ထူးဆန္းေနေပမဲ႔ တကယ္အလုပ္ျဖစ္တဲ႔က်န္းမာေရးဆုိင္ရာနည္းလမ္းမ်ား…

ဒီနည္းလမ္းေလးေတြကုိၾကားဖူးတဲ႔သူတစ္ခိ်ဳ႔ရွိမွာျဖစ္သလို မသိေသးတဲ႔သူေတြလည္း ရွိေနမွာပါ။က်န္းမာေရးနဲ႔ပတ္သက္လာရင္ အခုေနာက္ပုိင္းမွာလူေတာ္ေတာ္မ်ားမ်ားက လည္း ေသခ်ာဂရုတစုိက္ရွိေနၾကပါျပီ။အဲ႔ဒါေၾကာင့္ ဒီလုိ နည္းလမ္းေလးေတြကလည္း က်န္းမာေရးကုိေစာင့္ေရွာက္ရာမွာအကူအညီေပးႏုိင္ပါလိမ့္မယ္။ဘာေတြလဲဆုိေတာ့…

၁)ပင္ပန္းေနတဲ႔အခ်ိန္ ေလ့က်င့္ခန္းလုပ္ပါ
တစ္ေနကုန္ပင္ပန္းရတဲ႔ၾကားထဲေလ့က်င့္္ခန္းလုပ္ရင္ပုိုျပီးပင္ပန္းမွာေပါ့လို႔ေတြးစရာရွိပါတယ္။ဒါေပမဲ႔ လုပ္သင့္ပါတယ္တဲ႔။ဘာလို႔လဲဆုိေတာ့ဒီလုိကုိယ္လက္လႈပ္ရွားမႈလုပ္ေပးတာက ကုန္ဆံုးသြားတဲ႔ အားအင္ေတြကုိျပန္ျပီးတက္ၾကြလန္းဆန္းလာေစပါတယ္။ေလ့လာခ်က္ေတြအရ မိနစ္ ၃၀ေလာက္ ျဖည္းျဖည္းခ်င္း ကုိယ္လက္လႈပ္ရွားမႈလုပ္ေပးမယ္ဆုိရင္ ပင္ပန္းတာေတြေလ်ွာ့ခ်ေပးျပီး ျပန္လည္လန္းဆန္းတက္ၾကြလာေစပါတယ္။ျပီးေတာ ့စိတ္ညစ္စရာအေတြးေတြလည္း
ေျပေပ်ာက္သြားေစပါတယ္တဲ႔။

၂)ဦးေႏွာက္လႈပ္ရွားမႈတက္ၾကြေစဖုိ႔ လက္ကုိအသံုးျပဳပါတဲ႔
တစ္ခုခုကုိ ဦးေႏွာက္နဲ႔မွတ္မယ့္အစား စာရြက္တစ္ရြက္မွာခ်ေရးလိုက္ပါတဲ႔။ျပီးရင္ အဲ႔ဒီစာကုိျပန္ဖတ္လိုက္တာက ဦးေႏွာက္မွတ္ဥာဏ္ကုိပိုျပီးလႈပ္ရွားမႈရွိေစကာ ခဏေလးနဲ႔ေမ့မသြားပဲ မွတ္မိလြယ္ေစပါတယ္တ႔ဲ။အဲ႔ဒါေၾကာင့္ စာက်က္တဲ႔အခါ ေရးလိုက္၊က်က္လိုက္လုပ္တာက ေရရွည္မွတ္မိေစတဲ႔နည္းလမ္းတစ္ခုပါ။

၃)ကုိယ္အေလးခ်ိန္က်ခ်င္ရင္ အခ်ိဳရည္ေတြကုိေရွာင္ပါ
ကုိယ္အေလးခ်ိန္က်ခ်င္တယ္ဆုိရင္ အခ်ိဳရည္ေတြကုိ အဓိကထားျပီးေရွာင္ဖုိ႔လိိုပါတယ္။ ေလ့လာခ်က္ေတြအရ အ၀လြန္သူေတြဟာ ဆိုဒါအခ်ိဳရည္ေတြကုိအမ်ားဆံုးေသာက္သံုး ေလ့ရွိတာကိုေတြ႔ရပါတယ္။ကယ္လုိရီမ်ားတဲ႔အစားအစာေတြသာမက အခ်ိဳရည္ေတြ၊ သၾကားဓာတ္မ်ားျပားတဲ႔အရည္ေတြက ကုိယ္အေလးခ်ိန္ကို ျမန္ျမန္ဆန္ဆန္တုိး လာေစတာပါ။အဲ႔ဒါေၾကာင့္ ဒီလုိအခ်ိဳရည္ေတြေရွာင္လိုက္တာနဲ႔ ကုိယ္အေလးခ်ိန္ ေလ်ွာ့ခ်ျပီးသားျဖစ္ေစပါတယ္။

၄)ပူအိုက္တဲ႔ရာသီဥတုမွာ ပူေႏြးတာေသာက္ပါတဲ႔
ထူးထူးျခားျခားပါပဲ။ပူအိုက္ေနတဲ႔အခ်ိန္ အားလံုးက ေရခဲေရ၊အေအးေတြေသာက္္ၾကတယ္ဆုိတာ အေျဖရွာစရာေတာင္မလိုပါဘူး။ဒါေပမဲ႔ ပူအိုက္တဲ႔ရာသီဥတု၊ပူအိုက္တဲ႔အခ်ိန္မွာေသာက္သင့္တာက ေကာ္ဖီပူပူ၊လက္ဖက္ရည္ပူပူစတဲ႔ပူေႏြးတာေတြပါတဲ႔။ေလ့လာခ်က္ေတြအရ ဒီလုိပူေႏြးတဲ႔
ေကာ္ဖီကုိေသာက္လိုက္ေပမဲ႔ ပူေလာင္မသြားပဲေအးလာေစပါတယ္တဲ႔။ပူတဲ႔အခိ်န္မွာ ေကာ္ဖီပူပူေလးတစ္ခြက္ေသာက္လုိက္တဲ႔အခါ ခႏၶာကုိယ္ရဲ ႔အပူအခိ်န္ကုိ ထိန္းခ်ဳပ္သလိုျဖစ္ျပီး ေခြ်းပုိထြက္လာေစပါတယ္။အဲ႔ဒါေၾကာင့္ ခႏၶာကုိုယ္ထဲကအပူေခြ်းေတြအျပင္ထြက္လာတဲ႔အခါ ေအးသြားသလိုခံစားရေစတာပါ။

၅)ပင္ပန္းေနတဲ႔အခ်ိန္စြမ္းအားျဖည့္အခ်ိဳရည္ေတြမေသာက္ပါနဲ႔
သိပၸံပညာရွင္ေတြရဲ႔ေလ့လာခ်က္အရ အားျဖည့္အခ်ိဳရည္ေတြမွာ ေကာ္ဖီထက္ ငါးဆေလာက္ကဖင္း ဓာတ္ပါ၀င္ပါတယ္။ဒါ့အျပင္တစ္ျခား ဆုိးက်ိဳးေတြလည္းရရွိေစပါတယ္။ဒီလုိအားျဖည့္အခ်ိဳရည္ေတြ ကုိ အားျပည့္လန္းဆန္းတယ္ဆုိျပီး အျမဲေသာက္ေနမယ္ဆိုရင္ ေသြးထဲမွာသၾကားဓာတ္ ေတြမ်ားျပားလာျပီး က်န္းမာေရးအတြက္ေကာင္းမြန္ေစတာမဟုတ္ေတာ့ပါဘူး။ျပီးေတာ့ သၾကားဓာတ္ျမင့္တက္လာတဲ႔အခါ ပင္ပန္းႏြမ္းနယ္မႈေျပေပ်ာက္တာထက္ ပုိျပီးအိပ္ခ်င္စိတ္ ျဖစ္လာေစပါတယ္တဲ႔။

၆)ခိုင္မာတဲ႔သြားေတြပုိင္ဆုိင္ရဖုိ႔ ထမင္းစားျပီးျပီးခ်င္း သြားမတုိက္ပါနဲ႔
တစ္ခိ်ဳ႔ေတြက ထမင္းစားျပီးတာနဲ႔ သြားေတြသန္႔ရွင္းေအာင္ ခ်က္ခ်င္းသြားတိုက္ေလ့ရွိပါတယ္။ တကယ္ေတာ့ အဲ႔ဒီလုိခ်က္ခ်င္းသြားတိုက္တာဟာသြားေၾကြလႊာေတြကုိပ်က္စီးေစ ပါတယ္။အဲ႔ဒါေၾကာင့္ ထမင္းစားျပီးတာနဲ႔ ခ်က္ခ်င္းသြားမတိုက္ပဲ နာရီ၀က္၊တစ္နာရီေလာက္ေနမွ သြားတိုက္ဖုိ႔အၾကံေပးခ်င္ပါတယ္။

၇)ေကာ္ဖီက ေန႔ခင္းဘက္တေရးအိပ္စက္မႈကုိကူညီေပးႏုိင္တယ္
ဂ်ပန္ႏုိင္ငံပညာရွင္ေတြရဲ ႔ေလ့လာခ်က္အရ ကဖင္းဓာတ္ ၂၀၀ မီလီဂရမ္ပါ၀င္တဲ႔ေကာ္ဖီတစ္ခြက္ကို မအိပ္ခင္ မိနစ္ ၂၀ေလာက္မွာ ေသာက္သံုးေပးမယ္ဆိုရင္ေကာင္းေကာင္းလည္းအိပ္ေပ်ာ္ေစျပီး နုိးလာတဲ႔အခါမွာလည္းတက္ၾကြလန္းဆန္းစြာနဲ႔အလုပ္ေကာင္းေကာင္းလုပ္ႏုိင္လာပါတယ္တဲ႔။အဲ႔ဒါေၾကာင့္ေန႔ခင္းေန႔လည္တေရးအိပ္ဖို႔စဥ္းစားထားရင္မအိပ္ခင္နာရီ၀က္အလိုမွာေကာ္ဖီတစ္ခြက္ေလာက္ ေသာက္ျပီး တစ္ေန႔တာအတြက္အားအင္ေတြအျပည့္ယူလိုက္ပါ။

Unicode

ဒီနည်းလမ်းလေးတွေကိုကြားဖူးတဲ့သူတစ်ချို့ရှိမှာဖြစ်သလို မသိသေးတဲ့သူတွေလည်း ရှိနေမှာပါ။ကျန်းမာရေးနဲ့ပတ်သက်လာရင် အခုနောက်ပိုင်းမှာလူတော်တော်များများက လည်း သေချာဂရုတစိုက်ရှိနေကြပါပြီ။အဲ့ဒါကြောင့် ဒီလို နည်းလမ်းလေးတွေကလည်း ကျန်းမာရေးကိုစောင့်ရှောက်ရာမှာအကူအညီပေးနိုင်ပါလိမ့်မယ်။ဘာတွေလဲဆိုတော့…

၁)ပင်ပန်းနေတဲ့အချိန် လေ့ကျင့်ခန်းလုပ်ပါ
တစ်နေကုန်ပင်ပန်းရတဲ့ကြားထဲလေ့ကျင့််ခန်းလုပ်ရင်ပိုုပြီးပင်ပန်းမှာပေါ့လို့တွေးစရာရှိပါတယ်။ဒါပေမဲ့ လုပ်သင့်ပါတယ်တဲ့။ဘာလို့လဲဆိုတော့ဒီလိုကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကုန်ဆုံးသွားတဲ့ အားအင်တွေကိုပြန်ပြီးတက်ကြွလန်းဆန်းလာစေပါတယ်။လေ့လာချက်တွေအရ မိနစ် ၃ဝလောက် ဖြည်းဖြည်းချင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးမယ်ဆိုရင် ပင်ပန်းတာတွေလျှော့ချပေးပြီး ပြန်လည်လန်းဆန်းတက်ကြွလာစေပါတယ်။ပြီးတော ့စိတ်ညစ်စရာအတွေးတွေလည်းပြေပျောက်သွားစေပါတယ်တဲ့။

၂)ဦးနှောက်လှုပ်ရှားမှုတက်ကြွစေဖို့ လက်ကိုအသုံးပြုပါတဲ့
တစ်ခုခုကို ဦးနှောက်နဲ့မှတ်မယ့်အစား စာရွက်တစ်ရွက်မှာချရေးလိုက်ပါတဲ့။ပြီးရင် အဲ့ဒီစာကိုပြန်ဖတ်လိုက်တာက ဦးနှောက်မှတ်ဉာဏ်ကိုပိုပြီးလှုပ်ရှားမှုရှိစေကာ ခဏလေးနဲ့မေ့မသွားပဲ မှတ်မိလွယ်စေပါတယ်တဲ့။အဲ့ဒါကြောင့် စာကျက်တဲ့အခါ ရေးလိုက်၊ကျက်လိုက်လုပ်တာက ရေရှည်မှတ်မိစေတဲ့နည်းလမ်းတစ်ခုပါ။

၃)ကိုယ်အလေးချိန်ကျချင်ရင် အချိုရည်တွေကိုရှောင်ပါ
ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် အချိုရည်တွေကို အဓိကထားပြီးရှောင်ဖို့လိိုပါတယ်။ လေ့လာချက်တွေအရ အဝလွန်သူတွေဟာ ဆိုဒါအချိုရည်တွေကိုအများဆုံးသောက်သုံး လေ့ရှိတာကိုတွေ့ရပါတယ်။ကယ်လိုရီများတဲ့အစားအစာတွေသာမက အချိုရည်တွေ၊ သကြားဓာတ်များပြားတဲ့အရည်တွေက ကိုယ်အလေးချိန်ကို မြန်မြန်ဆန်ဆန်တိုး လာစေတာပါ။အဲ့ဒါကြောင့် ဒီလိုအချိုရည်တွေရှောင်လိုက်တာနဲ့ ကိုယ်အလေးချိန် လျှော့ချပြီးသားဖြစ်စေပါတယ်။

၄)ပူအိုက်တဲ့ရာသီဥတုမှာ ပူနွေးတာသောက်ပါတဲ့
ထူးထူးခြားခြားပါပဲ။ပူအိုက်နေတဲ့အချိန် အားလုံးက ရေခဲရေ၊အအေးတွေသောက််ကြတယ်ဆိုတာ အဖြေရှာစရာတောင်မလိုပါဘူး။ဒါပေမဲ့ ပူအိုက်တဲ့ရာသီဥတု၊ပူအိုက်တဲ့အချိန်မှာသောက်သင့်တာက ကော်ဖီပူပူ၊လက်ဖက်ရည်ပူပူစတဲ့ပူနွေးတာတွေပါတဲ့။လေ့လာချက်တွေအရ ဒီလိုပူနွေးတဲ့
ကော်ဖီကိုသောက်လိုက်ပေမဲ့ ပူလောင်မသွားပဲအေးလာစေပါတယ်တဲ့။ပူတဲ့အချိန်မှာ ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ ့အပူအချိန်ကို ထိန်းချုပ်သလိုဖြစ်ပြီး ချွေးပိုထွက်လာစေပါတယ်။အဲ့ဒါကြောင့် ခန္ဓာကိုုယ်ထဲကအပူချွေးတွေအပြင်ထွက်လာတဲ့အခါ အေးသွားသလိုခံစားရစေတာပါ။

၅)ပင်ပန်းနေတဲ့အချိန်စွမ်းအားဖြည့်အချိုရည်တွေမသောက်ပါနဲ့
သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ အားဖြည့်အချိုရည်တွေမှာ ကော်ဖီထက် ငါးဆလောက်ကဖင်း ဓာတ်ပါဝင်ပါတယ်။ဒါ့အပြင်တစ်ခြား ဆိုးကျိုးတွေလည်းရရှိစေပါတယ်။ဒီလိုအားဖြည့်အချိုရည်တွေ ကို အားပြည့်လန်းဆန်းတယ်ဆိုပြီး အမြဲသောက်နေမယ်ဆိုရင် သွေးထဲမှာသကြားဓာတ် တွေများပြားလာပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေတာမဟုတ်တော့ပါဘူး။ပြီးတော့ သကြားဓာတ်မြင့်တက်လာတဲ့အခါ ပင်ပန်းနွမ်းနယ်မှုပြေပျောက်တာထက် ပိုပြီးအိပ်ချင်စိတ် ဖြစ်လာစေပါတယ်တဲ့။

၆)ခိုင်မာတဲ့သွားတွေပိုင်ဆိုင်ရဖို့ ထမင်းစားပြီးပြီးချင်း သွားမတိုက်ပါနဲ့
တစ်ချို့တွေက ထမင်းစားပြီးတာနဲ့ သွားတွေသန့်ရှင်းအောင် ချက်ချင်းသွားတိုက်လေ့ရှိပါတယ်။ တကယ်တော့ အဲ့ဒီလိုချက်ချင်းသွားတိုက်တာဟာသွားကြွေလွှာတွေကိုပျက်စီးစေ ပါတယ်။အဲ့ဒါကြောင့် ထမင်းစားပြီးတာနဲ့ ချက်ချင်းသွားမတိုက်ပဲ နာရီဝက်၊တစ်နာရီလောက်နေမှ သွားတိုက်ဖို့အကြံပေးချင်ပါတယ်။

၇)ကော်ဖီက နေ့ခင်းဘက်တရေးအိပ်စက်မှုကိုကူညီပေးနိုင်တယ်
ဂျပန်နိုင်ငံပညာရှင်တွေရဲ ့လေ့လာချက်အရ ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ပါဝင်တဲ့ကော်ဖီတစ်ခွက်ကို မအိပ်ခင် မိနစ် ၂ဝလောက်မှာ သောက်သုံးပေးမယ်ဆိုရင်ကောင်းကောင်းလည်းအိပ်ပျော်စေပြီး နိုးလာတဲ့အခါမှာလည်းတက်ကြွလန်းဆန်းစွာနဲ့အလုပ်ကောင်းကောင်းလုပ်နိုင်လာပါတယ်တဲ့။အဲ့ဒါကြောင့်နေ့ခင်းနေ့လည်တရေးအိပ်ဖို့စဉ်းစားထားရင်မအိပ်ခင်နာရီဝက်အလိုမှာကော်ဖီတစ်ခွက်လောက် သောက်ပြီး တစ်နေ့တာအတွက်အားအင်တွေအပြည့်ယူလိုက်ပါ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.