ဆွာရက်ဇ် ဒီလိုသာခြေစွမ်းတွေ အရမ်းကောင်းနေရင် လီဗာပူးလ်အတွက် ခက်ရချည်သေးလို့ ဂျရတ်ပြော

unnamed_4.jpg

ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)အဖြစ် ၀ှိုက်ဟတ်လိန်းကွင်းမှာ အိမ်ရှင်တော့တင်ဟမ်ကို လီဗာပူးလ်က (၅)ဂိုးပြတ်အ နိုင်ယူခဲ့ခြင်းဟာ တကယ့်ကိုအံအားသင့်စရာဖြစ်သွားခဲ့ရပါပြီ။ ဒီပွဲမှာ လီဗာပူးလ်အတွက် အထူးခြေစွမ်းပြခဲ့သူ ကတော့ လူးဝစ်ဆွာရက်ဇ်ဖြစ်ပြီး  ကိုယ်တိုင်(၂)ဂိုးသွင်းခဲ့သလို အသင်းဖော်များအတွက်လည်း (၂)ဂိုးဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာပါဝင်ကစားသွားခဲ့ကြတဲ့ အသင်းသားများကို ကမ္ဘာ့အကောင်းဆုံးများလို့ ဒဏ်ရာ ကြောင့် မပါဝင်နိုင်ဖြစ်နေတဲ့ အသင်းခေါင်းဆောင်စတီဗင်ဂျရတ်က တင်စားချီးကျူးလာခဲ့သလို သူ့ရဲ့စိုးရိမ်မှုကိုလည်း ထုတ်ပြောလာခဲ့ပါပြီ။ “သူက တကယ့်ကိုပြတ်သားတဲ့သူပါ။ ဂိုးဘယ်လောက်ပဲ ရထားပါစေ၊ ကြိုးစားမှုကိုလျော့မ ပစ်တတ်ဘူး။ နောက်တန်းလူတွေကို အမြဲတမ်းဒုက္ခပေးနေတတ်ပြီး ဟတ်ထရစ်ရဖို့ကြိုးစားနေတတ်တယ်။ မိနစ် (၉၀)ရောက်တာတောင်မှ ဂိုးလိုချင်နေသေးတာ အားလုံးအမြင်ပဲလေ။ သူ့လိုကစားသမားမျိုးရထားတာ လီဗာပူးလ်အတွက် ကံကောင်းခြင်းတစ်ရပ်ဖြစ်ပြီး ဒါကိုတန်ဖိုးထားရမယ်။ သူဒီခြေစွမ်း ဆက်ကစားပြနေမယ်ဆို ရင်တော့ ထိပ်သီးအသင်းတွေက အနံ့ခံနေကြတာလေ။ ဒါကို ကျွန်တော်တို့က မလိုလားဘူး။ သူက ချန်ပီယံ လိဂ်ကစားချင်နေတာ။ သူ့လိုကစားသမားက ချန်ပီယံလိဂ်ကစားခွင့်ရသင့်တယ်လေ”လို့ ဂျရတ်က ပြောခဲ့ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.