ပထမဆံုးရင္ေသြးေလးကုိ က်န္းမာစြာေမြးဖြားႏုိင္ခဲ႔ျပီျဖစ္တဲ႔ မင္းသမီးေခ်ာ Kim Ha Neul

ေတာင္ကုိရီးယားႏုိင္ငံရဲ႔နာမည္ေက်ာ္အႏုပညာရွင္မင္းသမီးေခ်ာေလး Kim Ha Neul ဟာ ခ်စ္စရာေကာင္းတဲ႔သမီးေလးေမြးဖြားခဲ႔ပါျပီတဲ႔။ေမလ ၂၈ရက္ေန႔က သူမရဲ ႔ေအဂ်င္စီျဖစ္တဲ႔ Sidus HQ က “မင္းသမီး Kim Ha Neul ဟာ မၾကာေသးခင္အခ်ိန္ပုိင္းေလာက္ကပဲ သမီးေလးေမြးဖြားခဲ႔ပါတယ္။မိခင္ေရာ၊ကေလးပါ ႏွစ္ေယာက္လံုးက်န္းက်န္းမာမာရွိၾကပါတယ္”လုိ႔ အတည္ျပဳေျပာၾကားခဲ႔ပါတယ္။

အႏုပညာေလာကထဲမွာ Kim Ha Neul ဆုိရင္ မသိတဲ႔သူမရွိနာမည္ေက်ာ္ၾကားလွတဲ႔မင္းသမီး ဟာ ၂၀၁၆၊မတ္လက စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္နဲ႔လက္ထပ္ခဲ႔တာျဖစ္ပါတယ္။ ၂၀၁၇၊ေအာက္တိုဘာလကေတာ့ ကုိယ္၀န္ေဆာင္ေနရျပီျဖစ္ေၾကာင္းေၾကညာခဲ႔ျပီး အခု ၂၀၁၈၊
ေမလမွာေတာ့ ပထမဆံုးရင္ေသြးေလးျဖစ္တဲ႔ ခ်စ္စရာသမီးေလးေမြးဖြားခဲ႔တာပဲျဖစ္ပါတယ္။ သမီးေလးေမြးဖြားျပီးတဲ႔အခ်ိန္မွာလည္း အႏုပညာရွင္ေတြ၊ပရိသတ္ေတြရဲ႔ဂုဏ္ျပဳစကားသံေတြ အမ်ားၾကီးၾကားခဲ႔ရပါတယ္တဲ႔။မိသားစုႏွစ္စုလံုးကလည္း ခ်စ္စရာေျမးမေလးရလုိ႔ ေပ်ာ္ရႊင္ၾကည္ႏူးေနၾကပါတယ္။

Kim Ha Neul ဟာ ရင္ေသြးေလးရျပီးေနာက္မွာ အႏုပညာလႈပ္ရွားမႈေတြကုိ ခဏရပ္နားထားခဲ႔ျပီး သမီးေလးကုိက်န္းမာစြာေမြးဖြားႏုိင္ဖုိ႔သာအာရံုစုိက္ေနခဲ႔တာျဖစ္ပါတယ္။မၾကာေသးခင္ကေတာ့ SM C&C ေအဂ်င္စီကေနထြက္ခဲ႔ျပီးေမလ ၂ရက္ေန႔က လက္ရွိ Sidus HQ ေအဂ်င္စီနဲ႔စာခ်ဳပ္ခ်ဳပ္ ဆိုခဲ႔တယ္လုိ႔သိရပါတယ္။မငး္သမီး Kim Ha Neul ဟာ ၂၀၁၆ခုႏွစ္တုန္းက Misbehavior ဆိုတဲ႔ ဆုိက္ကုိဆန္ဆန္သည္းထိတ္ရင္ဖုိရုပ္ရွင္ကားကုိ မင္းသမီး Yoo In-young ၊မင္းသား Lee Won-geun တို႔နဲ႔တြဲဖက္ရိုက္ကူးခဲ႔ပါေသးတယ္။

အခုဆုိရင္ သမီးေလးကုိလည္းက်န္းမာစြာေမြးဖြားျပီးခဲ႔ျပီျဖစ္လို႔ မၾကာခင္မွာအႏုပညာေလာက ထဲျပန္လည္၀င္ေရာက္လာျပီး ဒရာမာဇာတ္လမ္းတြဲေတြရုိက္ကူးဖုိ႔ ပရိသတ္ေတြက ေမ်ွာ္လင့္တၾကီးေစာင့္စားေနေၾကာင္းသိရပါတယ္။

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်မင်းသမီးချောလေး Kim Ha Neul ဟာ ချစ်စရာကောင်းတဲ့သမီးလေးမွေးဖွားခဲ့ပါပြီတဲ့။မေလ ၂၈ရက်နေ့က သူမရဲ ့အေဂျင်စီဖြစ်တဲ့ Sidus HQ က “မင်းသမီး Kim Ha Neul ဟာ မကြာသေးခင်အချိန်ပိုင်းလောက်ကပဲ သမီးလေးမွေးဖွားခဲ့ပါတယ်။မိခင်ရော၊ကလေးပါ နှစ်ယောက်လုံးကျန်းကျန်းမာမာရှိကြပါတယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အနုပညာလောကထဲမှာ Kim Ha Neul ဆိုရင် မသိတဲ့သူမရှိနာမည်ကျော်ကြားလှတဲ့ မင်းသမီး ဟာ ၂၀၁၆၊မတ်လက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇၊အောက်တိုဘာလကတော့ ကိုယ်ဝန်ဆောင်နေရပြီဖြစ်ကြောင်းကြေညာခဲ့ပြီး အခု ၂၀၁၈၊
မေလမှာတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ ချစ်စရာသမီးလေးမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးမွေးဖွားပြီးတဲ့အချိန်မှာလည်း အနုပညာရှင်တွေ၊ပရိသတ်တွေရဲ့ဂုဏ်ပြုစကားသံတွေ အများကြီးကြားခဲ့ရပါတယ်တဲ့။မိသားစုနှစ်စုလုံးကလည်း ချစ်စရာမြေးမလေးရလို့ ပျော်ရွှင်ကြည်နူးနေကြပါတယ်။

Kim Ha Neul ဟာ ရင်သွေးလေးရပြီးနောက်မှာ အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နားထားခဲ့ပြီး သမီးလေးကိုကျန်းမာစွာမွေးဖွားနိုင်ဖို့သာအာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။မကြာသေးခင်ကတော့ SM C&C အေဂျင်စီကနေထွက်ခဲ့ပြီးမေလ ၂ရက်နေ့က လက်ရှိ Sidus HQ အေဂျင်စီနဲ့စာချုပ်ချုပ် ဆိုခဲ့တယ်လို့သိရပါတယ်။မငး်သမီး Kim Ha Neul ဟာ ၂၀၁၆ခုနှစ်တုန်းက Misbehavior ဆိုတဲ့ ဆိုက်ကိုဆန်ဆန်သည်းထိတ်ရင်ဖိုရုပ်ရှင်ကား ကို မင်းသမီး Yoo In-young ၊မင်းသား Lee Won-geun တို့နဲ့တွဲဖက်ရိုက်ကူးခဲ့ပါသေးတယ်။

အခုဆိုရင် သမီးလေးကိုလည်းကျန်းမာစွာမွေးဖွားပြီးခဲ့ပြီဖြစ်လို့ မကြာခင်မှာအနုပညာလောက ထဲပြန်လည်ဝင်ရောက်လာပြီး ဒရာမာဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ ပရိသတ်တွေက မျှော်လင့်တကြီးစောင့်စားနေကြောင်းသိရပါတယ်။

 

398 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.