အိမ်အလုပ်ဆိုတာ တစ်နေ့ကုန်လုပ်ရင် လုပ်သလောက်ပြီးတယ်ဆိုတာကို မရှိဘူးနော်။ အပြင်အလုပ်ထက်တောင် ပိုရှုပ်သေးတယ်။ အိမ်မှာ ကလေးတွေ ၊ ခွေးတွေရှိရင် ပိုဆိုးပါတယ်။ ဟိုနား နည်းနည်းညစ်ပတ်သွားရင် ထသုတ်ရတာနဲ့ ၊ ရေကွက်သွားမှာစိုးရတာနဲ့ အငြိမ်နေရတယ်ကိုမရှိပါဘူး။ အခုပြောပြမယ့် နည်းလမ်းလေးတွေကိုသာ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် သင့်အနေနဲ့ အချိန်ပိုလည်းထွက် ၊ အလုပ်လည်းပြီး ရုပ်ရှင်တောင် ထိုင်ကြည့်နေလို့ရသေးတယ်နော့ ။ အချိန်တိုတွင်း အိမ်ကိုသန့်စင်သွားစေမယ့် နည်းလမ်းလေးတွေကတော့ . . .
စတီးရေပိုက်ခေါင်းတွေ တောက်ပြောင်နေစေဖို့
စတီးရေပိုက်ခေါင်း ညစ်ပတ်ပြီး အကွက်တွေထနေတယ်ဆိုရင် ကလေးသုံးအဆီလေး
တစ်စက်၊ နှစ်စက်ချပြီး ပွတ်သပ်ပေးရုံနဲ့ တောက်ပြောင်တဲ့ ရေပိုက်ခေါင်းလေးရနိုင်ပါပြီ။
ရေချိုးဇလုံကို သန့်စင်တဲ့အခါ
ရေချိုးဇလုံကို သန့်စင်တဲ့အခါ လူကိုယ်တိုင်ဝင်ပြီး ကုန်းကုန်းကွကွနဲ့ သန့်ရှင်းရေးလုပ်ရတာပိုပင်ပန်းတယ်ထင်ရင် တံမြက်စည်းကိုအသုံးပြုနိုင်ပါတယ်။ ပုံမှန်သုံးနေကြ ဆပ်ပြာရည်ကို ရေချိုးဇလုံမှာ ဖြုန်းပြီး ၂မိနစ်လောက်ထားပြီးရင် တံမြက်စည်းနဲ့ပွတ်တိုက်ပေးရုံပါပဲ။ လူသက်သာစေပါတယ်။
ကြမ်းတိုက်ရင်
ကြမ်းတိုက်တဲ့အခါ ကြမ်းပြင်တွေ ပိုမိုတောက်ပြောင်စေဖို့ ဆားအနည်းငယ်ထည့်ပြီး တိုက်
မယ်ဆိုရင် အချိန်ကြာသည်အထိ အရောင်မှိန်တာကိုသက်သာစေပါတယ်။
ဖုန်အညစ်ကြေးတွေကို ဒီလိုသုတ်မယ်
လက်တော့ ၊ ကွန်ပျုတာ မျက်နှာပြင် နဲ့ တီဗီတွေမှာ ကပ်နေတဲ့ဖုန်တွေကို တစ်ခေါက်တည်းနဲ့ အပြီးသတ်ရှင်းလင်းဖို့ ကော်ဖီစစ်စက္ကူလေးတွေက ကူညီပေးမှာပါ။
ဘရက်ရှ်သုံး အသုံးပြုပါ
တစ်ချို့ သေးငယ်တဲ့ အသုံးဆောင်ပစ္စည်းလေးတွေဟာ ဖုန်တက်ရင် အဝတ်နဲ့လွယ်လွယ်သုတ်လို့မရပါဘူး။ အတွင်းပိုင်းကြားလေးတွေမှာ ကပ်နေတဲ့ဖုန်ကို သန့်စင်နိုင်ဖို့ ဘရက်ရှ်အသုံးပြုပေးပါ။
အမှိုက်ပုံး
အမှိုက်ကို အသစ်ထည့်ဖို့လုပ်တဲ့အခါ အိတ်ခံပြီးရင် သတင်းစာစက္ကူပဲဖြစ်ဖြစ် ထပ်ခံပါ။ သတင်းစာစက္ကူက အမှိုက်မှာပါလာတဲ့အရည်တွေကို စုပ်ယူနိုင်တဲ့အတွက် သင့်အမှိုက်ပုံးကို သိပ်ပြီး မညစ်ပတ်စေတော့ဘူးပေါ့။
ကြမ်းတိုက်တဲ့အခါ ခြေအိတ်အသုံးပြုရင်
ခြေအိတ်အသားက အညစ်ကြေးတွေကို ကောင်းကောင်းစုတ်ယူနိုင်ပါတယ်။ ကြမ်းတိုက်တံမှာ မသုံးတော့တဲ့ခြေအိတ်ကိုစွတ်ပြီး ကြမ်းတိုက်မယ်ဆိုရင် သင့်အိမ်ရဲ့ကြမ်းပြင်တစ်ခုလုံးသန့်ရှင်းသွားပါလိမ့်မယ်။
အိပ်ရာပေါ် ဒီလိုတွေမလုပ်သင့်
အိပ်ရာပေါ်ကို ရေလဲထမီတို့ ၊ ရေလဲ တာဝါတို့ ပစ်တင်တာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုရေမစိုတစို အဝတ်တွေကြောင့် အိပ်ရာပေါ်မှာ ပိုးမွှားတွေ ကပ်ငြိစေတယ်လို့ သုတေသီတွေက ပြောထားပါတယ်။
ရေခဲသေတ္တာ
ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ရတာပျင်းရင် အထဲက အကန့်တွေကို ပလတ်စတစ်အိတ်အလှနဲ့ အုပ်ထားပါ။ ပစ္စည်းတွေ မှောက်တာ ၊ ဖိတ်တာဖြစ်ရင် သန့်ရှင်းနေစရာမလိုဘူး။ ထိုအိတ်ကြီး ဖယ်လိုက်ရုံပဲပေါ့။