ရုပ်ရှင်တစ်ကား ရိုက်ကူးပြီးဆုံးသွားပေမယ့်လည်း သရုပ်ဆောင်တွေရဲ့ သူတို့ကြားက ဆက်ဆံရေးတွေကတော့ အေးစက်သွားတယ်လို့မရှိပါဘူး။
ချစ်စရာကောင်းတဲ့ IU လေးကတော့ မင်းသားချော Lee Joon Gi အတွက် အံ့သြစရာလက်ဆောင်ပေးခဲ့ပါတယ်။
Lee Joon Gi က Lawless Lawyer ဇာတ်ကားရိုက်ကွင်းမှာ IU ပို့ပေးလိုက်တဲ့ လက်ဆောင်ကြီးလို့အပျော်ကြီး ပျော်နေလေရဲ့။ အဲ့ဒါက ကော်ဖီကားလေးတစ်စင်းဖြစ်ပါတယ်။
” ကျေးဇူးပါပဲ.. Ji Eun ရေ.. လက်ဆောင်ကြောင့် အလုပ်လုပ်ရတာ ပိုပြီးအားတွေပြည့်သွားပြီ။ မင်းလည်း ဒီထက်မက အောင်မြင်ပါစေ.. လက်ဆောင်အတွက် အရမ်းပျော်ပါတယ် ”လို့ Le Joon Gi က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
IUတစ်ယောက် My Mister ရုပ်ရှင်ရိုက်နေချိန်တုန်းကလည်း Le Joon Gi က မုန့်ကားကြီးတစ်စင်းလက်ဆောင်ပေးခဲ့ပါတယ်။
IU ရဲ့ လက်ဆောင်တွေနဲ့ ပျော်ပျော်ကြီး ဓာတ်ပုံရိုက်ထားတဲ့ Le Joon Gi ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။