ပံ႔ပုိးမႈေၾကာင့္လည္းသူ႔ရဲ႔သရုပ္ေဆာင္မႈေတြက ပုိျပီး ပီျပင္ခဲ႔ပါတယ္တဲ႔။

၄)နန္းတြင္းဇာတ္ကားေတြနဲ႔ အထူးထင္ရွားတဲ႔မင္းသားတစ္လက္လည္းျဖစ္တယ္
ေနာက္ပုိင္းတက္သစ္စမင္းသားေတြထဲမွာ Yoo Seung Ho ဟာ နန္းတြင္းဇာတ္ကားေတြပိုျပီး အရိုက္မ်ားခဲ႔ပါတယ္။The Magician and Seondal: The Man Who Sells the River
၊Ruler: Master of the Mask ၊ Arang and the Magistrate ၊The Magician ၊ Warrior Baek Dong-soo စတဲ႔နန္းတြင္းဇာတ္ကားေတြနဲ႔ စျပီးနာမည္ေက်ာ္ၾကားခဲ႔တာပါ။ အဲ႔ဒီဇာတ္လမ္းတြဲေတြမွာလည္း မင္းသမီးေခ်ာGo Ara ၊ Kim So Hyun ၊ မင္းသား Ko Chang Seok ၊ Cho Jae Hyun ၊Lee Joon-gi ၊ Ji Chang-wook တို႔နဲ႔တြဲဖက္ျပီး ရိုက္ကူးခဲ႔တာျဖစ္ပါတယ္။

၅)ခရီးသြားရတာကုိလည္းႏွစ္သက္တဲ႔သူတစ္ေယာက္ပါတဲ႔
စစ္မႈထမ္းေဆာင္ဖုိ႔မသြားခင္တုန္းက ဓာတ္ပံုဆရာ Bori ရိုက္ကူးေပးထားတဲ႔ Travel Letter ၊ Spring Snow စတဲ႔ ဓာတ္ပံုစာအုပ္ေလးေတြထုတ္ခဲ႔ပါတယ္။အဲ႔ဒီစာအုပ္မွာ ဂ်ပန္ျပည္မွာေပ်ာ္ရႊင္ ၾကည္ႏူးေနတဲ႔သူ႔ရဲ႔ပံုရိပ္ေတြကုိျမင္ေတြ႔ႏုိင္ပါတယ္။စစ္မႈထမ္းေဆာင္ေနတဲ႔အခ်ိန္ပရိသတ္ေတြအလြမ္းေျပၾကည့္ႏိုင္တဲ႔လက္ေဆာင္တစ္ခုလည္းျဖစ္ခဲ႔ပါတယ္။အရင္းႏွီးဆံုးသူငယ္ခ်င္းေတြနဲ႔လည္း ဂ်ယ္ဂ်ဴကြ်န္းကိုခရီးထြက္ခဲ႔ပါေသးတယ္တဲ႔။

၆)ေနာက္ဆံုးရိုက္ကူးထားတဲ႔ဇာတ္လမ္းတြဲက I’m Not a Robot ပါ
I’m Not a Robot ဟာ လူသားနဲ႔စက္ရုပ္ၾကားက အလြဲေလးေတြနဲ႔ခ်စ္ျခင္းတရား ကုိပံုေဖာ္ထားတဲ႔ အခ်စ္ဟာသဒရာမာဇာတ္လမ္းတြဲျဖစ္သလုိဒီလုိထူးထူးျခားျခား ဇာတ္ရုပ္မွာပါ၀င္ခဲ႔ဖူးတာ ဒီဇာတ္လမ္းတြဲက ပထမဆံုးပါပဲ။ဒီဇာတ္လမ္းတြဲမွာေတာ့ ရင့္က်က္ေနျပီျဖစ္တဲ႔ မင္းသား Yoo Seung Ho ရဲ ႔ပီျပင္တဲ႔သရုပ္ေဆာင္ခ်က္ေတြ ကုိျမင္ေတြ႔ႏုိင္ပါတယ္။သူ႔ရဲ႔ခံစားခ်က္နဲ႔သရုပ္ေဆာင္ပံုေတြက အသက္၀င္လြန္းလို႔ မိန္းကေလးပရိသတ္ေတြရဲ ႔တခဲနက္အားေပးမႈကုိ ဒီဇာတ္လမ္းတြဲမွာ အခိုင္အမာရရွိခဲ႔တဲ႔သူလည္းျဖစ္ပါတယ္။

၇)မင္းသားရဲ ႔ေမြးေန႔ကေတာ့…

Yoo Seung Ho ရဲ ႔ေမြးေန႔ကေတာ့ ၁၉၉၃ခုႏွစ္၊ၾသဂုတ္လ ၁၇ရက္ပါ။အခုဆိုရင္ေတာ့ အသက္ ၂၄ႏွစ္ရွိပါျပီ။အျပစ္ကင္းစင္တဲ႔ခ်စ္စရာမ်က္ႏွာေလးကိုပုိင္ဆုိင္ထားသလုိ တည္ၾကည္ေခ်ာေမာတဲ႔ ပံုရိပ္ေတြလည္းရွိတဲ႔မင္းသားရဲ ႔ပံုေလးေတြကုိ ပရိသတ္ေတြအတြက္ ျပန္လည္မ်ွေ၀လိုက္ ပါတယ္ေနာ္။

Unicode

အခုလတ်တလော နှုတ်ခမ်းနီမလေးတွေသဘောကျနှစ်သက်နေတဲ့”I’m Not a Robot” မင်းသားချော Yoo Seung Ho အကြောင်းလေး နည်းနည်းပြောပြမယ်ဆိုရင်စိတ်မဆိုးလောက်ဘူး မဟုတ်လား 😛 မင်းသားချောနဲ့ပတ်သက်ပြီး ပရိသတ်တွေမသိသေးတဲ့စိတ်ဝင်စားဖွယ်ရာ
အကြောင်းအရာလေးတွေရှိနေပါတယ်။အဲ့ဒါကြောင့် မင်းသားချော Yoo Seung Ho အကြောင်းလေးကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။

၁) ၆နှစ်သားအရွယ်တည်းက အနုပညာလောကထဲရောက်ခဲ့သူ

မင်းသားချော Yoo Seung Ho ရဲ ့အမေဟာ ကြော်ငြာအေဂျင်စီတစ်ခုကို သားဖြစ်သူရဲ ့ ဓာတ်ပုံပို့ပေးခဲ့ဖူးပါတယ်။အဲ့ဒီကြော်ငြာအေဂျင်စီဟာလည်း ပရော်ဖက်ရှင်နယ်မော်ဒယ်မဟုတ်တဲ့ မျက်နှာသစ်မော်ဒယ်ရှာဖွေနေတဲ့အချိန်ဖြစ်ပါတယ်။သူ့ဓာတ်ပုံကိုမြင်တဲ့အခါမှာတော့ သဘောကျသွားခဲ့ပြီး ဆဲလ်ဖုန်းကြော်ငြာရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီကတည်းက
ကလေးသရုပ်ဆောင်အဖြစ်ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါဝင်လာခဲ့တာပါ။သူ့ကို Nation’s Little Brothers တစ်ယောက်အဖြစ်လည်း ကလေးဘဝတုန်းကလူသိများခဲ့ပါတယ်။Nation’s Little Brothers ဆိုတာ အသက် ၂ဝအောက်အရွယ်မှာအနုပညာလောကထဲဝင်ရောက်လာတဲ့ ကလေးသရုပ်ဆောင်တွေကို သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။

၂)သူ့ရဲ ့နာမည်ပြောင်က So Ji Sub အငယ်စားလေးပါတဲ့
ငယ်ငယ်တုန်းက သူ့ရဲ့မျက်နှာဟာ မင်းသားချော So Ji Sub နဲ့ဆင်တူတာကြောင့် Yoo Seung Ho ကို So Ji Sub အငယ်စားလေးလို့ခေါ်ကြတာပါ။သူတို့နှစ်ယောက်လုံးဟာ ၂၀၀၈ခုနှစ်တုန်း ကရိုက်ကွင်းတစ်ခုမှာပထမဆုံးဆုံတွေ့ဖူးတာဖြစ်ပြီးသူတို့ကိုယ်တိုင်လည်းအ့ံအားသင့်ခဲ့ဖူးပါတယ်တဲ့။‘Dimchae’ဆိုတဲ့ ကြော်ငြာရိုက်ကူးပြီးနောက်မှာ နှစ်ယောက်သားပိုုပြီး ရင်းနှီးသွားခဲ့ ကြပါတယ်။၂၀၁၃ မှာ So Ji-sub ရဲ ့6pm.. Ground music video မှာ Park Shin Hye နဲ့အတူသရုပ်ဆောင်ခဲ့ကြပါတယ်။So Ji Sub က သူ့ကို အိန်ဂျယ်လ်လို့တောင် ချစ်စနိုးပြောခဲ့ဖူးပါတယ်။သွေးရင်းမဟုတ်ပေမဲ့ညီအစ်ကိုချစ်ခင်ကြတဲ့သူတွေပါ။

၃)ပထမဆုံးအဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တာက Flames of Desire ဇာတ်ကားမှာပါ
အဲ့ဒီဇာတ်ကားမှာတော့ချမ်းသာတဲ့မိသားစုမျိုးရိုးကဆင်းသက်လာသူအဖြစ်သရုပ်ဆောင်ထားတာပါ။နာမည်ကျော်မင်းသမီး Su Bin ရဲ ့ပံ့ပိုးမှုကြောင့်လည်းသူ့ရဲ့သရုပ်ဆောင်မှုတွေက ပိုပြီး ပီပြင်ခဲ့ပါတယ်တဲ့။

၄)နန်းတွင်းဇာတ်ကားတွေနဲ့ အထူးထင်ရှားတဲ့မင်းသားတစ်လက်လည်းဖြစ်တယ်
နောက်ပိုင်းတက်သစ်စမင်းသားတွေထဲမှာ Yoo Seung Ho ဟာ နန်းတွင်းဇာတ်ကားတွေပိုပြီး အရိုက်များခဲ့ပါတယ်။The Magician and Seondal: The Man Who Sells the River
၊Ruler: Master of the Mask ၊ Arang and the Magistrate ၊The Magician ၊ Warrior Baek Dong-soo စတဲ့နန်းတွင်းဇာတ်ကားတွေနဲ့ စပြီးနာမည်ကျော်ကြားခဲ့တာပါ။ အဲ့ဒီဇာတ်လမ်းတွဲတွေမှာလည်း မင်းသမီးချောGo Ara ၊ Kim So Hyun ၊ မင်းသား Ko Chang Seok ၊ Cho Jae Hyun ၊Lee Joon-gi ၊ Ji Chang-wook တို့နဲ့တွဲဖက်ပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၅)ခရီးသွားရတာကိုလည်းနှစ်သက်တဲ့သူတစ်ယောက်ပါတဲ့
စစ်မှုထမ်းဆောင်ဖို့မသွားခင်တုန်းက ဓာတ်ပုံဆရာ Bori ရိုက်ကူးပေးထားတဲ့ Travel Letter ၊ Spring Snow စတဲ့ ဓာတ်ပုံစာအုပ်လေးတွေထုတ်ခဲ့ပါတယ်။အဲ့ဒီစာအုပ်မှာ ဂျပန်ပြည်မှာပျော်ရွှင် ကြည်နူးနေတဲ့သူ့ရဲ့ပုံရိပ်တွေကိုမြင်တွေ့နိုင်ပါတယ်။စစ်မှုထမ်းဆောင်နေတဲ့အချိန်ပရိသတ်တွေအလွမ်းပြေကြည့်နိုင်တဲ့လက်ဆောင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့လည်း ဂျယ်ဂျူကျွန်းကိုခရီးထွက်ခဲ့ပါသေးတယ်တဲ့။

၆)နောက်ဆုံးရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲက I’m Not a Robot ပါ
I’m Not a Robot ဟာ လူသားနဲ့စက်ရုပ်ကြားက အလွဲလေးတွေနဲ့ချစ်ခြင်းတရား ကိုပုံဖော်ထားတဲ့ အချစ်ဟာသဒရာမာဇာတ်လမ်းတွဲဖြစ်သလိုဒီလိုထူးထူးခြားခြား ဇာတ်ရုပ်မှာပါဝင်ခဲ့ဖူးတာ ဒီဇာတ်လမ်းတွဲက ပထမဆုံးပါပဲ။ဒီဇာတ်လမ်းတွဲမှာတော့ ရင့်ကျက်နေပြီဖြစ်တဲ့ မင်းသား Yoo Seung Ho ရဲ ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေ ကိုမြင်တွေ့နိုင်ပါတယ်။သူ့ရဲ့ခံစားချက်နဲ့သရုပ်ဆောင်ပုံတွေက အသက်ဝင်လွန်းလို့ မိန်းကလေးပရိသတ်တွေရဲ ့တခဲနက်အားပေးမှုကို ဒီဇာတ်လမ်းတွဲမှာ အခိုင်အမာရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။

၇)မင်းသားရဲ ့မွေးနေ့ကတော့…

Yoo Seung Ho ရဲ ့မွေးနေ့ကတော့ ၁၉၉၃ခုနှစ်၊သြဂုတ်လ ၁ရရက်ပါ။အခုဆိုရင်တော့ အသက် ၂၄နှစ်ရှိပါပြီ။အပြစ်ကင်းစင်တဲ့ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားသလို တည်ကြည်ချောမောတဲ့ ပုံရိပ်တွေလည်းရှိတဲ့မင်းသားရဲ ့ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက် ပါတယ်နော်။

626 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.