ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုတန်ဖိုးထားစေချင်ရင် ဒါတွေတော့ရှောင်ဖို့လို

ပထမဆုံးသိစေချင်တာက ကျောက်တူးသမားတစ်ယောက်ထက် ကျောက်မျက်ပညာရှင်ကသာ ကျောက်ကောင်းတစ်လုံးရဲ့အရည်အသွေးကိုပိုသိမှာပါ။အရည်အသွေးကိုသေချာသိနားလည်တဲ့သူမှသာ တန်ဖိုးကိုခန့်မှန်းနိုင်ပြီး တန်ဖိုးထားရကောင်းမှန်းလည်းသိမှာဖြစ်ပါတယ်။ဒါကြောင့် သင်က ဘယ်လိုလူမျိုးကိုချစ်မိနေသလဲဆိုတာကအရေးကြီးပါတယ်။ ကျောက်တူးသမားလက်သစ်လို (ဝါရင့်ကျောက်တူးသမားတွေက ကျောက်မျက်ကိုတီးမိခေါက်မိလောက်တော့ရှိပါသေးတယ်) ဘယ်ကျောက်ကဘယ်လောက်တန်မှန်းမသိနဲ့ ပစ်စလတ်ခတ်ထားသိုတတ်တဲ့သူမျိုးကိုချစ်မိရင်တော့ ဘယ်တော့မှ ကိုယ်နဲ့ထိုက်တန်တဲ့တန်ဖိုးထားမှုမျိုးရမှာမဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူကိုယ့်ကိုတန်ဖိုးထားစေချင်ရင်ရှောင်ကြဉ်ရမယ့်အချက်တွေကတော့…

 

ကလေးမဆန်ပါနဲ

မိန်းကလေးအများစုက ကလေးဆန်ရတာကိုအရသာတွေ့ပါတယ်။ငါကဘယ်လိုကလေးဆန်တာတောင်ကိုကိုကဘယ်လိုချစ်တာ၊ငါကဘယ်လိုရစ်ပစ်လိုက်တာ..ဆိုတာမျိုး ခဏခဏပြောလေ့ရှိကြပါတယ်။သင့်ကိုချစ်လို့သည်းခံတယ်ဆိုတာကလည်း အချိန်အတိုင်းအတာတစ်ခုထိပဲဖြစ်မှာပါ။အဓိကကတော့ သင်ကသိပ်ကိုကလေးဆန်နေတဲ့အခါ သင့်အပေါ်မှာ သူက လေးစားမှုလျော့နည်းလာတာပါ။ လုပ်ချင်တာလုပ်ပြီး ချော့လိုက်ရင်ခဏပါပဲဆိုတဲ့အတွေးမျိုးဝင်လာမယ့်အပြင် သူ့သူငယ်ချင်းတွေကြားမှာလည်း မင်းကောင်မလေးက ကလေးအထာလေးကွာ ဆိုတာမျိုး အပြောခံရတာက သူ့အနေနဲ့ အနေရခက်စေပါလိမ့်မယ်။

 

ပညာအရည်အချင်း မနိမ့်ကျပါစေနဲ

သင့်ချစ်သူနဲ့သင်နဲ့က အသက်အရွယ်ချင်း ဆယ်စုနှစ်တစ်ခုစာလောက်ကွာနေရင်တော့ မပြောလိုပါဘူး။ဒါပေမယ့်မတိမ်းမယိမ်းဆိုရင်တော့ သူ့ထက်မနိမ့်တဲ့ပညာမျိုးသင်တတ်မြောက်ထားသင့်ပါတယ်။ သူနဲ့ပညာချင်းပြိုင်ဖို့ပြောတာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက်ကျင်လည်ကျက်စားတဲ့နယ်ပယ်တွေမတူရင်လည်း သင့်မှာ သူ့အောက်တော့မနိမ့်တဲ့ သူနဲ့ မတိမ်းမယိမ်းအသုံးဝင်တဲ့ ပညာအရည်အချင်းမျိုးရှိနေသင့်ပါတယ်။ တန်ဖိုးထားခံချင်ရင် တန်ဖိုးထားစရာတစ်ခုခုကိုယ့်မှာပိုင်ဆိုင်ထားရပါတယ်။

 

သူ့ကိုမမှီခိုပါနဲ့

အအေးဘူးအဖုံးဖွင့်ခိုင်းတာကအစ ကားပေါ်မှာတောင်မချန် လက်အတင်းတွဲထားတာမျိုးအဆုံး၊ဘာမဆိုသေးသေးလေးကအစ မှီိခိုနေခြင်းဟာ သူ့မှာသင်မရှိရင်မဖြစ်ဘူးလို့ သူ့ကိုသွေးနားထင်ရောက်သွားစေပါလိမ့်မယ်။ တကယ်တမ်း သင့်မှာသူမရှိလို့မဖြစ်ဘူးဆိုရင်တောင် အဲဒါကိုသူ့ကိုပေးမသိပါနဲ့။ သင်က သူမရှိလည်းဖြစ်တယ်ဆိုတဲ့အခြေအနေမျိုး၊သင့်ဘဝတစ်ခုလုံးကိုဘာမဆိုသင့်လက်သင့်ခြေဖန်တီးကိုင်တွယ်နိုင်ခြင်းဟာ ကိုယ့်အတွက်ကိုယ်လည်းစိတ်ကျေနပ်စရာဖြစ်သလို သူများတွေအမြင်မှာလည်း တန်ဖိုးရှိတာမလွဲဧကန်ပါ။

 

တရားလွန်မချုပ်ချယ်ပါနဲ့

အချစ်ရေးအတိုင်ပင်ခံတွေအများဆုံးသတိပေးလေ့ရှိတဲ့စကားက မချုပ်ချယ်ဖို့ပါ။ သူ့ကိုမချုပ်ချယ်ပါနဲ့။ကိုယ်ကတော့ချစ်လို့ဆိုပေမယ့် တစ်ဖက်မှာစိတ်ကျဉ်းကျပ်စေပါတယ်။ လူတွေတောင်တစ်နေရာရာမှာနေရတာ စိတ်ကျဉ်းကျပ်လာရင် အဲ့ဒီ့နေရာကနေ အမြန်ရှောင်ထွက်ဖို့ကြိုးစားကြသေးတာပဲမဟုတ်လား။သင့်ဘက်ကအသက်ရှုခွင့်တောင်မပေးပဲချုပ်ချယ်လေ သူကသင့်ကိုထားသွားဖို့အခွင့်အလမ်းများလေပါပဲ။ ဒါ့အပြင် ချုပ်ချယ်တယ်ဆိုတာ သူ့ကိုသင်ကအဆုံးရှုံးမခံနိုင်လို့ ဆုံးရှုံးရမှာကြောက်လို့ဆိုတာက ထင်းထင်းကြီးပေါ်နေပြီိဖြစ်တဲ့အတွက် သူ့ဘက်က သင့်ကိုလျှော့တွက်ကောင်းလျှော့တွက်သွားနိုင်ပါတယ်။

 

သူ့အတွက်အမြဲတမ်းအဆင်သင့်ဖြစ်မနေစေနဲ့

သူခေါ်လိုက်တိုင်း သင့်ရဲ့အရေးကြီိးကိစ္စတွေကိုဖျက်ပြီိး သူ့နားပဲရောက်သွားတာမျိုး ဘယ်နှစ်ခါဖြစ်ပြီိးသွားပြီလဲ…။အဲ့ဒီအကြိမ်တွေတိုင်းဟာ သူ့စိတ်ထဲက သင့်အတွက်လေးစားမှုတွေကို တစ်ဖဲ့ချင်းပျက်စီးစေတဲ့အကြိမ်တွေပါ။ လေးခါမှာနှစ်ခါလောက်ကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ငြင်းပေးသင့်ပါတယ်။ သင်ဟာ သူ့အတွက်ပဲအသက်ရှင်နေတာမဟုတ်ကြောင်း သူသိပါစေ။ သူ သင့်ကိုအနားမှာရှိနေစေချင်ရင် သူ့ဘက်က ပိုပြီးအားစိုက်ဖို့လိုအပ်ကြောင်းသူသိသွားမယ်ဆိုရင် သူ့စိတ်ထဲက သင့်ရဲ့တန်ဖိုးကလည်းအလိုလိုမြင့်လာမှာပါ။

အထက်မှာဖော်ပြထားတာတွေကတော့ သင်ချစ်တဲ့သူသင့်ကိုတန်ဖိုးထားစေချင်ရင် ရှောင်ကြဉ်ရမယ့်အချက်တွေဖြစ်ပါတယ်။ကိုယ့်တန်ဖိုးကိုသိတဲ့လူမျိုးနဲ့ သာယာတဲ့ချစ်ခရီးလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။

Unicode Format













0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.