တစ်ကြော့ပြန်လာပြီဖြစ်တဲ့ Winnie the Pooh
ဇာတ်လမ်းအကျဉ်း
(Unicode)
ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ Winnie the Pooh ကာတွန်းကားလေးကို အခုုပြန်လည် အသက်သွင်းရိုက်ကူးထားပြီဆိုတော့ ပရိတ်သတ်တွေအတွက် ဝမ်းသာစရာပါပဲ။ Winnie the Pooh ကို ဖန်တီးခဲ့သူကတော့ အင်္ဂလိပ် စာရေးဆရာ A.A.Milne ဖြစ်ပါတယ်။ The Pooh ဇာတ်လမ်းလေးကို မြောက်များစွာသော ဘာသာစကားတွေနဲ့ စာတန်းထိုးပြီး ၁၉၅၈ခုနှစ်မှာဖြန့်ချိခဲ့ပါတယ်။ The New York Times Best Seller List မှာလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အခုဇာတ်လမ်းလေးကတော့ ဒါရိုက်တာ Marc Forster ၊ ဇာတ်ညွန်း Alex Ross Perry ၊
Allison Schroeder တို့ဖန််တီးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေက Hayley Atwell ၊ Ewan McGregor ၊ Toby Jones တို့ပဲဖြစ်ပါတယ်။ သြဂုတ်လ (၃)ရက်နေ့ဆို ထွက်ရှိတော့မှာပါ။
Christopher Robin မှာ ငယ်စဉ်တုန်းက Pooh လေးနဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး အရွယ်ရောက်
လာချိန်မှာတော့ သူ့ရဲ့ဘဝသစ်မှာ အလုပ်နဲ့ မိသားစုပေါ်မှာ အာရုံစိုက်နေချိန် မထင်မှတ်ပဲ သူငယ်ချင်းဟောင်း Pooh လေးနဲ့ပြန်လည်ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့မမေ့နိုင်စရာ ငယ်ဘဝအတိတ်တွေကနေ သူ့ကို အရင်သွားနေကျ နေရာလေးဆီပြန်ခေါ်သွာပြီး Pooh ရဲ့ပျောက်ဆုံးနေတဲ့ သူငယ်ချင်းတွေကိုလိုက်ရှာပေးတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
44 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.