FIFA 14 ရဲ့ အံ့အားသင့်ဖွယ် ထိပ်တန်းကစားသမား စာရင်း

fifa-14-best-2-2254386.jpg

FIFA 14  ဂိမ်းစီးရီးရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အယောက် ၅၀ စာရင်းထုတ်ပြန်ကြေငြာ ရာမှာ ရီးရဲလ်အသင်းကို ကမ္ဘာအမြင့်ဆုံး စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ အဆင့် ၁၇ နေရာမှာ အံ့အားသင့်ဖွယ် ရပ်တည်နေတာကို တွေ့ရှိရပါတယ်။ ထိပ်ဆုံး နံပါတ်တစ်နေရာကို မက်ဆီကပိုင်ဆိုင်ထားပြီး ရိုနယ်ဒိုက အဆင့်နှစ်နေရာမှာ မက်ဆီထက် နှစ်မှတ်လျော့ကာ ရပ်တည်လျှက်ရှိနေပါတယ်။ အဆင့်သုံးနေရာကိုတော့ ဘိုင်ယန်ကရီဘာရီက ဒိုလေးထက် လေးမှတ်လျော့နဲ့ ပိုင်ဆိုင်ထားပါတယ်။  FIFA 14 ဂိမ်းစီးရီးရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အယောက် ၅၀ စာရင်းမှာ ရီးရဲလ်၊ ဘာကာနဲ့ ဘိုင်ယန် ကစားသများများပါဝင်မှု ရာခိုင်နှုန်း ပိုများတာကိုတွေ့ရပြီး အင်္ဂလန် ကလပ်အသင်းတွေမှာဆိုရင် ချဲလ်ဆီးအသင်းက ကစားသမား လေးယောက်ပါဝင်ကာ အဲဒီလေးယောက်ထဲမှာ ကွင်းလယ်ကစားမာတာက အဆင့်သတ်မှတ်ချက် အမြင့်ဆုံးဖြစ်တာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းမှာဆိုရင် ထိပ်တန်း အယောက် ၅၀ စာရင်း ထဲမှာ ကာဇိုလာနဲ့ အိုဇေးလ်တို့နှစ်ဦးပါဝင်ပြီး မန်စီးတီး အသင်းဟာ ကစားသမားငါးဦးထိ ပါဝင်ကာ အင်္ဂလန် ပရီးမီးယားလိဒ်အသင်းတွေထဲမှာ ထိပ်တန်းကစားသမားပါဝင်မှု အများဆုံး အသင်းအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။

(IN’D)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.