Louis Vuitton ဖက်ရှင်ရှိုးမှာ Emma Stone နဲ့ ဘေးချင်းကပ်ထိုင်ခဲ့တဲ့ Exo အဖွဲ့ဝင် Sehun

Louis Vuitton ဖက်ရှင်ရှိုးမှာ ပြီးခဲ့တဲ့နှစ်က Best Dressed Man အဖြစ် ပရိတ်သတ်တွေဆီက vote အများဆုံးရရှိပြီးတော့ ဒီနှစ်မှာ ဖက်ရှင်ရှိုးမှာလည်း Sehun ရဲ့ပွဲတက်ဖက်ရှင်ဟာ အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Jaden Smith နဲ့လည်းအတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ Louis Vuitton 2019 Cruise fashion show ကိုတက်ရောက်ခဲ့တဲ့ Sehun ရဲ့စတိုင်လ်နဲ့ အပြုံးချိုချိုလေးတွေက နှုတ်ခမ်းနီမလေးတွေကို အူယားစေပြန်ပါပြီ။

ဟောလိဝုဒ် နာမည်ကြီးမင်းသမီး Emma Stoneနဲ့အတူ ဘေးချင်းကပ်ထိုင်ပြီး ဖက်ရှင်ရှိုးကိုအတူကြည့်ရှုခဲ့ပါတယ်။ Emma Stone ဟာလည်း ကေပေါ့ပ် အိုင်ဒေါ့တွေရဲ့အကြိုက်ဆုံးမင်းသမီးတစ်လက်ဖြစ်ပါတယ်။ Jennifer Connelly နဲ့ Lea Seydoux တို့ကိုလည်း ဘေးမှာတွေ့ရပါတယ်။

ဘယ်အရာက ပရိတ်သတ်တွေကို ပိုပြီးစိတ်လှုပ်ရှားစေလည်းဆိုတော့ Sehun ထိုင်တဲ့ နေရာဟာ ရှိုးရဲ့အရှေ့တန်းဖြစ်တာကြောင့် Sehun တစ်ယောက် ဒီပွဲမှာအရေးပေးခံရတာကိုကြည့်ပြီး ပရိတ်သတ်တွေက ဝမ်းသာနေကြပါတယ်။

Sehun ဘယ်လောက်ထိ ရေပန်းစားသွားလဲဆိုရင် Vogue Japan , Vogue Korea နဲ့ VogueThailand တို့ရဲ့ အင်စတာဂရမ် ပေ့ခ်ျမှာလည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။

170 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.