Beyonce ရဲ့မမျှော်လင့်ထားပဲထွက်ခဲ့တဲ့ self-titled album Beyonce ဟာ တစ်ရက်ထဲမှာပဲ ယူနစ်ပေါင်း လေးသိန်းသုံးသောင်းကျော်ရောင်းရပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၉နာရီ iTunes ကနေစတင်ထွက်ရှိတဲ့ဒီ album ဟာသုံးနာရီကြာအတွင်း ယူနစ်ပေါင်း ရှစ်သောင်းကျော်ရောင်းချခဲ့ရပါတယ်။
သောကြာနေ့မှာတော့ နောက်ထပ် သုံးသောင်းခွဲရောင်းရပါတယ်။
Beyonce ရဲ့ album မှာ သီချင်းတစ်ပုဒ်ဆီအတွက် ဗီဒီယို ၁၇ခုပါဝင်ထားပြီး
Jay Z, Drake, Chimamanda Ngozi Adichie, Frank Olean နဲ့ Blue IVY တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Track တစ်ခုချင်းစီကိုတော့ ဒီဇင်ဘာ၂၀မှာဝယ်ယူလို့ရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီ album ကို ၁၅.၉၉ ဒေါ်လာနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။
Ref:hiphopdx
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။