ကိုယ့်ဆုံးဖြတ်ချက်တိုင်းကိုဘယ်တော့မှနောင်တမရစေဖို့

ကိုယ်ဒီလိုဆုံးဖြတ်ရင် ဒါဖြစ်လာမယ်၊ ဒီလိုဆိုရင်တော့ဒါမဖြစ်နိုင်ဘူး၊ စသည်ဖြင့် ကိုယ်မဆုံးဖြတ်ခင်မှာ ကိုယ်ဆုံးဖြတ်လိုက်ရင်ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲတွေကိုနှိုင်းယှဉ်ပြီးတွေးတောတတ်တဲ့အကျင့်လေးရှိပါစေ။
ကိုယ်ဆုံးဖြတ်လိုက်ပြီးလုပ်ဆောင်လိုက်ပြီးသား အရာတွေကို ကောင်းလာသည်ဖြစ်စေဆိုးဝါးသွားသည်ဖြစ်စေအကောင်းဆုံးကြိုးစားခဲ့တာမို့နောင်တမရပဲ သင်ခန်းအသစ်တစ်ခုရတယ်တွေးပြီးပြင်သင်တာပြင်ပါ။


Unicode

လူတစ်ချို့ဟာတစ်ခါတစ်လေမှာ ကိုယ်ထင်တာကိုယ်လုပ်ပြီး လွန်သွားမှနောင်တရတာမျိုးဖြစ်တတ်ပါတယ်။ ဟာ ငါမှားသွားပြီဆိုတာမျိုး၊ အာ့တုန်းကအချိန်တွေကိုပြန်လိုချင်လိုက်တာဆိုတာမျိုး တွေဖြစ်တတ်ကြတာမလို့ ကိုယ့်ဆုံးဖြတ်ချက်တိုင်းမှာ နောင်တမရစေဖို့ ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ…
(၁) ဆုံးဖြတ်ချက်တိုင်းကိုလေးနက်စွာစဉ်းစားပြီးမှချပါ
ဆုံးဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင်လေးနက်စွာစဉ်းစားပြီး မှဆုံးဖြတ်သင့်ပါတယ်။ အချိန်ယူသင့်သလောက်ယူပြီး စိတ်ငြိမ်ငြိမ်နဲ့လေးနက်စွာတွေးတတ်ဖို့ကို ဦးစားကြိုးစားပါ။ ဒါဟာ မမှားဖို့အတွက်နည်းကောင်းတစ်ခုပါပဲ။
(၂) နောက်ဆက်တွဲကိုတွေးတတ်တဲ့အကျင့်လေးလုပ်ပါ
ကိုယ်ဒီလိိုဆုံးဖြတ်ရင် ဒါဖြစ်လာမယ်၊ ဒီလိုဆိုရင်တော့ဒါမဖြစ်နိုင်ဘူး၊ စသည်ဖြင့် ကိုယ်မဆုံးဖြတ်ခင်မှာ ကိုယ်ဆုံးဖြတ်လိုက်ရင်ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲတွေကိုနှိုင်းယှဉ်ပြီးတွေးတောတတ်တဲ့အကျင့်လေးရှိပါစေ။
(၃) ဆုံးဖြတ်ချက်တိုင်းမှာ အကျိုးတစ်ခုခုရှိပါစေ
ဆုံးဖြတ်ချက်တိုင်းမှာ ဆုံးဖြတ်ပြီးရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကိုတွေးတောကြည့်ပါ။ တော်တော်များများအတွက်အကျိုးရှိတဲ့ ဆုံးဖြတ်ချက်မျိုးကိုသာရွေးချယ်ပြီး ဆုံးဖြတ်တာမျိုးလုပ်သင့်ပါတယ်။ တစ်ချို့ဆုံးဖြတ်ချက်တွေက အစပိုင်းမှာတော့လုပ်ဆောင်ဖို့ခက်ခဲပင်မဲ့ ကိုယ်ဒီလိုလုပ်လိုက်လို့နောက်ပိုင်းခံစားရမဲ့အကျိုးကျေးဇူးကကောင်းနိုင်တယ်ဆိုတာမျိုးတွေးပါ။
(၄) ကောင်းကောင်းဆိုးဆိုးဒါဟာ ကိုယ့်ဘဝအတွက်သင်ခန်းစာလို့မှတ်ယူပါ
ကိုယ်ဆုံးဖြတ်လိုက်ပြီးလုပ်ဆောင်လိုုက်ပြီးသား အရာတွေကို ကောင်းလာသည်ဖြစ်စေဆိုးဝါးသွားသည်ဖြစ်စေအကောင်းဆုံးကြိုးစားခဲ့တာမို့နောင်တမရပဲ သင်ခန်းအသစ်တစ်ခုရတယ်တွေးပြီးပြင်သင်တာပြင်ပါ။
(၅) ဆုံးဖြတ်ချက်အမှားတွေကို တိုးတတ်မှုအဖြစ်ပြောင်းလဲယူပါ
ဆုံးဖြတ်ချက်တွေမှားယွင်းသွားတဲ့အခါ ဒါဟာ တိုးတတ်ဖို့အတွက်ဖြစ်လာတဲ့တစ်ခြားအခွင့်ရေးတစ်ခုလို့သတ်မှတ်ပြီး မှားသွားတယ် မှားသွားတယ် ဆိုပြီးနောင်တရမနေပဲ စိတ်အေးအေးထားပြီး
အမှားတွေကိုတိုးတတ်မှုအဖြစ်ပြောင်းလဲယူပါ။

အစကတည်းက ကြိုးစားလေးနက်စွာချထားတဲ့ဆုံးဖြတ်ချက်တွေသာဆိုရင် ဖြစ်သာသမျှကောင်းကောင်းဆိုးဆိုးအတွက်နောင်တရမနေပဲ ကိုကြိုစားဆုံးဖြတ်ခဲ့တာနဲ့တန်အောင်သင်ခန်းစာယူသင့်တာယူရင်း နေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…

546 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.