ချစ်သူလေးနဲ့ချိန်းမတွေ့ခင် ယောက်ျားလေးတွေလုပ်လေ့ရှိတာတွေ

လူတစ်ကိုယ်အကျင့်တစ်မျိုးဆိုသလိုပဲ ယောက်ျားလေးတွေမှာလည်း မိန်းကလေးတွေလိုက်မမီအောင်ထူးခြားတဲ့စိတ်နေစိတ်ထားနဲ့အကျင့်စရိုက်တွေရှိပါတယ်တဲ့။မိန်းကလေးများဗဟုသုတရစေရန်အလို့ငှာ ချစ်သူနဲ့ချိန်းမတွေ့ခင် ယောက်ျားလေးတွေလုပ်လေ့ရှိတာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

မလိုအပ်တဲ့အမွှေးအမျှင်တွေရိတ်သင်တာ

ဒါပေါ့ ဒါပေါ့၊ကောင်မလေးနဲ့သွားတွေ့ရမယ်ဆိုမှတော့ မုတ်ဆိတ်တို့နှုတ်ခမ်းမွှေးတို့ရိတ်ပြီးသပ်သပ်ရပ်ရပ်လေးသွားတာကအကောင်းဆုံးပြင်ဆင်မှုပေါ့။ဒါပေမယ့် များသောအားဖြင့်ယောက်ျားလေးတွေက ချစ်သူလေးနဲ့ချိန်းမတွေ့ခင် personal grooming ပြုလုပ်ရာမှာ မမြင်ကွယ်ရာနေရာက အမွှေးအမျှင်တွေပါရိတ်သင်သွားကြတယ်လို့သိရပါတယ်။

 

အတွင်းခံအသစ်တွေဝယ်တာ

ဘာအကျင့်မှန်းတော့မသိပေမယ့် မိန်းကလေးတွေက ချိန်းမတွေ့ခင် ခန္ဓာကိုယ်အပေါ်ပိုင်းအတွင်းခံအသစ်တွေဝယ်ယူဝတ်ဆင်သွားလေ့ရှိကြသလိုပဲ ယောက်ျားလေးတွေကလည်းပဲ အတွင်းခံအသစ်တွေဝယ်လေ့ရှိကြပါတယ်တဲ့။ဒီကိစ္စကိုယောက်ျားလေးအများစုက အနံ့ထွက်မှာစိုးလို့ဖြစ်ကြောင်းဆင်ခြေပေးကြပါတယ်။

 

လေ့ကျင့်ခန်းပြုလုပ်တယ်

မိန်းကလေးတွေကပွဲလမ်းသဘင်တွေသွားစရာရှိမှ ကပ်ပြီိးနှစ်ရက်နဲ့ပေါင်နှစ်ဆယ်ကျနည်းတွေဘာတွေအစွမ်းကုန်ကြိုးစားလုပ်သလို ယောက်ျားလေးတွေမှာလည်းပဲ ကောင်မလေးနဲ့ချိန်းမတွေ့ခင် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းလာအောင် လေ့ကျင့်ခန်းပြုလုပ်လေ့ရှိကြပြီိး ဘာမှသိသာထင်ရှားတဲ့ result ထွက်မလာရင်တောင်မှ အဲ့ဒီလိုလုပ်မှ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိတာဖြစ်ကြောင်းလည်းသိရပါတယ်။ထူးဆန်းပါပေ့ ကတွတ်ပီရယ်။

 

ရေမွှေးရွေးချယ်ဝယ်ယူ

ဒါကတော့ ယောက်ျားလေးအများစုလုပ်လေ့ရှိတဲ့ကိစ္စပါပဲ။ တိမ်းမူးဖွယ်ရေမွှေးရနံ့မျိုးဆွတ်သွားပြီး ကောင်မလေးကိုဆွဲဆောင်တာမျိုးပေါ့။ဒါပေမယ့် အချို့သူတွေကတော့ သူများနဲ့မတူ တမူထူးခြားပါတယ်။အဲ့ဒါကတော့ ကောင်မလေးရဲ့ဆွေမျိုးသားချင်းတွေနဲ့ရင်းနှီးရင် ကောင်မလေးရဲ့အစ်ကိုတို့မောင်တို့ကိုယ်ကထွက်တဲ့အနံ့မျိုး သူတို့ကိုယ်မှာလည်းရအောင်ဖန်တီးယူတတ်တာပါပဲ။ဒါကို စိတ်ပညာရှင်တွေက ထူးဆန်းတဲ့စိတ်ရောဂါတစ်မျိုးလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ဒီလိုလုပ်တာလည်းသူတို့ကိုအပြစ်မဆိုသာပါဘူး၊စိတ်ပညာသုတေသနစာတမ်းတွေအရ မိန်းကလေးတွေက သူတို့အဖေတွေမောင်တွေနဲ့ ကိုယ်သင်းရနံ့တူတဲ့ယောက်ျားလေးတွေကိုပိုပြီးစွဲလန်းတတ်လေ့ရှိကြောင်းဖော်ပြထားတာကိုး။

 

ဖုန်းကိုသန့်ရှင်းရေးလုပ်တယ်

တစ်မျိုးမထင်ပါနဲ့။ဖုန်းအလုံးလိုက်ကြီးကို တိုက်ချွတ်ဆေးကြောတာကိုပြောတာမဟုတ်ပါဘူး။ ဖုန်းထဲက Browser history လို၊message histories တွေလို Facebook ရဲ့ search history လိုအရာတွေကို အစအနမကျန်အောင်သန့်ရှင်းလေးလုပ်လေ့ရှိတာပါ။ ကောင်မလေးက ဘယ်အချိန်လျှပ်တပြက်စစ်ဆေးရေးဝင်မလဲမသိဘူးမဟုတ်လား။

 

အထက်ဖော်ပြပါအချက်တွေကတော့ ချစ်သူနဲ့ချိန်းမတွေ့ခင်ယောက်ျားလေးတွေလုပ်တတ်တဲ့အရာတွေပဲဖြစ်ပါတယ်။သင်ကယောက်ျားလေးတစ်ယောက်ဆိုရင်မှန်မမှန်သင့်ကိုယ်သင်ဆန်းစစ်ကြည့်ပါ။မိန်းကလေးဆိုရင်လည်း ကိုကိုတွေမောင်မောင်တွေကို Mention ခေါ်ပြီးမေးကြည့်သင့်ပါတယ်၊ FA မဟုတ်ရင်ပေါ့ 😛

 

Unicode Format













370 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.