ေယာက်္ားေလးမ်ားရဲ႕အသည္းစဲြ ၊ မိန္းကေလးမ်ားရဲ႕စံျပေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Gigi Hadid အေၾကာင္း တေစ့တေစာင္း

အားလံုးနဲ႔ရင္းႏွီးျပီးသားျဖစ္တဲ့ Gigi Hadid ကေတာ့ အေမရိကန္ ဖက္႐ွင္၊ ၁၉၉၅ခုႏွစ္ ဧျပီလ(၂၃)ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္မွာ IMG Models နဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ျပီးပ၂ဝ၁၄ႏုိဝင္ဘာလမွာ Models.com တြင္ ထိပ္တန္းေမာ္ဒယ္ (၅ဝ)မွာ ပါ၀င္ခဲ့ပါတယ္။ ၂၀၁၆မွာေတာ့ ျဗိတိန္ဖက္႐ွင္ေကာင္စီက အသိမွတ္ျပဳတဲ့ International Model of the Year ကိုရ႐ိွခဲ့ပါတယ္။

Image result for Gigi Hadid street style

Gigi Hadid က ေလာ့စ္အိန္ဂ်ယ္မွာေမြးျပီး ထုိေနရာမွာပဲ ၾကီးျပင္းခဲ့တာျဖစ္ပါတယ္။ သူမအေမက ဒတ္ခ်္- အေမရိကန္လူမ်ဳိးျဖစ္ျပီး အေဖကေတာ့ ပါလက္စတိုင္း – အေမရိကန္ျဖစ္ပါတယ္။ Gigi မွာ ညီမတစ္ေယာက္နဲ႔ ေမာင္တစ္ေယာက္႐ွိပါေသးတယ္။ ေမာင္ႏွမသံုးေယာက္လံုးက ေမာ္ဒယ္ေတြပဲျဖစ္ပါတယ္။ သူမမွာ ဖေအတူ အေမကဲြ အစ္မႏွစ္ေယာက္႐ွိပါေသးတယ္။ သူမမိဘေတြကြာ႐ွင္းျပီးေတာ့ အေမျဖစ္သူဟာ သီခ်င္းထုတ္လုပ္သူ David Foster နဲ႔ လက္ထပ္သြားခဲ့ပါတယ္။ သူမမွာအေဖတူ အေမကဲြ အစ္မခ်ည္းပဲ ငါးေယာက္ေလာက္႐ွိပါတယ္။

Malibu အထက္တန္းေက်ာင္းမွာတက္ေရာက္ခဲ့ျပီး volleyball အသင္းေခါင္းေဆာင္ ၊ ျမင္းစီးျပိဳင္ပဲြေတြမွာလည္း ယွဥ္ျပိဳင္ခဲ့ပါတယ္။ အထက္တန္းျပီးေတာ့ ပညာေရးကို ပုိေကာင္းမြန္ေစခ်င္တာေၾကာင့္ နယူးေယာ့သို႔ေျပာင္းသြားျပီး ေမာ္ဒယ္အလုပ္ကို စတင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္မွာ ျပစ္မႈဆိုင္ရာ စိတ္ပညာကို ေလ့လာသင္ၾကားခဲ့ေပမယ့္ ေမာ္ဒယ္ေလာကကုိပဲ ဝါႆနာပါခဲ့တာျဖစ္ပါတယ္။

၂ဝ၁၅ – ၂​ဝ၁၆ခုႏွစ္
Model of the Year အျဖစ္ အေမရိကန္ Vogue ကာဗာမွာ ေဖာ္ျပခံရ ၂၀၁၅မွာ Pirelli ျပကၡဒိန္အတြက္ Gigi ဓာတ္ပံုေတြ ႐ုိက္ေနပါျပီ။ ထိုႏွစ္အစမွာပဲ Maybelline brand ambassador တစ္ေယာက္လည္းျဖစ္ခဲ့ပါတယ္။

Dating

Image result for Gigi Hadid
Zayn Malik နဲ႔ကေတာ့ ၂၀၁၅ကုန္ခါနီးေလာက္က စဒိတ္ခဲ့တာျဖစ္ပါတယ္။ Zayn ရဲ႕music video ” PillowTalk” မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ျပီး ၂၀၁၇ Vogue မဂၢဇင္းမွာေတာ့ တတိယေျမာက္စံုတဲြအျဖစ္ ကာဗာမွာေဖာ္ျပျခင္းခံခဲ့ရပါတယ္။ ျပီးခဲ့တဲ့ မတ္လ(၁၃)ရက္ေန႔မွာေတာ့ Zayn နဲ႔ Gigi တို႔ျပတ္စဲသြားတယ္လို႔ ဆို႐ွယ္မီဒီယာမွာထြက္ေပၚခဲ့ျပီး တစ္လေတာင္မၾကာခင္မွာပဲ ျပန္လည္သင့္ျမတ္သြားျပီလို႔ သတင္းထပ္ထြက္လာပါတယ္။

(Unicode)

အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gigi Hadid ကတော့ အမေရိကန် ဖက်ရှင်၊ ၁၉၉၅ခုနှစ် ဧပြီလ(၂၃)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ IMG Models နဲ့ စာချုပ်ချုပ်ခဲ့ပြီးပ၂ဝ၁၄နိုဝင်ဘာလမှာ Models.com တွင် ထိပ်တန်းမော်ဒယ် (၅ဝ)မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၆မှာတော့ ဗြိတိန်ဖက်ရှင်ကောင်စီက အသိမှတ်ပြုတဲ့ International Model of the Year ကိုရရှိခဲ့ပါတယ်။

Gigi Hadid က လော့စ်အိန်ဂျယ်မှာမွေးပြီး ထိုနေရာမှာပဲ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ သူမအမေက ဒတ်ချ်- အမေရိကန်လူမျိုးဖြစ်ပြီး အဖေကတော့ ပါလက်စတိုင်း – အမေရိကန်ဖြစ်ပါတယ်။ Gigi မှာ ညီမတစ်ယောက်နဲ့ မောင်တစ်ယောက်ရှိပါသေးတယ်။ မောင်နှမသုံးယောက်လုံးက မော်ဒယ်တွေပဲဖြစ်ပါတယ်။ သူမမှာ ဖအေတူ အမေကွဲ အစ်မနှစ်ယောက်ရှိပါသေးတယ်။ သူမမိဘတွေကွာရှင်းပြီးတော့ အမေဖြစ်သူဟာ သီချင်းထုတ်လုပ်သူ David Foster နဲ့ လက်ထပ်သွားခဲ့ပါတယ်။ သူမမှာအဖေတူ အမေကွဲ အစ်မချည်းပဲ ငါးယောက်လောက်ရှိပါတယ်။

Malibu အထက်တန်းကျောင်းမှာတက်ရောက်ခဲ့ပြီး volleyball အသင်းခေါင်းဆောင် ၊ မြင်းစီးပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ အထက်တန်းပြီးတော့ ပညာရေးကို ပိုကောင်းမွန်စေချင်တာကြောင့် နယူးယော့သို့ပြောင်းသွားပြီး မော်ဒယ်အလုပ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ ပြစ်မှုဆိုင်ရာ စိတ်ပညာကို လေ့လာသင်ကြားခဲ့ပေမယ့် မော်ဒယ်လောကကိုပဲ ဝါဿနာပါခဲ့တာဖြစ်ပါတယ်။

၂ဝ၁၅ – ၂​ဝ၁၆ခုနှစ်
Model of the Year အဖြစ် အမေရိကန် Vogue ကာဗာမှာ ဖော်ပြခံရ ၂၀၁၅မှာ Pirelli ပြက္ခဒိန်အတွက် Gigi ဓာတ်ပုံတွေ ရိုက်နေပါပြီ။ ထိုနှစ်အစမှာပဲ Maybelline brand ambassador တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

Dating

Zayn Malik နဲ့ကတော့ ၂၀၁၅ကုန်ခါနီးလောက်က စဒိတ်ခဲ့တာဖြစ်ပါတယ်။ Zayn ရဲ့music video ” PillowTalk” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၇ Vogue မဂ္ဂဇင်းမှာတော့ တတိယမြောက်စုံတွဲအဖြစ် ကာဗာမှာဖော်ပြခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၃)ရက်နေ့မှာတော့ Zayn နဲ့ Gigi တို့ပြတ်စဲသွားတယ်လို့ ဆိုရှယ်မီဒီယာမှာထွက်ပေါ်ခဲ့ပြီး တစ်လတောင်မကြာခင်မှာပဲ ပြန်လည်သင့်မြတ်သွားပြီလို့ သတင်းထပ်ထွက်လာပါတယ်။

476 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.