၀ိတ္တက္မွာစုိးရိမ္လုိ႔ ဘာမွမစားပဲဗုိက္ဆာဆာနဲ႔ျပန္အိပ္ရတဲ႔ညေတြေက်ာ္လြန္ႏုိင္ေစဖုိ႔…

ရိုးရုိးသားသား၀န္ခံရေၾကးဆုိရင္ လူတုိင္းက အစားအေသာက္စားရတာကုိႏွစ္သက္ၾက တယ္မဟုတ္လား?အထူးသျဖင့္ ညအိပ္ခါနီးအခ်ိန္၊အိပ္ရာ၀င္ခါနီးအခ်ိန္ေတြမွာေပါ့။ဒါေပမဲ႔လည္း ညအိပ္ခါနီးအစားစားတဲ႔အခါ ကုိယ္အေလးခ်ိန္တက္မယ္ဆိုတဲ႔အေတြးၾကီးေၾကာင့္ ဗုိက္ဆာေပမဲ႔လည္္း ဗုိက္ဆာဆာနဲ႔ပဲျပန္အိပ္လိုက္ၾကရပါတယ္။ဒါေပမဲ႔ အဲ႔ဒီလုိဗိုက္ဆာဆာနဲ႔ျပန္ အိပ္စရာမလိုပဲညအိပ္ရာ၀င္ခါနီးစားလို႔ရတဲ႔အစားအစာေတြကုိေလ့လာၾကည့္တဲ႔အခါမွာ
ဒါေလးေတြကုိေတြ႔ရွိခဲ႔ရပါတယ္။ဒီအစားအစာေတြကပရိုတင္းဓာတ္မ်ားတယ္၊သၾကားဓာတ္နည္းတယ္။အဲ႔ဒါေၾကာင့္ ကုိယ္အေလးခ်ိန္တက္မွာစုိးရိမ္စရာမလိုပဲ စိတ္ခ်လက္ခ်စားႏိုင္ပါတယ္တဲ႔။ ဘာေတြလဲဆုိရင္…

၁)ခ်ိစ္
ခ်ိစ္က ပရိုတင္းဓာတ္ျမင့္မားစြာပါ၀င္တဲ႔အစားအစာတစ္ခုပါ။အဲ႔ဒါေၾကာင့္ ခ်ိစ္ျပားေလးတစ္ျပား စားထားမယ္ဆုိရင္ ဗုိက္၀ေစျပီး မနက္အထိအဆာခံပါတယ္တဲ႔။ညအိပ္ခါနီး ဗုိက္လည္းဆာတတ္ တယ္၊ကုိယ္အေလးခ်ိန္လည္းမတက္ခ်င္ဘူးဆုိရင္ low Fatခ်ိစ္ေတြကုိေရြးခ်ယ္ ၀ယ္ယူထားဖုိ႔လုိပါတယ္။

၂)Cottage cheese
Cottage cheese ဆုိတာက အနံ႔အနည္းငယ္ထည့္သြင္းထားတဲ႔ခ်ိစ္တစ္မ်ိဳးပါ။ဒီခ်ိစ္မွာလည္း ပရိုတင္းဓာတ္မ်ားျပားျပီး အစာေျခခ်က္မႈေႏွးတာေၾကာင့္ညဘက္ဗုိက္ဆာတဲ႔အခါ အနည္းငယ္စားေပးရံုနဲ႔ ဗုိက္ျပည့္မႈကုိခံစားရရွိေစပါတယ္။

၃)ဒိန္ခ်ဥ္
သိပၸံပညာရွင္ေတြရဲ ႔ေလ့လာခ်က္အရ ဒိန္ခ်ဥ္ဟာ ညဘက္ဗုိက္ဆာတဲ႔အခါ အဆာေျပစားဖုိ႔ အသင့္ေတာ္ဆံုးပဲလုိ႔ေတြ႔ရွိခဲ႔ရပါတယ္။ဒိန္ခ်ဥ္ကပရိုတင္းဓာတ္မ်ားျပားျပီး အဆီလည္း နည္းပါတယ္။သၾကားဓာတ္လည္းနည္းလုိ႔ ကုိယ္အေလးခ်ိန္တက္မွာစုိးရိမ္စရာမလိုပါဘူး။သဘာ၀
ဒိန္ခ်ဥ္စစ္စစ္ကသင့္ရဲ႔အစာအိမ္ကုိျပည့္၀ေနေစပါလိမ့္မယ္။ပုိျပီးအရသာရွိရွိစားခ်င္တယ္ဆိုရင္အသီးအနည္းငယ္ထည့္လို႔ရပါတယ္။

၄)မုန္႔ခ်ပ္မ်ား
ဂ်ံဳအရသာျပည့္၀တဲ႔မုန္႔ခ်ပ္ေတြက ညဘက္ဗုိက္ဆာရင္အဆာေျပစားႏုိင္တဲ႔အစားအစာ ေတြျဖစ္ပါတယ္။ခ်ိစ္နဲ႔သဘာ၀အသီးအႏွံေတြစုေပါင္းျပီးျပဳလုပ္္ထားတဲ႔ မုန္႔ခ်ပ္ေတြက အရသာလည္းရွိျပီးကယ္လိုရီလည္းနည္းပါးလို႔ညဘက္ဗုိက္ဆာတတ္သူေတြ၀ယ္ထားဖုိ႔လိုတယ္ေနာ္။အဲဒါဆိုကုိယ္အေလးခ်ိန္တက္ေစတဲ႔အစားအစာေတြစားမိေနတာကုိလည္းေရွာင္ျပီးသားျဖစ္မွာပါ။

၅)ေျပာင္းဖူးေပါက္ေပါက္
ေျပာင္းဖူးေပါက္ေပါက္ဆိုလို႔ အံ႔ၾသသြားမယ္ထင္္ပါတယ္။ေျပာင္းဖူးေပါက္ေပါက္က ကယ္လုိရီမ်ားတဲ႔သေရစာ တစ္ခုလို႔အားလံုးကထင္ထားၾကပါတယ္။ဒါေပမဲ႔ စနစ္တက်နဲ႔ေသခ်ာလုပ္ထားတဲ႔ေျပာင္းဖူးေပါက္ေပါက္က ညဘက္ဗုိက္ဆာတဲ႔အခါ အဆာေျပစားႏုိင္တဲ႔အစားအစာတစ္ခုပါတဲ႔။ေထာပတ္နဲ႔လုပ္ထားတဲ႔ေျပာင္းဖူးေပါက္ေပါက္ က ကယ္လိုရီမ်ားတာေသခ်ာေပမဲ့ ကုိယ္တိုင္ေသခ်ာလုပ္တဲ႔ေျပာင္းဖူးေပါက္ေပါက္ကေတာ့ အႏၱရာယ္ကင္းျပီးက်န္းမာေရးနဲ႔ညီညြတ္တာေသခ်ာတဲ႔အတြက္ ညအိပ္ရာ၀င္ခါနီးလည္း စားေပးလုိ႔ရပါတယ္။

၆)ၾကက္ဥ
ဗုိက္အရမ္းဆာလို႔ထမင္းထစားလိုက္တာ၊တစ္ျခားဗုိက္ျမန္ျမန္ျပည့္ေစတဲ႔ကယ္လိုရီမ်ားတဲ႔အစားအစာေတြစားမယ့္အစား ညဘက္ဗုိက္ဆာတတ္တဲ႔အက်င့္ရွိရင္ ၾကက္ဥေလးျပဳတ္ထား သင့္ပါတယ္။ၾကက္ဥျပဳတ္က ၇၅ကယ္လုိရီသာပါ၀င္ျပီး ပရိုတင္းဓာတ္မ်ားျပားပါတယ္။အဲ႔ဒါေၾကာင့္ ၾကက္ဥကသင္ညအိပ္ရာ၀င္ခါနီးစားဖုိ႔အသင့္ေတာ္ဆံုးသေရစာတစ္မ်ိဳးလည္းျဖစ္ပါတယ္။

၇)အသီးအႏွံ
သေရစာမုန္႔ေတြ၊အဆီတက္တဲ႔အစားအစာေတြမစားခ်င္ဘူးဆုိရင္ေတာင္ ညဘက္အဆာေျပ အေနနဲ႔ အသီးအႏွံေတြလည္းစားလို႔ရပါတယ္ေနာ္။မုန္လာဥတို႔၊ဆလတ္ရြက္ ၊သခြားသီးစတဲ႔ အသီးအႏံွေတြကလည္း အာဟာရျပည့္၀ေစဖုိ႔ တစ္ညလံုးအဆာခံ ဗိုက္ျပည့္ေစပါတယ္။

၈)ငွက္ေပ်ာသီး
ငွက္ေပ်ာသီးဟာ ကယ္လုိရီမ်ားျပားတဲ႔သေရစာတစ္မ်ိဳးျဖစ္ေပမဲ႔လည္း ပုိတက္ဆီယမ္နဲ႔ မဂၢနီဆီယမ္ဓာတ္ပါ၀င္မႈလည္းမ်ားျပားတာေၾကာင့္ညီမ်ွတဲ႔အာဟာရရွိတယ္ လို႔ေျပာလို႔ရပါတယ္။ေလ့လာခ်က္ေတြအရ ညအိပ္ရာ၀င္ခါနီးငွက္ေပ်ာသီးတစ္လံုးစားေပးတာက ဗုိက္ျပည့္၀ေစသလုိေကာင္းေကာင္းလည္းအိပ္ေပ်ာ္ေစပါတယ္တဲ႔။

သတိျပဳစရာတစ္ခုကေတာ့ ညအိပ္ရာ၀င္ခါနီး အသီးအႏွံစားလို႔ရတယ္ဆိုေပမဲ႔ ပန္းသီးကုိေတာ့မစားပါနဲ႔။ပန္းသီးက ကယ္လိုရီမ်ားျပီးသဘာ၀အာဟာရေတြျပည့္၀တာေၾကာင့္ မနက္ေစာေစာ ဒါမွမဟုတ္ေန႔လည္ဘက္ေတြမွာသာစားေပးသင့္ပါတယ္။ ပန္းသီးကုိ ညဘက္မွာမစားသင့္တာကေတာ့ပန္းသီးအခြံမွာပါတဲ႔အမ်ွင္ဓာတ္ဟာ အစာေျခဖ်က္ဖုိ႔ အခ်ိန္အနည္းငယ္ၾကာပါတယ္။အဲ႔ဒါက ညဘက္အိပ္စက္မႈကုိ ေႏွာင့္ယွက္ႏုိင္တဲ႔အတြက္ေၾကာင့္ပါ။

ညအိပ္ရာ၀င္ခါနီးစားလို႔ရတဲ႔အစားအစာေလးေတြသိထားေတာ့ ဗုိက္ဆာဆာနဲ႔ျပန္အိပ္ရတဲ႔ညေတြကုိ ေက်ာ္လြန္ႏုိင္ျပီေပါ့။

Unicode

ရိုးရိုးသားသားဝန်ခံရကြေးဆိုရင် လူတိုင်းက အစားအသောက်စားရတာကိုနှစ်သက်ကြ တယ်မဟုတ်လား?အထူးသဖြင့် ညအိပ်ခါနီးအချိန်၊အိပ်ရာဝင်ခါနီးအချိန်တွေမှာပေါ့။ဒါပေမဲ့လည်း ညအိပ်ခါနီးအစားစားတဲ့အခါ ကိုယ်အလေးချိန်တက်မယ်ဆိုတဲ့အတွေးကြီးကြောင့် ဗိုက်ဆာပေမဲ့လည််း ဗိုက်ဆာဆာနဲ့ပဲပြန်အိပ်လိုက်ကြရပါတယ်။ဒါပေမဲ့ အဲ့ဒီလိုဗိုက်ဆာဆာနဲ့ပြန် အိပ်စရာမလိုပဲညအိပ်ရာဝင်ခါနီးစားလို့ရတဲ့အစားအစာတွေကိုလေ့လာကြည့်တဲ့အခါမှာ
ဒါလေးတွေကိုတွေ့ရှိခဲ့ရပါတယ်။ဒီအစားအစာတွေကပရိုတင်းဓာတ်များတယ်၊သကြားဓာတ်နည်းတယ်။အဲ့ဒါကြောင့် ကိုယ်အလေးချိန်တက်မှာစိုးရိမ်စရာမလိုပဲ စိတ်ချလက်ချစားနိုင်ပါတယ်တဲ့။ ဘာတွေလဲဆိုရင်…

၁)ချိစ်
ချိစ်က ပရိုတင်းဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတစ်ခုပါ။အဲ့ဒါကြောင့် ချိစ်ပြားလေးတစ်ပြား စားထားမယ်ဆိုရင် ဗိုက်ဝစေပြီး မနက်အထိအဆာခံပါတယ်တဲ့။ညအိပ်ခါနီး ဗိုက်လည်းဆာတတ် တယ်၊ကိုယ်အလေးချိန်လည်းမတက်ချင်ဘူးဆိုရင် low Fatချိစ်တွေကိုရွေးချယ် ဝယ်ယူထားဖို့လိုပါတယ်။

၂)Cottage cheese
Cottage cheese ဆိုတာက အနံ့အနည်းငယ်ထည့်သွင်းထားတဲ့ချိစ်တစ်မျိုးပါ။ဒီချိစ်မှာလည်း ပရိုတင်းဓာတ်များပြားပြီး အစာခြေချက်မှုနှေးတာကြောင့်ညဘက်ဗိုက်ဆာတဲ့အခါ အနည်းငယ်စားပေးရုံနဲ့ ဗိုက်ပြည့်မှုကိုခံစားရရှိစေပါတယ်။

၃)ဒိန်ချဉ်
သိပ္ပံပညာရှင်တွေရဲ ့လေ့လာချက်အရ ဒိန်ချဉ်ဟာ ညဘက်ဗိုက်ဆာတဲ့အခါ အဆာပြေစားဖို့ အသင့်တော်ဆုံးပဲလို့တွေ့ရှိခဲ့ရပါတယ်။ဒိန်ချဉ်ကပရိုတင်းဓာတ်များပြားပြီး အဆီလည်း နည်းပါတယ်။သကြားဓာတ်လည်းနည်းလို့ ကိုယ်အလေးချိန်တက်မှာစိုးရိမ်စရာမလိုပါဘူး။သဘာဝ
ဒိန်ချဉ်စစ်စစ်ကသင့်ရဲ့အစာအိမ်ကိုပြည့်ဝနေစေပါလိမ့်မယ်။ပိုပြီးအရသာရှိရှိစားချင်တယ်ဆိုရင်အသီးအနည်းငယ်ထည့်လို့ရပါတယ်။

၄)မုန့်ချပ်များ
ဂျုံအရသာပြည့်ဝတဲ့မုန့်ချပ်တွေက ညဘက်ဗိုက်ဆာရင်အဆာပြေစားနိုင်တဲ့အစားအစာ တွေဖြစ်ပါတယ်။ချိစ်နဲ့သဘာဝအသီးအနှံတွေစုပေါင်းပြီးပြုလုပ််ထားတဲ့ မုန့်ချပ်တွေက အရသာလည်းရှိပြီးကယ်လိုရီလည်းနည်းပါးလို့ညဘက်ဗိုက်ဆာတတ်သူတွေဝယ်ထားဖို့လိုတယ်နော်။အဲဒါဆိုကိုယ်အလေးချိန်တက်စေတဲ့အစားအစာတွေစားမိနေတာကိုလည်းရှောင်ပြီးသားဖြစ်မှာပါ။

၅)ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်ဆိုလို့ အံ့သြသွားမယ်ထင််ပါတယ်။ပြောင်းဖူးပေါက်ပေါက်က ကယ်လိုရီများတဲ့သရေစာ တစ်ခုလို့အားလုံးကထင်ထားကြပါတယ်။ဒါပေမဲ့ စနစ်တကျနဲ့သေချာလုပ်ထားတဲ့ပြောင်းဖူးပေါက်ပေါက်က ညဘက်ဗိုက်ဆာတဲ့အခါ အဆာပြေစားနိုင်တဲ့အစားအစာတစ်ခုပါတဲ့။ထောပတ်နဲ့လုပ်ထားတဲ့ပြောင်းဖူးပေါက်ပေါက် က ကယ်လိုရီများတာသေချာပေမဲ့ ကိုယ်တိုင်သေချာလုပ်တဲ့ပြောင်းဖူးပေါက်ပေါက်ကတော့ အန္တရာယ်ကင်းပြီးကျန်းမာရေးနဲ့ညီညွတ်တာသေချာတဲ့အတွက် ညအိပ်ရာဝင်ခါနီးလည်း စားပေးလို့ရပါတယ်။

၆)ကြက်ဥ
ဗိုက်အရမ်းဆာလို့ထမင်းထစားလိုက်တာ၊တစ်ခြားဗိုက်မြန်မြန်ပြည့်စေတဲ့ကယ်လိုရီများတဲ့အစားအစာတွေစားမယ့်အစား ညဘက်ဗိုက်ဆာတတ်တဲ့အကျင့်ရှိရင် ကြက်ဥလေးပြုတ်ထား သင့်ပါတယ်။ကြက်ဥပြုတ်က ၇၅ကယ်လိုရီသာပါဝင်ပြီး ပရိုတင်းဓာတ်များပြားပါတယ်။အဲ့ဒါကြောင့် ကြက်ဥကသင်ညအိပ်ရာဝင်ခါနီးစားဖို့အသင့်တော်ဆုံးသရေစာတစ်မျိုးလည်းဖြစ်ပါတယ်။

၇)အသီးအနှံ
သရေစာမုန့်တွေ၊အဆီတက်တဲ့အစားအစာတွေမစားချင်ဘူးဆိုရင်တောင် ညဘက်အဆာပြေ အနေနဲ့ အသီးအနှံတွေလည်းစားလို့ရပါတယ်နော်။မုန်လာဥတို့၊ဆလတ်ရွက် ၊သခွားသီးစတဲ့ အသီးအနှံတွေကလည်း အာဟာရပြည့်ဝစေဖို့ တစ်ညလုံးအဆာခံ ဗိုက်ပြည့်စေပါတယ်။

၈)ငှက်ပျောသီး
ငှက်ပျောသီးဟာ ကယ်လိုရီများပြားတဲ့သရေစာတစ်မျိုးဖြစ်ပေမဲ့လည်း ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်မှုလည်းများပြားတာကြောင့်ညီမျှတဲ့အာဟာရရှိတယ် လို့ပြောလို့ရပါတယ်။လေ့လာချက်တွေအရ ညအိပ်ရာဝင်ခါနီးငှက်ပျောသီးတစ်လုံးစားပေးတာက ဗိုက်ပြည့်ဝစေသလိုကောင်းကောင်းလည်းအိပ်ပျော်စေပါတယ်တဲ့။

သတိပြုစရာတစ်ခုကတော့ ညအိပ်ရာဝင်ခါနီး အသီးအနှံစားလို့ရတယ်ဆိုပေမဲ့ ပန်းသီးကိုတော့မစားပါနဲ့။ပန်းသီးက ကယ်လိုရီများပြီးသဘာဝအာဟာရတွေပြည့်ဝတာကြောင့် မနက်စောစော ဒါမှမဟုတ်နေ့လည်ဘက်တွေမှာသာစားပေးသင့်ပါတယ်။ ပန်းသီးကို ညဘက်မှာမစားသင့်တာကတော့ပန်းသီးအခွံမှာပါတဲ့အမျှင်ဓာတ်ဟာ အစာခြေဖျက်ဖို့ အချိန်အနည်းငယ်ကြာပါတယ်။အဲ့ဒါက ညဘက်အိပ်စက်မှုကို နှောင့်ယှက်နိုင်တဲ့အတွက်ကြောင့်ပါ။

ညအိပ်ရာဝင်ခါနီးစားလို့ရတဲ့အစားအစာလေးတွေသိထားတော့ ဗိုက်ဆာဆာနဲ့ပြန်အိပ်ရတဲ့ညတွေကို ကျော်လွန်နိုင်ပြီပေါ့။

542 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.