အချစ်စစ်အကြောင်းကိုပြောမယ်ဆို သူတို့စုံတွဲလေးတွေကိုလည်းချန်ထားလို့မရ…
၎)Victor Hugo and Gabriela Peralta
Unicode
တစ်ယောက်နဲ့တစ်ယောက် မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ခင်စုံမက်ကြတဲ့အခါ ပြီးပြည့်စုံတဲ့ Relationship တစ်ခုဖြစ်လာပါတယ်။ရေရှည်ခိုင်မြဲပြီးသံယောဇဉ်ကြိုးချည်နှောင် ဖို့အတွက် အဓိကအခြေခံအကျဆုံးလိုအပ်ချက်ကဘယ်တော့မှဟောင်းမသွားမယ့်အချစ်ပါ။ဟောင်းမသွားမယ့်အချစ်လို့ပြောရတဲ့အကြောင်းကလည်း တစ်ချို့တွေက ကိုယ့်ချစ်သူထက် ရုပ်ပိုင်းဆိုင်ရာသာလွန်တာ၊ငွေကြေးဓနဥစ္စာသာလွန်တာမျိုးတွေ့ရင်ပိုပြီးသဘောကျတတ်ကြပါတယ်။ဒါပေမဲ့ အချစ်စစ်မှန်ရင် ဘယ်လိုကွာခြားချက်မျိုး၊ဘယ်လိုခြားနားမှုမျိုးကမှ တားဆီးလို့မရဘူး၊ကြားလေသွေးလို့မရဘူးဆိုတာ ဒီစုံတွဲလေးတွေက သက်သေပြနေပါတယ်။သူတို့ကိုကြည့်ပြီး အော် အချစ်စစ်ဆိုတာ ဒါမျိုးပဲလို့တွေးမိလောက်အောင် အချစ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြသွားသူတွေဖြစ်ပါတယ်။ အချစ်သာစစ်ရင် တစ်ခြားသူတွေဘာပြောပြော၊ဘာထင်ထင်ဂရုစိုက်စရာမလိုဘူးဆိုတာ သက်သေပြခဲ့တဲ့စုံတွဲလေးတွေကတော့…
၁)Joelison Fernandes de Silva & Evem Medeiros
ဘရာဇီးနိုင်ငံရဲ ့အရပ်အရှည်ဆုံး၊ကမ္ဘာမှာတတိယမြောက်အရပ်အရှည်ဆုံးအမျိုးသားဖြစ်သူ Joelison ဟာ ကလေးဘဝကတည်းက ရွယ်တူသူငယ်ချင်းတွေနဲ့အရပ်ကွာခြားမှုကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ရဲခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ အရွယ်ရောက်လာတော့ သူ့ရဲ ့ကြောက်စိတ်ကိုတွန်းလှန်ခဲ့ပြီး အိမ်ထဲကအိမ်ပြင်ထွက်နိုင်ခဲ့သလို အခုဆိုရင် ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးဘဝကိုရနေပါပြီ။အချစ်စစ်မှန်ရင် ဘယ်လိုမတူညီမှုမျိုးကမှ ခြားနားလို့မရပါဘူး။Joelison ဟာ ၂၀၁၅ တုန်းက သူ့ထက် ရနှစ်ငယ်ပြီး အရပ် ၂ပေ ၅လက်မသာရှိတဲ့ Evem Medeiros ဆိုတဲ့အမျိုးသမီးလေးကို လက်ထပ်ခဲ့ပါတယ်တဲ့။
၂)Anton Kraft and China Bell
Anton Kraft ဆိုတဲ့အမျိုးသားဟာ အရပ် ၄ပေသာရှိပေမဲ့သူ့ခန္ဓာကိုယ်ရဲ့လေးဆ သာတဲ့အလေးချိန် ကို မနိုင်သူတစ်ယောက်အဖြစ်စံချိန်တင်ထားသူဖြစ်ပါတယ်။ သူ့ရဲ ့လက်တွဲဖော်ကတော့ ဖလော်ရီဒါပြည်နယ်က အရပ် ၆ပေ ၃လက်မမြင့်တဲ့ China Bell ဆိုတဲ့အမျိုးသမီးပါ။ထူးခြားတာက ထိုအမျိုးသမီးဟာ ယောကျ်ားလေးအဖြစ်မွေးဖွား
ခဲ့ပေမဲ့ လိင်ပြောင်းခဲ့တာပဲဖြစ်ပါတယ်။သူတို့စုံတွဲဟာလည်း အချစ်စစ်ကိုဖော်ပြခဲ့တဲ့ ကမ္ဘာသိစုံတွဲလေးဖြစ်ပါတယ်။
၃)Verne Troyer and Genevieve Gallen
သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေသိကြမှာပါ။Verne Troyer ဟာ Austin Powers မှာပါဝင်သရုပ်ဆောင်ထားသူဖြစ်ပြီးGenevieve Gallen ကတော့ Gringotts မှင်စာလေးအဖြစ် Harry Potterဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ မော်ဒယ်လ်တစ်ယောက်လိုချောမောလှပတဲ့ Verne နဲ့ အရပ် ၂ပေ ၅လက်မသာရှိတဲ့ Genevieve တို့အချစ်ဇာတ်လမ်းက ယုံနိုင်စရာမရှိပေမဲ့လည်း တကယ်ဖြစ်ခဲ့တာပါ။သူတို့နှစ်ယောက်ဟာ ၂၀၀၄ခုနှစ်ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာပဲပြတ်စဲသွားခဲ့ပါတယ်တဲ့။အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲခဲ့ကြပေမဲ့လည်း အားလုံးကသူတို့ကို အချစ်စစ်ဆိုတာဘယ်လို အရာမျိုးနဲ့မှ မတားဆီးနိုင်ဘူး လို့သက်သေပြခဲ့တဲ့စုံတွဲလေးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
၄)Victor Hugo and Gabriela Peralta
ဖူးစာဆိုတာတကယ်ရှိတယ်လို့ ယုံရမလိုပါပဲ။သူတို့နှစ်ယောက်ဟာ ကမ္ဘာ့တက်တူးအများဆုံး ထိုးထားသူအဖြစ်စံချိန်တင်ထားသူတွေပါ။ပြီးတော့ သူတို့နှစ်ယောက်ရဲ ့ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီးအလှဆင်ထားတဲ့အရာရရခုရှိပါတယ်တဲ့။ဒီလိုလိုက်ဖက်လှတဲ့သူတို့နှစ်ယောက်ဟာလက်ထပ်ခဲ့ကြတာနှစ်ပေါင်း၂ဝနီးပါးရှိနေပါပြီ။နှစ်ယောက်သားကိုယ်ပိုင်တက်တူးထိုးဆိုင်လေး လည်းဖွင့်ခဲ့ကြတယ်လို့သိရပါတယ်။
၅)Elisany da Silva Cruz and Francinaldo da Silva Carvalho
သူတို့နှစ်ယောက်ဟာလည်း ကမ္ဘာကျော်စုံတွဲလေးပါပဲ။ကမ္ဘာပေါ်မှာအရပ်အရှည်ဆုံး အမျိုးသမီးအဖြစ်စံချိန်တင်ထားခဲ့သူအမျိုးသမီးလေး Elisany da Silva Cruz ရဲ ့လက်တွဲဖော်ကတော့ Francinaldo ဆိုတဲ့ပုံမှန်အရပ်အမြင့်နဲ့အမျိုးသားတစ်ဦးပါ။ အချစ်စစ်သာမှန်ရင်ရုပ်ပိုင်းဆိုင်ရာတွေကအရေးမကြီးတဲ့အကြောင်းကို သူတို့စုံတွဲလေးက လက်ထပ်ပြီးပျော်ပျော်ရွှင်ရွှင်နေခြင်းဖြင့် သက်သေပြခဲ့ပါတယ်။အခုချိန်ထိလည်း
ဘာပြဿနာမှမရှိပဲ ဘဝကိုပျော်ရွှင်စွာအတူဖြတ်သန်းနေကြပါတယ်။
၆)Gloria Shuri Henry and Ali Lawrie
အင်စတာဂရမ်မှာ ရေပန်းစားခဲ့တဲ့သူတို့စုံတွဲလေးဟာလည်း အားကျလေးစားစရာစုံတွဲလေးပါ။ ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းရုပ်ရည်ကွာခြားမှုရှိပေမဲ့အချစ်စစ်ကိုပိုင်ဆိုင်ခဲ့တဲ့သူတို ့နှစ်ယောက်ရဲ ့မင်္ဂလာဆောင်ဓာတ်ပုံတွေက အားလုံးကိုအားကျစေခဲ့ပါတယ်။အစပိုင်းမှာတော့ သူတို့ရဲ ့အချစ်ကို မယုံကြည်ကြပဲ ဝေဖန်ကြသူတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အားလုံးက အားကျခဲ့ရပါတယ်။မြင်တဲ့အတိုင်းပါပဲ။ဘယ်လိုနေထိုင်မှုပုံစံမတူညီမှုမျိုးကမှ အချစ်စစ်မှာ ပြဿနာမဟုတ်ပါဘူး။
၇)Ashley Stevens and Christopher Reed
ဝေဖန်မှုတွေများစွာခံနေရတဲ့ကြားက အချစ်စစ်ကိုသက်သေပြသွားခဲ့တဲ့စုံတွဲလေးပါ။ဝေဖန်မှုတွေ ဘယ်လောက်များများ သူတို့နှစ်ယောက်ကတော့ကပြန်လည်ဖြေရှင်းဖို့မကြိုးစားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဓာတ်ပုံတစ်ပုံလောက်ကိုကြည့်ပြီး သူတို့နှစ်ယောက်အကြောင်းကို ဘာမှမသိနိုင်ပါဘူး။အဲ့ဒါကြောင့်ဒီလိုဝေဖန်မှုတွေကိုလျစ်လျူရှုထားတာပါတဲ့။သူငယ်ချင်းတစ်ယောက်ရဲ ့မင်္ဂလာပွဲမှာ Ashley Stevens ဆိုတဲ့အမျိုးသမီးလေးက လက်ကိုင်ပန်းစည်းရ သွားခဲ့တဲ့ ပုံလေးကို ထိုသူငယ်ချင်းက တင်ထားခဲ့ပြီးဘေးနားကတစ်ယောက်ကသူမရဲ့ချစ်သူပါလို ့ရေးသားခဲ့ရာကနေ ဝေဖန်မှုတွေ၊အံ့သြတဲ့ကောမန့်တွေရခဲ့တာပဲဖြစ်ပါတယ်။သူတို့ကတော့ အဲ့ဒါကိုဂရုမစိုက်ပဲ လက်ထပ်ခဲ့ကြတာ အခုဆိုရင် ၂နှစ်ကျော်နီးပါးရှိပါပြီ။
453 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.