ေျခဖ၀ါးကုိေန႔တိုင္းပံုမွန္ႏွိပ္နယ္ေပးသင့္တဲ႔အေၾကာင္းရင္းမ်ား…

ရွည္လ်ားတဲ႔တစ္ေန႔တာကုိျဖတ္သန္းသြားလာျပီးအိမ္ျပန္ေရာက္တဲ႔အခ်ိန္ ေျခဖ၀ါးႏွိပ္နယ္ေပး တာက ပင္ပန္းႏြမ္းနယ္မႈေတြယူပစ္လိုက္သလိုေျပေပ်ာက္သြားေစပါတယ္တဲ႔။ေျခဖ၀ါးမွာ ခႏၶာကုိယ္အစိတ္အပုိင္းေတြနဲ႔ဆက္သြယ္ထားတဲ႔အေၾကာေပါင္း ၁၅၀၀၀ ေၾကာေတာင္ ရွိပါတယ္။ေျခဖ၀ါးကုိနွိပ္နယ္ေပးတာကတစ္ကိုယ္လံုးမွာရွိေနတဲ႔နာက်င္ပင္ပန္းမႈေတြကုိေပ်ာက္ေစျပီး တစ္ျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြလည္းရႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္ပဲလူအမ်ားစုက Foot Message လုပ္ျပီးရင္တစ္ကုိယ္လံုးေပါ့ပါးလန္းဆန္းသြားတယ္၊ေနလုိ႔ထုိင္လို႔ေကာင္းသြား တယ္ဆိုျပီးေျပာၾကတာပါ။ေလ့လာခ်က္ေတြအရ ေျခဖ၀ါးႏွိပ္နယ္မႈဟာ ဘယ္လိုက်န္းမာေရး ဆိုင္ရာျပႆနာေတြကုိေျဖရွင္းေပးႏုိင္လဲဆုိေတာ့…

၁)ေသြးဖိအားေလ်ာ့က်ေစတယ္
ေသြးဖိအားျမင့္တက္တာက နွလံုးေရွာ့ခ္ျဖစ္မႈကုိဦးေဆာင္ေနတဲ႔အတြက္ ေသြးဖိအားပံုမွန္ျဖစ္ဖုိ႔နဲ ႔ေသြးဖိအားေလ်ာ့က်ဖုိ႔ ေနထုိင္မႈ၊စားေသာက္မႈပံုစံကုိအျမဲတမ္းဂရုစုိက္ေနရပါတယ္။ ဒါေပမဲ႔ ညတိုင္းပံုမွန္ေျခဖ၀ါးႏွိပ္နယ္ေပးမယ္ဆုိရင္ေသြးဖိအားကုိအလြယ္တကူပဲေလ်ာ့က်ေစတယ္လို႔ေလ့လာေတြ႔ရွိရပါတယ္။

၂)အမ်ိဳးသမီးေတြအတြက္က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာရွိတယ္
ေျခဖ၀ါးကုိေန႔စဥ္ပံုမွန္ႏိွပ္နယ္ေပးတာကမိန္းကေလးတို႔လစဥ္ပံုမွန္ဧည့္သည္မလာခင္နာက်င္ကုိက္ခဲမႈေတြမျဖစ္ေအာင္၊နာက်င္မႈေတြသက္သာေအာင္ကူညီေပးပါတယ္တဲ႔။ဒါ့အျပင္ အဲ႔ဒီအခ်ိန္ကာလ ေခါင္းကုိက္တာ၊စိတ္ေျပာင္းလြယ္တာ၊စိတ္ဖိစီးမႈမ်ားတာ၊ညဘက္အလြယ္တကူ
အိပ္မေပ်ာ္တာေတြမျဖစ္ေအာင္ကူညီေပးႏုိင္ပါတယ္။

၃)ကင္ဆာေရာဂါလူနာေတြအတြက္အက်ိဳးရွိေစတယ္
မီခ်ီဂန္ျပည္နယ္တကၠသုိလ္က သိပၸံပညာရွင္ေတြရဲ ႔ေလ့လာခ်က္အရ ေန႔တိုင္းပံုမွန္ေျခဖ၀ါးႏွိပ္နယ္ ေပးတာက ကင္ဆာေရာဂါလူနာေတြဓာတုကုထံုးကုသမႈေၾကာင့္ျဖစ္ေပၚလာတဲ႔ ဆုိးက်ိဳးေတြ၊ နာက်င္မႈေတြ၊ေအာ့အန္မႈေတြကုိသက္သာေလ်ာ့ပါးေစပါတယ္တဲ႔။အသက္ရႈရခက္တာမ်ိဳး၊အားအင္ကုန္ခမ္းတာမ်ိဳးစတဲ႔ကုသမႈေၾကာင့္ျဖစ္ေပၚလာတဲ႔အက်ိဳးဆက္ေတြကုိလည္း ေလ်ာ့ပါးေစပါတယ္။

၄)အျမင္အာရံုေကာင္းမြန္ေစတယ္
ေန႔တိုင္းေျခဖ၀ါးႏွိပ္နယ္ေပးတာဟာ အျမင္အာရံုႏွစ္ထပ္ျဖစ္ေနတာမ်ိဳး၊မ်က္လံုးတစ္ဖက္တည္းက ေသခ်ာမျမင္ရတာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ဒ့ါအျပင္ ၾကြက္သားေတြ အားနည္းတာ၊အာရံုငါးပါးထဲက တစ္ခုခုခ်ိဳ႔တ႔ဲတာမ်ိဳးကုိမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။

၅)ကုိယ္၀န္ေဆာင္အမ်ိဳးသမီးေတြအတြက္လည္းအက်ိဳးရွိတယ္
ကုိယ္၀န္ေဆာင္အမ်ိဳးသမီးေတြအမ်ားအားျဖင့္ ဒီလုိေျခေထာက္ေရာင္တာမ်ိဳးၾကံဳေတြ႔ ရတတ္ပါတယ္။ကေလးမေမြးဖြားခင္ရက္ပုိင္းမွာ ဒီလုိေျခေထာက္နဲ႔ေျခက်င္း၀တ္ေရာင္တာေတြ ျဖစ္တတ္ပါတယ္။အဲ႔ဒီအခါမ်ိဳးမွာ ေန႔တုိင္း မိနစ္ ၂၀ခန္႔ ေျခဖ၀ါးကုိႏွိပ္နယ္ေပးမယ္ဆိုရင္
ေရာင္ရမ္းနာက်င္မႈေလ်ာ့နည္းေစပါတယ္တဲ႔။

၆)ညဘက္ေကာင္းမြန္စြာအိပ္ေပ်ာ္ေစတယ္
တစ္ေနကုန္ပင္ပန္းလာျပီးအိမ္ျပန္ေရာက္ေတာ့အိပ္ခ်င္ေပမဲ႔ဖုန္းေလးေကာက္ကုိင္မိလိုက္တာ၊ရုပ္ရွင္ေလးထုိင္ၾကည့္မိလိုက္တာမ်ိဳးျဖစ္တတ္ပါတယ္။အိပ္ခ်င္ေပမဲ႔ မ်က္လံုးကေၾကာင္သြားတဲ႔အခါ အိပ္ခ်ိန္ေနာက္က်တတ္ပါတယ္။လူတိုင္းကညဘက္ေကာင္းေကာင္းအိပ္စက္ရတာၾကိဳက္ပါတယ္။ဒီလုိမ်ိဳးအိပ္ခ်ိန္ေနာက္က်တဲ႔အခါ မနက္နုိးရင္လည္းအိပ္ေရးမ၀၊မလန္းဆန္းႏုိင္ေတာ့ပါဘူး။ အဲ႔ဒါေၾကာင့္ ညဘက္ေကာင္းမြန္စြာအိပ္ေပ်ာ္ခ်င္တယ္ဆုိရင္ေျခဖ၀ါးကုိ ၂မိနစ္ေလာက္ႏွိပ္နယ္ ေပးပါတဲ႔။စိတ္ဖိစီးမႈေတြလည္းေျပေပ်ာက္ေစပါတယ္။

၇)ေခါင္းကုိက္ျခင္းကုိ ႏႈတ္ဆက္လုိက္ပါ
ေျခဖ၀ါးကုိပံုမွန္ႏွိပ္နယ္ေပးတာက ေခါင္းကုိက္တာကုိသက္သာေပ်ာက္ကင္းေစပါတယ္။ မၾကာခဏေခါင္းကုိက္တတ္တယ္ဆိုရင္ေျခဖ၀ါးကုိသာပံုမွန္ႏွိပ္နယ္ေပးပါ။ေျခေခ်ာင္းတစ္ေခ်ာင္း ခ်င္းစီရဲ ဒုတိယအဆစ္ေနရာေလာက္ကုိ ျဖည္းျဖည္းခ်င္းႏွိပ္နယ္ေပးတာကေခါင္းကုိက္ ေရာဂါ ကုိေပ်ာက္ကင္းေစျပီး ေျခဖ၀ါးတစ္ခုလံုးကုိညင္သာစြာႏွိပ္နယ္ျပီးလက္မနဲ ႔လက္ညိွဳးေနရာၾကားကုိ စက္၀ုိင္းပံုစံႏွိပ္နယ္ေပးတာကပုခံုးနဲ႔လည္ပင္းမွာျဖစ္ေနတဲ ႔အေၾကာတင္းမႈေတြကုိေျပေပ်ာက္ေစ ပါတယ္တဲ႔။ေျခမကုိ အၾကိမ္ေရမ်ားမ်ား ဖ်စ္ညစ္ေပး တာကလည္းေခါင္းကုိက္တာကုိသက္သာေစ ပါတယ္။ဘယ္ဘက္ေခါင္းတစ္ျခမ္းကုိက္တဲ႔အခါ ဘယ္ဘက္ေျခဖ၀ါး၊ညာဘက္ေခါင္း တစ္ျခမ္းကုိက္တဲ႔အခါ ညာဘက္ေျခဖ၀ါးကုိႏွိပ္နယ္ေပးပါ။ဒါဆိုရင္ေတာ့ ေခါင္းကုိက္ တာကုိ နႈတ္ဆက္လုိ႔ရပါျပီ။

ပင္ပန္းႏြမ္းနယ္မႈေတြေျပေပ်ာက္ေစဖုိ႔ ေျခဖ၀ါးကုိ ေန႔တုိင္းႏွိပ္နယ္ေပးပါ။သတိျပဳစရာကေတာ့ ေရမခ်ိဳးခင္အခ်ိန္နဲ႔ေရခ်ိဳးျပီးစအခ်ိန္ေတြမွာ မႏွိပ္ပါနဲ႔။ၾကားထဲမွာအခ်ိန္အနည္းငယ္ျခားဖုိ႔ လိုအပ္ပါတယ္။အဲ႔ဒါေၾကာင့္ေရမခ်ိဳးခင္ေျခဖ၀ါးႏွိပ္နယ္မယ္ဆိုရင္သံုးနာရီေလာက္ျခားျပီးႏွိပ္ထားပါ။ေရခ်ိဳးျပီးမွႏွိပ္နယ္မယ္ဆုိရင္လည္းေရခ်ိဳးျပီးခ်ိန္နဲ႔သံုးနာရီေလာက္ျခားျပီးမွႏွိပ္နယ္ဖုိ႔ကုိ ကြ်မ္းက်င္သူေတြက အၾကံျပဳထားပါတယ္။

Unicode

ရှည်လျားတဲ့တစ်နေ့တာကိုဖြတ်သန်းသွားလာပြီးအိမ်ပြန်ရောက်တဲ့အချိန် ခြေဖဝါးနှိပ်နယ်ပေး တာက ပင်ပန်းနွမ်းနယ်မှုတွေယူပစ်လိုက်သလိုပြေပျောက်သွားစေပါတယ်တဲ့။ခြေဖဝါးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆက်သွယ်ထားတဲ့အကြောပေါင်း ၁၅၀၀၀ ကြောတောင် ရှိပါတယ်။ခြေဖဝါးကိုနှိပ်နယ်ပေးတာကတစ်ကိုယ်လုံးမှာရှိနေတဲ့နာကျင်ပင်ပန်းမှုတွေကိုပျောက်စေပြီး တစ်ခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရနိုင်ပါတယ်။အဲ့ဒါကြောင့်ပဲလူအများစုက Foot Message လုပ်ပြီးရင်တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားတယ်၊နေလို့ထိုင်လို့ကောင်းသွား တယ်ဆိုပြီးပြောကြတာပါ။လေ့လာချက်တွေအရ ခြေဖဝါးနှိပ်နယ်မှုဟာ ဘယ်လိုကျန်းမာရေး ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်လဲဆိုတော့…

၁)သွေးဖိအားလျော့ကျစေတယ်
သွေးဖိအားမြင့်တက်တာက နှလုံးရှော့ခ်ဖြစ်မှုကိုဦးဆောင်နေတဲ့အတွက် သွေးဖိအားပုံမှန်ဖြစ်ဖို့နဲ ့သွေးဖိအားလျော့ကျဖို့ နေထိုင်မှု၊စားသောက်မှုပုံစံကိုအမြဲတမ်းဂရုစိုက်နေရပါတယ်။ ဒါပေမဲ့ ညတိုင်းပုံမှန်ခြေဖဝါးနှိပ်နယ်ပေးမယ်ဆိုရင်သွေးဖိအားကိုအလွယ်တကူပဲလျော့ကျစေတယ်လို့လေ့လာတွေ့ရှိရပါတယ်။

၂)အမျိုးသမီးတွေအတွက်ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတယ်
ခြေဖဝါးကိုနေ့စဉ်ပုံမှန်နှိပ်နယ်ပေးတာကမိန်းကလေးတို့လစဉ်ပုံမှန်ဧည့်သည်မလာခင်နာကျင်ကိုက်ခဲမှုတွေမဖြစ်အောင်၊နာကျင်မှုတွေသက်သာအောင်ကူညီပေးပါတယ်တဲ့။ဒါ့အပြင် အဲ့ဒီအချိန်ကာလ ခေါင်းကိုက်တာ၊စိတ်ပြောင်းလွယ်တာ၊စိတ်ဖိစီးမှုများတာ၊ညဘက်အလွယ်တကူ
အိပ်မပျော်တာတွေမဖြစ်အောင်ကူညီပေးနိုင်ပါတယ်။

၃)ကင်ဆာရောဂါလူနာတွေအတွက်အကျိုးရှိစေတယ်
မီချီဂန်ပြည်နယ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ ့လေ့လာချက်အရ နေ့တိုင်းပုံမှန်ခြေဖဝါးနှိပ်နယ် ပေးတာက ကင်ဆာရောဂါလူနာတွေဓာတုကုထုံးကုသမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ၊ နာကျင်မှုတွေ၊အော့အန်မှုတွေကိုသက်သာလျော့ပါးစေပါတယ်တဲ့။အသက်ရှုရခက်တာမျိုး၊အားအင်ကုန်ခမ်းတာမျိုးစတဲ့ကုသမှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုလည်း လျော့ပါးစေပါတယ်။

၄)အမြင်အာရုံကောင်းမွန်စေတယ်
နေ့တိုင်းခြေဖဝါးနှိပ်နယ်ပေးတာဟာ အမြင်အာရုံနှစ်ထပ်ဖြစ်နေတာမျိုး၊မျက်လုံးတစ်ဖက်တည်းက သေချာမမြင်ရတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဒ့ါအပြင် ကြွက်သားတွေ အားနည်းတာ၊အာရုံငါးပါးထဲက တစ်ခုခုချို့တဲ့တာမျိုးကိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅)ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်းအကျိုးရှိတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအများအားဖြင့် ဒီလိုခြေထောက်ရောင်တာမျိုးကြုံတွေ့ ရတတ်ပါတယ်။ကလေးမမွေးဖွားခင်ရက်ပိုင်းမှာ ဒီလိုခြေထောက်နဲ့ခြေကျင်းဝတ်ရောင်တာတွေ ဖြစ်တတ်ပါတယ်။အဲ့ဒီအခါမျိုးမှာ နေ့တိုင်း မိနစ် ၂ဝခန့် ခြေဖဝါးကိုနှိပ်နယ်ပေးမယ်ဆိုရင်
ရောင်ရမ်းနာကျင်မှုလျော့နည်းစေပါတယ်တဲ့။

၆)ညဘက်ကောင်းမွန်စွာအိပ်ပျော်စေတယ်
တစ်နေကုန်ပင်ပန်းလာပြီးအိမ်ပြန်ရောက်တော့အိပ်ချင်ပေမဲ့ဖုန်းလေးကောက်ကိုင်မိလိုက်တာ၊ရုပ်ရှင်လေးထိုင်ကြည့်မိလိုက်တာမျိုးဖြစ်တတ်ပါတယ်။အိပ်ချင်ပေမဲ့ မျက်လုံးကကြောင်သွားတဲ့အခါ အိပ်ချိန်နောက်ကျတတ်ပါတယ်။လူတိုင်းကညဘက်ကောင်းကောင်းအိပ်စက်ရတာကြိုက်ပါတယ်။ဒီလိုမျိုးအိပ်ချိန်နောက်ကျတဲ့အခါ မနက်နိုးရင်လည်းအိပ်ရေးမဝ၊မလန်းဆန်းနိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ညဘက်ကောင်းမွန်စွာအိပ်ပျော်ချင်တယ်ဆိုရင်ခြေဖဝါးကို ၂မိနစ်လောက်နှိပ်နယ် ပေးပါတဲ့။စိတ်ဖိစီးမှုတွေလည်းပြေပျောက်စေပါတယ်။

၇)ခေါင်းကိုက်ခြင်းကို နှုတ်ဆက်လိုက်ပါ
ခြေဖဝါးကိုပုံမှန်နှိပ်နယ်ပေးတာက ခေါင်းကိုက်တာကိုသက်သာပျောက်ကင်းစေပါတယ်။ မကြာခဏခေါင်းကိုက်တတ်တယ်ဆိုရင်ခြေဖဝါးကိုသာပုံမှန်နှိပ်နယ်ပေးပါ။ခြေချောင်းတစ်ချောင်း ချင်းစီရဲ ဒုတိယအဆစ်နေရာလောက်ကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးတာကခေါင်းကိုက် ရောဂါကိုပျောက်ကင်းစေပြီး ခြေဖဝါးတစ်ခုလုံးကိုညင်သာစွာနှိပ်နယ်ပြီးလက်မနဲ ့လက်ညှိုးနေရာကြားကို စက်ဝိုင်းပုံစံနှိပ်နယ်ပေးတာကပုခုံးနဲ့လည်ပင်းမှာဖြစ်နေတဲ ့အကြောတင်းမှုတွေကိုပြေပျောက်စေပါတယ်တဲ့။ခြေမကို အကြိမ်ရေများများ ဖျစ်ညစ်ပေး တာကလည်းခေါင်းကိုက်တာကိုသက်သာစေပါတယ်။ဘယ်ဘက်ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ဘယ်ဘက်ခြေဖဝါး၊ညာဘက်ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ညာဘက်ခြေဖဝါးကို
နှိပ်နယ်ပေးပါ။ဒါဆိုရင်တော့ ခေါင်းကိုက်တာကို နှုတ်ဆက်လို့ရပါပြီ။

ပင်ပန်းနွမ်းနယ်မှုတွေပြေပျောက်စေဖို့ ခြေဖဝါးကို နေ့တိုင်းနှိပ်နယ်ပေးပါ။သတိပြုစရာကတော့ ရေမချိုးခင်အချိန်နဲ့ရေချိုးပြီးစအချိန်တွေမှာ မနှိပ်ပါနဲ့။ကြားထဲမှာအချိန်အနည်းငယ်ခြားဖို့ လိုအပ်ပါတယ်။အဲ့ဒါကြောင့်ရေမချိုးခင်ခြေဖဝါးနှိပ်နယ်မယ်ဆိုရင်သုံးနာရီလောက်ခြားပြီးနှိပ်ထားပါ။ရေချိုးပြီးမှနှိပ်နယ်မယ်ဆိုရင်လည်းရေချိုးပြီးချိန်နဲ့သုံးနာရီလောက်ခြားပြီးမှနှိပ်နယ်ဖို့ကို ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.