အေးတိအေးစက်သွေးအေးသတ္တ၀ါကြီးကိုချစ်သူတော်ထားရတဲ့ပျိုမေတို့သိစေဖို့
(၁) သစ္စာဖောက်ခဲတယ်
(၂) မချော့တတ်ဘူး
Unicode
လူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့လောကကြီးထဲမှာ လူတစ်ယောက်နဲ့တစ်ယောက်ကတော့ပုံစံချင်းမတူနိုင်ကြပါဘူးလေ။ ကိုယ့်ချစ်ရသူက အေးတိအေးစက်နေတတ်တဲ့ကောင်လေးတစ်ယောက်
ဖြစ်နေပြီဆိုရင်တော့ ဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားတဲ့ပျိုမေတို့သိသင့်တဲ့အချက်လေးတွေကဘာတွေလဲဆိုတာအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…
(၁) သစ္စာဖောက်ခဲတယ်
အေးတိအေးစက်နေတတ်တဲ့ကောင်လေးတွေဟာ တော်ရုံချစ်တတ်ကြိုက်တတ်ကြသူတွေမဟုတ်ပါဘူး။ ဒီလို တော်ရုံကိုမချစ်တတ်မကြိုက်တတ်တဲ့ကြားကသင့်ကိုချစ်နေတယ်သင့်ချစ်သူအဖြစ်ရှိနေပြီဆိုရင်တော့ ဂုဏ်ယူသင့့်ပါတယ်။ သင့်ကိုတကယ်ချစ်လိုိ့သာချစ်ရေးဆိုခဲ့တာနေမှာပါ။ ဆိုတော့ ဒီလိုလူမျိုးက ရည်းစားရှိလျက်နဲ့တစ်ခြားသူကိုချစ်ကြိုက်ဖို့ဖောက်ပြန်ဖိုကဆိုတာ ဝေလာဝေး တာမလို့ သစ္စာဖောက်မှာတော့စိတ်ပူစရာမလိုပါဘူး။
(၂) မချော့တတ်ဘူး
သူတို့တွေအတွက်လူတစ်ယောက်ကိုချော့ရတာဟာ တကယ်ကိုခက်ခဲတဲ့အရာပါ။ မာနခံပြီးတင်းထားတာမဟုတ်ပေမဲ့ အေးဆေးနေတတ်တဲ့သဘာဝကြောင့်တော်ရုံ လူတွေနဲ့ဆင်ပြေအောင်ပေါင်းပြီးချော့ဖို့ခဲယဉ်းတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကောင်မလေးရဲ့စိတ်ဆိုးဒဏ်တွေ စိတ်ကောက်မှုတွေနဲ့ပတ်သတ်လာရင်သူတို့အတွက်စိတ်ရှုပ်စရာဖြစ်တတ်တာမလို့အတတ်နိုင်ဆုံးစိတ်မကောက်ပဲချစ်ချစ်ခင်ခင်နေတာကိုပိုသဘောကျတတ်ကြပါတယ်။
(၃) အမှန်တိုင်းတွေပြောတတ်တယ်(စာမဖွဲ့တတ်တာမျိုး)
နောက်တစ်ခုကတော့ အလိုက်မသိဘူးလို့လည်းပြောလို့ရတဲ့အရာတစ်ခုပါပဲ ။ ကိုယ့်ကောင်မလေးက ကြည်ကြည်နူးနူးစကားတွေကြားချင်လို့ မေးတိုင်းပြောတိုင်း အမှန်တိုင်း မြင်သလို
စာမဖွဲ့ပဲပြောတတ်တာမျိုးတွေကြောင့်ကောင်မလေးရဲ့ရင်ထဲမှာသူ့အတွက်ငါက ဘာမှမဟုတ်ဘူးဆိုတဲ့အတွေးမျိုးတွေဝင်လာစေတဲ့အထိပါပဲ။ဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားတဲ့ပျိုမေတွေဟာသူငါ့ကိုမချစ်လို့မဟုတ်၊ သူ့ရဲ့အေးစက်တဲ့ အကျင့်ကြီး သွေးအေးပြီး စာမဖွဲ့တတ်တဲ့အကျင့်ကြီးကြောင့်ပါလားဆိုပြီး သိပ်ခံစားမနေပဲ ကြိုးစားနားလည်ပေးသင့်ပါတယ်။
(၄) ချစ်တာကိုလက်တွေ့သက်သေပြတတ်ကြတယ်
ချစ်တာကိုပါးစပ်ကနေ တဖွဖွပြောတတ်တာမျိုးမဟုတ်ပဲ ကိုယ့်ကောင်မလေးရဲ့တကယ်လိုအပ်နေတဲ့အရာတွေကိုသာဖြည့်ဆည်းပေးချင်တတ်ကြသူတွေပါ။ ဒါကြောင့်Romantic မဆန်ပင်မဲ့လည်း ကိုယ့်ကိုတကယ်ချစ်တာကိုသိထားပြီး နားလည်းပေးတတ်ဖို့လိုပါတယ်။
(၅) သင်ရစ်လို့ရစ်နေမှန်းစိတ်တိုလို့တိုနေမှန်းတောင်မခွဲခြားတတ်ကြဘူး
မိန်းကလေးတစ်ယောက်အတွက်သိပ်ကိုအူယားစရာကောင်းတဲ့အချက်ပါပဲ။ ကိုယ့်ချစ်သူကကိုယ်စိတ်တိုနေလို့တိုနေမှန်းမသိကိုယ်ရွဲ့ပြောလို့ပြောမှန်းမသိပဲ. ဒါပဲဆိုရင် ချက်ချင်းဖုန်းချပေးလိုက်တာမျိုး၊ထွက်သွားဆိုရင်ချက်ချင်းထွက်သွားတာမျိုး၊ကိုယ်စိတ်ဆိုးနေပါတယ်လို့ပေါ်တင်မပြောမချင်းစိတ်ဆိုးမှန်းမသိတာမျိုး ဒီလိုကိုယ်ရဲ့စိတ်ကိုအတွင်းထိမမြင်တတ်ကြတာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်ဒီလိုခပ်အေးအေးသွေးအေးသတ္တဝါကြီးနဲ့ချစ်သူဖြစ်နေရပြီဆိုရင် ကိုယ်ကလည်းသူမှသူပဲဆိုရင်တော့ သူရဲ့ဒီလိုအလိုက်မသိတတ်တဲ့အချက်လေးတွေကိုလည်း နားလည်ပေးနိုင်ဖို့လိုပါတယ်နော်။
တကယ်ချစ်ရတဲ့စုံတွဲတိုင်းတစ်ယောက်အပေါ်တစ်ယောက်နားလည်မှုအပြည့်နဲ့ပျော်ရွှင်စွာသက်ဆုံးတိုင်လက်တွဲသွားနိင်ကြပါစေလို့ဆုတောင်းရင်း…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.