ထိရွလြယ္တဲ႔ခ်စ္သူတစ္ေယာက္သင္႔မွာရွိေနရင္ဒါေလးေတြသိထားသင္႔

သင္႔ခ်စ္ရသူက အျပင္မွာမာေျကာသလုိနဲ႕ရင္ထဲမွာေတာ႔၀မ္းနည္းလြယ္ထိရွလြယ္တဲ႔ စရိုက္ရွိတယ္ဆိုတာကိုသင္တို႕သိထားရင္ေတာ႔ ဒီအခ်က္ေလးေတြကိုပါသိထားေပးဖုိ႕လုိပါျပီ…
(၁) သူတုိ႕ကိုခ်စ္ေျကာင္းျပဖို႕၀န္မေလးပါနဲ႕
ခံစားလြယ္တဲ႔သူေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႕ခ်စ္သူရဲ႕ သူတုိ႕ေပၚထားတဲ႔ခ်စ္ေမတၱာကိုသိပ္မက္ေမာျကသူေတြပါ။ နည္းနည္းေလာက္ေလးေအးေအးစက္စက္ ဆက္ဆံလုိက္မိတာနဲ႕သူငါ႔မ်ားမခ်စ္ေတာ႔တာလား ဆိုတဲ႔စိတ္ေတြ၀င္တတ္ျကပါတယ္။ ဒါေျကာင္႔သူတုိ႕ကိုသင္ဘယ္ေလာက္ခ်စ္ေျကာင္းသိသာေအာင္ျပသဖုိ႕၀န္မေလးပါနဲ႕။
(၂) အမွားလုပ္မိတဲ႔အခါအက်ိဳးသင္႔အေျကာင္းသင္႔ ေျပာဆုိပါ
သင္မျကိုက္တဲ႔အမွားတစ္ခုမေတာ္လုိ႕လုပ္မိတဲ႔အခါ လက္ခံလုိ႕ရတဲ႔အရာဆိုရင္လက္ခံျပီး နား၀င္ေအာင္အက်ိဳးသင႔္အေျကာင္းသင္႔ေျပာျပီး ဆံုးမပါ။ ေအာ္ဟစ္ေျပာတာမ်ိဳး၊ ရက္စက္ျကမ္းျကဳတ္တဲ႔စကားေတြေျပာတာမ်ိဳး နဲ႕စကားနုိင္ထိုးတာမ်ိဳးမလုပ္ပါနဲ႕။ ထိရွလြယ္တဲ႔သူေတြဟာ စိတ္ပိုင္းဆိုင္ရာ
အားငယ္တတ္တဲ႔သူေတြမလုိ႕ ဒီလုိနစ္နစ္သည္းသည္းေျပာဆုိတာေတြကိုေျကာက္တတ္ျကပါတယ္။
(၃) ၀မ္းနည္းစိတ္ေတြကိုရယ္စရာအျဖစ္ေျပာင္းေပးပါ
၀မ္းနည္းေနတဲ႔အခ်ိန္၊ အထူးသျဖင္႔ကိုယ္႔ေျကာင္႔ခံစားေနရတာတစ္ခုခုရွိတဲ႔အခါမ်ိဳးမွာ ဒီတိုင္းရိုးရုိးျပန္ေခ်ာ႔ေတာင္းပန္တာထက္ ရယ္စရာေလးေတြဟာသေလးေတြ ျကည္နူးစရာေလးေတြေျပာျပီး သူ႕စိတ္ေလးျပန္ျကည္လာေအာင္လုပ္ေပးတတ္ပါေစ။
(၄) ကိုယ္႔ဘ၀အတြက္သူကအေရးပါတယ္ဆိုတာသိပါေစ
က်န္တာေတြအမ်ားျကီး Romantic မဆန္တတ္ရင္ေတာင္မွပဲ သူဟာ ကိုယ္႔ဘ၀အတြက္မရွိမျဖစ္အေရးပါတယ္ဆုိတာကို သူသိပါေစ။ ဒီလုိကုိယ္႔ဘ၀အတြက္သူအေရးပါတယ္ဆိုတာေလးကိုသိတာနဲ႕တင္ပဲ ေက်နပ္ေနတတ္ျကတဲ႔သူေတြမလို႕ ဒီအခ်က္ေလးကိုေတာ႔သိသာေအာင္ေနသင္႔ပါတယ္။
(၅) တစ္ျခားသူနဲ႕နႈိင္းေျပာတာမ်ိဳးေရွာင္ပါ
သိပ္ဆုိး၀ါးတဲ႔အခ်က္ပါ။ ပံုမွန္စိတ္မာတဲ႔သူေတြေတာင္ ခဏခဏသူမ်ားနဲ႕ႏႈိင္းယွဥ္ေျပာတာကိုျကိုက္တတ္ျကတာမဟုတ္ပါဘူး ။ ဒီလုိထိရွလြယ္တဲ႔သူေတြဆိုပိုဆိုးတာေပါ႔။ဒါေျကာင္႔ကိုယ္႔ခ်စ္သူကိုတစ္ကယ္ခ်စ္တာေသခ်ာရင္ေတာ႔တစ္ျခားသူေတြနဲ႕ခိုင္းႏႈိင္းျပီးသူ႕အားနည္းခ်က္ကို ကဲ႔ရဲ႕ေထာက္ျပသလုိျဖစ္ေစမဲ႔ပံုစံမ်ိဳးေတြမလုပ္သင္႔ပါဘူး။ အားနည္းခ်က္ရွိရင္ေတာင္ ကူညီေဖးမျပီးျပင္ေပးသင္႔တာမဟုတ္ေပလား။
ဆိုေတာ႔ ထိရွလြယ္တဲ႔သူတစ္ေယာက္ကိုမွနွစ္နွစ္ကာကာခ်စ္မိေနျပီဆုိရင္ေတာ႔ဒီလုိ အခ်က္ေလးေတြကို သတိထားေပးသင္႔ပါတယ္။ စိတ္နုျပီးထိရွလြယ္တယ္ဆိုေပမဲ႔ အခ်စ္ျကီးျပီး ေမတၱာတရားျကီးမားတတ္ျကတဲ႔သူေတြမလို႕ လက္လႊတ္လိုက္ရရင္ေတာ႔ ေနာင္တရမဆံုးျဖစ္ေနမွာအမွန္ပါပဲ…

Unicode

သင့်ချစ်ရသူက အပြင်မှာမာကြောသလိုနဲ့ရင်ထဲမှာတော့ဝမ်းနည်းလွယ်ထိရှလွယ်တဲ့ စရိုက်ရှိတယ်ဆိုတာကိုသင်တို့သိထားရင်တော့ ဒီအချက်လေးတွေကိုပါသိထားပေးဖို့လိုပါပြီ…
(၁) သူတို့ကိုချစ်ကြောင်းပြဖို့ဝန်မလေးပါနဲ့
ခံစားလွယ်တဲ့သူတော်တော်များများဟာ သူတို့ချစ်သူရဲ့ သူတို့ပေါ်ထားတဲ့ချစ်မေတ္တာကိုသိပ်မက်မောကြသူတွေပါ။ နည်းနည်းလောက်လေးအေးအေးစက်စက် ဆက်ဆံလိုက်မိတာနဲ့သူငါ့များမချစ်တော့တာလား ဆိုတဲ့စိတ်တွေဝင်တတ်ကြပါတယ်။ ဒါကြောင့်သူတို့ကိုသင်ဘယ်လောက်ချစ်ကြောင်းသိသာအောင်ပြသဖို့ဝန်မလေးပါနဲ့။
(၂) အမှားလုပ်မိတဲ့အခါအကျိုးသင့်အကြောင်းသင့် ပြောဆိုပါ
သင်မကြိုက်တဲ့အမှားတစ်ခုမတော်လို့လုပ်မိတဲ့အခါ လက်ခံလို့ရတဲ့အရာဆိုရင်လက်ခံပြီး နားဝင်အောင်အကျိုးသင့်အကြောင်းသင့်ပြောပြီး ဆုံးမပါ။ အော်ဟစ်ပြောတာမျိုး၊ ရက်စက်ကြမ်းကြုတ်တဲ့စကားတွေပြောတာမျိုး နဲ့စကားနိုင်ထိုးတာမျိုးမလုပ်ပါနဲ့။ ထိရှလွယ်တဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ
အားငယ်တတ်တဲ့သူတွေမလို့ ဒီလိုနစ်နစ်သည်းသည်းပြောဆိုတာတွေကိုကြောက်တတ်ကြပါတယ်။
(၃) ဝမ်းနည်းစိတ်တွေကိုရယ်စရာအဖြစ်ပြောင်းပေးပါ
ဝမ်းနည်းနေတဲ့အချိန်၊ အထူးသဖြင့်ကိုယ့်ကြောင့်ခံစားနေရတာတစ်ခုခုရှိတဲ့အခါမျိုးမှာ ဒီတိုင်းရိုးရိုးပြန်ချော့တောင်းပန်တာထက် ရယ်စရာလေးတွေဟာသလေးတွေ ကြည်နူးစရာလေးတွေပြောပြီး သူ့စိတ်လေးပြန်ကြည်လာအောင်လုပ်ပေးတတ်ပါစေ။
(၄) ကိုယ့်ဘဝအတွက်သူကအရေးပါတယ်ဆိုတာသိပါစေ
ကျန်တာတွေအများကြီး Romantic မဆန်တတ်ရင်တောင်မှပဲ သူဟာ ကိုယ့်ဘဝအတွက်မရှိမဖြစ်အရေးပါတယ်ဆိုတာကို သူသိပါစေ။ ဒီလိုကိုယ့်ဘဝအတွက်သူအရေးပါတယ်ဆိုတာလေးကိုသိတာနဲ့တင်ပဲ ကျေနပ်နေတတ်ကြတဲ့သူတွေမလို့ ဒီအချက်လေးကိုတော့သိသာအောင်နေသင့်ပါတယ်။
(၅) တစ်ခြားသူနဲ့နှိုင်းပြောတာမျိုးရှောင်ပါ
သိပ်ဆိုးဝါးတဲ့အချက်ပါ။ ပုံမှန်စိတ်မာတဲ့သူတွေတောင် ခဏခဏသူများနဲ့နှိုင်းယှဉ်ပြောတာကိုကြိုက်တတ်ကြတာမဟုတ်ပါဘူး ။ ဒီလိုထိရှလွယ်တဲ့သူတွေဆိုပိုဆိုးတာပေါ့။ဒါကြောင့်ကိုယ့်ချစ်သူကိုတစ်ကယ်ချစ်တာသေချာရင်တော့တစ်ခြားသူတွေနဲ့ခိုင်းနှိုင်းပြီးသူ့အားနည်းချက်ကို ကဲ့ရဲ့ထောက်ပြသလိုဖြစ်စေမဲ့ပုံစံမျိုးတွေမလုပ်သင့်ပါဘူး။ အားနည်းချက်ရှိရင်တောင် ကူညီဖေးမပြီးပြင်ပေးသင့်တာမဟုတ်ပေလား။
ဆိုတော့ ထိရှလွယ်တဲ့သူတစ်ယောက်ကိုမှနှစ်နှစ်ကာကာချစ်မိနေပြီဆိုရင်တော့ဒီလို အချက်လေးတွေကို သတိထားပေးသင့်ပါတယ်။ စိတ်နုပြီးထိရှလွယ်တယ်ဆိုပေမဲ့ အချစ်ကြီးပြီး မေတ္တာတရားကြီးမားတတ်ကြတဲ့သူတွေမလို့ လက်လွှတ်လိုက်ရရင်တော့ နောင်တရမဆုံးဖြစ်နေမှာအမှန်ပါပဲ…

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.