အားကစားလုပ္ျပီးခ်ိန္မွာေရ၀၀မေသာက္ခဲ႔ရင္…

လူတစ္ေယာက္အတြက္ပံုမွန္အားကစားတစ္ခုကိုမျဖစ္မေနလုပ္ေပးသင္႔တာအေသခ်ာပါပဲ။ အားကစားလုပ္လုပ္တဲ႔အခ်ိန္မွာထိထိေရာက္ေရာက္နဲ႕ အက်ိဳးရွိေအာင္ကစားဖုိ႕လည္းလိုသလို အားကစားလုပ္ျပီးခ်ိန္မွာလည္း ေရကိုလံုေလာက္၀လင္စြာေသာက္သံုးဖို႕ကသိပ္ကိုအေရးပါလွပါတယ္။ ဆိုေတာ႔ ေရလံုေလာက္စြာမသိမိရင္ ဘယ္လိုဆိုးက်ိဳးေတြကသင္႔ကိုေစာင္႔ျကိုေနမလဲဆိုတာ…
(၁) အစားပိုမင္လာတယ္

ေလ႔က်င္႔ခန္းလုပ္တယ္ဆုိတာ ကိုယ္ခႏၶာက်စ္လစ္သန္မာေအာင္ ၀လာတာမ်ိဳးေတြကို ေလ်ာ႔ခ်နိုင္ေအာင္ဆိုပင္မဲ႔ ဒီလုိကစားျပီးခိ်န္ေရလံုေလာက္စြာမေသာက္တဲ႔သူေတြအဖို႕ကေတာ႔ဆန္႕က်င္ဘက္ေတြျဖစ္လာနုိင္ပါတယ္။ ကစားျပီးရင္ေရ၀၀မေသာက္တဲ႔သူေတြဟာ အစားေသာက္စားတဲ႔အခါပိုျပီးစားလာနုိင္တာမ်ိဳး၊ ဗိုက္ခဏခဏဆာျပီးစားခ်င္စိတ္မ်ားေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ေလ႔က်င္႔ခန္းလုပ္ျပီး ဗိုက္ေခ်ာင္ေအာင္လုပ္သလုိျဖစ္သြားတာေျကာင္႔ ဒီလိုအစားပိုမမင္ေစဖို႕ေရမ်ားမ်ားေသာက္ဖို႕လိုပါတယ္။
(၂) အာရံုစူးစိုက္မႈအားေလ်ာ႔လာတယ္၊ ပင္ပန္းႏြမ္းနယ္မႈတိုးလာတယ္


ေလ႔က်င္႔ခန္းလုပ္ျပီး ခ်ိန္ေရ၀၀မေသာက္တဲ႔သူေတြဟာ အခ်ိန္ျကာလာတာနဲ႕အမ်ွ အားကစားလုပ္ရတာဟာ ပင္ပန္းရံုသက္သက္ျကီးျဖစ္ျပီး အာရံုစူးစိုက္မႈအားေလ်ာ႕နည္းတာမ်ိဳး အျမဲဆိုသလို အိပ္ခ်င္
ပင္ပန္းေနတာမ်ိဳးေတြျဖစ္လာေစပါတယ္။
(၃) မ်က္လံုးအစ္လာမယ္


မ်က္လံုးေအာက္ဖက္ေနရာကေနအသားေတြအစ္လာတာမ်ိဳး မ်က္လံုးမို႕မို႕ျကီးျဖစ္ေနတာမ်ိဳးေတြဟာ အားကစားလုပ္ျပီးခ်ိန္မွာေရမ်ားမ်ား မေသာက္မိတဲ႔သူေတြျဖစ္ေလ႔ရွိတဲ႔ လကၡဏာ တစ္မ်ိဳးပါပဲ။
(၄) ျကြက္သားေတြမသန္မာပဲနာက်င္လာမယ္

အားကစားလုပ္ျခင္းဟာ ျကြက္သားေတြကိုသန္မာေစျပီး ခႏၶာကိုယ္ကို ပိုမိုက်စ္လ်စ္ေစတာအမွန္ပါပဲ။ ဒါေပမဲ႔အားကစားလုပ္ျပီးတုိင္း ေရ၀၀မေသာက္တဲ႔သူေတြဟာ က်စ္လ်စ္သန္မာတဲ႔ခႏၶာကိုယ္ကိုမပိုင္ဆိုင္ရပဲ ေလ႔က်င္႔ခန္းလုပ္တာျကာေလျကာေလျကြက္သားေတြမသန္မာပဲေရာင္ရမ္းလာျပီးပိုပိုနာက်င္ေလျဖစ္ေစနိုင္ပါတယ္။
(၅) အားကစားလုပ္ရတာပိုပင္ပန္းလာမယ္

အားကစားလုပ္ရတာဟာသက္လံုေကာင္းေစတဲ႔ နည္းလမ္းတစ္ခုပါ။ ဒါေပမဲ႔ အားကစားလုပ္ျပီးခ်ိန္မွာဆံုးရံႈးသြားတဲ႔ေရဓာတ္ေတြကို ေကာင္းမြန္စြာျပန္လည္ျဖည္႔တင္းေပးျခင္းမရွိပဲေရအ၀င္နည္းရင္ေတာ႔ အားကစားလုပ္ရတာဟာ ပင္ပန္းရံုသပ္သပ္ျကီးသာျဖစ္ေနနုိင္ပါတယ္။ ဒါေျကာင္႔ ပိုပင္ပန္းတာမ်ိဳးျဖစ္မလာေစဖုိ႕အားကစားလုပ္ျပီးတုိင္းေရ၀၀သာေသာက္ပါ။
(၆) အိုမင္းရင္႔ေရာ္မႈျမန္ဆန္လာေစမယ္

အိုမင္းရင္႔ေရာ္မႈကိုအားကစားလုပ္ျခင္းကေနေလ်ာ႔ခ်ေပးလုိ႕ရပါတယ္။ သို႕ေသာ္လည္းအေပၚကေျပာခဲ႔သလုိပဲ ယူတုိ႕အားကစားလုပ္ျပီးခ်ိန္ေရ၀၀မေသာက္လုိ႕ကေတာ႔ ဘယ္လုိအားကစားပဲပံုမွန္လုပ္လုပ္ အိုမင္းရင္႔ေရာ္မႈေတြ နည္းေကြးမသြားပဲျမန္ဆန္ေနတာကို လက္ေတြ႕ခံစားရမွာပါ။
ဆိုေတာ႔ နည္းလမ္းတက်နဲ႕အားကစားေလးလုပ္ရင္းလုပ္ျပီးတုိင္းမွာ ခန္းေျခာက္သြားတဲ႔ေရဓာတ္ကိုျပန္လည္ျဖည္႔တင္းကာ ေပ်ာ္ရႊင္က်န္းမာနုိ္င္ျကပါေစလုိ႕ဆုေတာင္းရင္း…

Unicode

လူတစ်ယောက်အတွက်ပုံမှန်အားကစားတစ်ခုကိုမဖြစ်မနေလုပ်ပေးသင့်တာအသေချာပါပဲ။ အားကစားလုပ်လုပ်တဲ့အချိန်မှာထိထိရောက်ရောက်နဲ့ အကျိုးရှိအောင်ကစားဖို့လည်းလိုသလို အားကစားလုပ်ပြီးချိန်မှာလည်း ရေကိုလုံလောက်ဝလင်စွာသောက်သုံးဖို့ကသိပ်ကိုအရေးပါလှပါတယ်။ ဆိုတော့ ရေလုံလောက်စွာမသိမိရင် ဘယ်လိုဆိုးကျိုးတွေကသင့်ကိုစောင့်ကြိုနေမလဲဆိုတာ…
(၁) အစားပိုမင်လာတယ်
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ်ခန္ဓာကျစ်လစ်သန်မာအောင် ဝလာတာမျိုးတွေကို လျော့ချနိုင်အောင်ဆိုပင်မဲ့ ဒီလိုကစားပြီးချိန်ရေလုံလောက်စွာမသောက်တဲ့သူတွေအဖို့ကတော့ဆန့်ကျင်ဘက်တွေဖြစ်လာနိုင်ပါတယ်။ ကစားပြီးရင်ရေဝဝမသောက်တဲ့သူတွေဟာ အစားသောက်စားတဲ့အခါပိုပြီးစားလာနိုင်တာမျိုး၊ ဗိုက်ခဏခဏဆာပြီးစားချင်စိတ်များနေတာမျိုးတွေဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ဗိုက်ချောင်အောင်လုပ်သလိုဖြစ်သွားတာကြောင့် ဒီလိုအစားပိုမမင်စေဖို့ရေများများသောက်ဖို့လိုပါတယ်။
(၂) အာရုံစူးစိုက်မှုအားလျော့လာတယ်၊ ပင်ပန်းနွမ်းနယ်မှုတိုးလာတယ်
လေ့ကျင့်ခန်းလုပ်ပြီး ချိန်ရေဝဝမသောက်တဲ့သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ အားကစားလုပ်ရတာဟာ ပင်ပန်းရုံသက်သက်ကြီးဖြစ်ပြီး အာရုံစူးစိုက်မှုအားလျော့နည်းတာမျိုး အမြဲဆိုသလို အိပ်ချင်
ပင်ပန်းနေတာမျိုးတွေဖြစ်လာစေပါတယ်။
(၃) မျက်လုံးအစ်လာမယ်
မျက်လုံးအောက်ဖက်နေရာကနေအသားတွေအစ်လာတာမျိုး မျက်လုံးမို့မို့ကြီးဖြစ်နေတာမျိုးတွေဟာ အားကစားလုပ်ပြီးချိန်မှာရေများများ မသောက်မိတဲ့သူတွေဖြစ်လေ့ရှိတဲ့ လက္ခဏာ တစ်မျိုးပါပဲ။
(၄) ကြွက်သားတွေမသန်မာပဲနာကျင်လာမယ်
အားကစားလုပ်ခြင်းဟာ ကြွက်သားတွေကိုသန်မာစေပြီး ခန္ဓာကိုယ်ကို ပိုမိုကျစ်လျစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့အားကစားလုပ်ပြီးတိုင်း ရေဝဝမသောက်တဲ့သူတွေဟာ ကျစ်လျစ်သန်မာတဲ့ခန္ဓာကိုယ်ကိုမပိုင်ဆိုင်ရပဲ လေ့ကျင့်ခန်းလုပ်တာကြာလေကြာလေကြွက်သားတွေမသန်မာပဲရောင်ရမ်းလာပြီးပိုပိုနာကျင်လေဖြစ်စေနိုင်ပါတယ်။
(၅) အားကစားလုပ်ရတာပိုပင်ပန်းလာမယ်
အားကစားလုပ်ရတာဟာသက်လုံကောင်းစေတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ အားကစားလုပ်ပြီးချိန်မှာဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ကောင်းမွန်စွာပြန်လည်ဖြည့်တင်းပေးခြင်းမရှိပဲရေအဝင်နည်းရင်တော့ အားကစားလုပ်ရတာဟာ ပင်ပန်းရုံသပ်သပ်ကြီးသာဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပိုပင်ပန်းတာမျိုးဖြစ်မလာစေဖို့အားကစားလုပ်ပြီးတိုင်းရေဝဝသာသောက်ပါ။
(၆) အိုမင်းရင့်ရော်မှုမြန်ဆန်လာစေမယ်
အိုမင်းရင့်ရော်မှုကိုအားကစားလုပ်ခြင်းကနေလျော့ချပေးလို့ရပါတယ်။ သို့သော်လည်းအပေါ်ကပြောခဲ့သလိုပဲ ယူတို့အားကစားလုပ်ပြီးချိန်ရေဝဝမသောက်လို့ကတော့ ဘယ်လိုအားကစားပဲပုံမှန်လုပ်လုပ် အိုမင်းရင့်ရော်မှုတွေ နည်းကွေးမသွားပဲမြန်ဆန်နေတာကို လက်တွေ့ခံစားရမှာပါ။
ဆိုတော့ နည်းလမ်းတကျနဲ့အားကစားလေးလုပ်ရင်းလုပ်ပြီးတိုင်းမှာ ခန်းခြောက်သွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းကာ ပျော်ရွှင်ကျန်းမာနို်င်ကြပါစေလို့ဆုတောင်းရင်း…

28 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.