ေန႔ခင္းေန႔လည္ ထမင္းအဆီတက္လာျပီဆိုရင္ ဒါေလးေတြနဲ႔လန္းဆန္းေအာင္ လုပ္ၾကမယ္…

ေကာ္ဖီေလးတစ္ခြက္မွ မေသာက္ရရင္ တစ္ခုခုလိုေနသလိုခံစားရျပီလား? အိပ္ခ်င္ျပီဆိုတာနဲ႔ အားျဖည့္အခ်ဳိရည္ေတြေသာက္ျပီး ကိုယ့္စိတ္ ကိုယ္တက္ၾကြေအာင္လုပ္ေနရျပီလား?အျမဲတမ္း ဒီအခ်ဳိရည္ေတြေသာက္မွ စိတ္လန္းေအာင္လုပ္လုိ႔ရတယ္ဆုိရင္ မျဖစ္ေသးဘူးေနာ္.. အျခားကိုယ့္အတြက္ ထိေရာက္မယ့္နည္းလမ္းေလးေတြ စမ္းသံုးၾကည့္ရေအာင္လား။သင္ဟာ ေကာ္ဖီေတြ ၊ အားျဖည့္အခ်ဳိရည္ေတြကို ဆက္အားမေပးခ်င္ေတာ့ဘူးဆိုရင္ ဒါေလးကို ဆက္ဖက္ၾကည့္ပါ. . .

လီမြန္သီး ကိုက္လိုက္ပါ

အရသာကို ၾကိဳက္သည္ျဖစ္ေစ ၊မၾကိဳက္သည္ျဖစ္ေစ အရမ္းငိုက္စင္းေနျပီ ၊ ကိုယ့္အေျခအေန ကိုယ္ေတာင္မထိန္းႏုိင္ေတာ့ဘူးဆိုရင္ လီမြန္သီးျဖစ္ျဖစ္၊ သံပုရာသီးျဖစ္ျဖစ္ တစ္ကိုက္ေလာက္ ကိုက္ခ်လိုက္ပါ။ ခ်ဥ္စူးျပီး အိပ္ခ်င္ေနတဲ့စိတ္ေတြ လံုးဝထြက္ေျပးသြားပါလိမ့္မယ္။

ေရေအးနဲ႔မ်က္ႏွာသစ္

မ်က္ခံြေတြ ေလးလံက်လာျပီဆို ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္လုိက္ပါ။ ေရေအးနဲ႔မ်က္ႏွာကို အဆက္မျပတ္သစ္ေပးတာက သင့္ကိုႏိုးၾကြေစျပီး အားအင္လည္းျပန္လည္ တက္ၾကြေစပါတယ္။ ေနာက္တစ္ခုကေတာ့ ေရခဲတဲုးေဆာင္ထားပါ။ ႐ံုးမွာ ေရခဲေသတၱာ႐ိွရင္ အဆင္ေျပတာေပါ့။ ေရခဲတံုးေတြနဲ႔ ဂုတ္ကိုကပ္ေပးရင္လည္း အိပ္ခ်င္ေျပေစပါတယ္။

လက္ေကာက္ဝတ္ကို ေရေအးနဲ႔ထိေတြ႔ေပး


႐ိုး႐ိုးေလးနဲ႔ ထိေရာက္တဲ့နည္းလမ္းပါ။ မ်က္ႏွာသစ္ျပီး လက္ေကာက္၀တ္ကိုလည္း ေရေအးနဲ႔ထိေတြ႔ေပးတာက ေအးမွ်မႈ႐ွိတာေၾကာင့္ စိတ္ကိုျပန္လည္ လန္းဆန္းေစပါတယ္။

နားရြက္ ႏွိပ္နယ္

ဒီနည္းလမ္းကေတာ့ အရင္ကဗုဒၶဘုန္းၾကီးေတြ အသုံးျပဳတာျဖစ္ပါတယ္။ တရားထုိင္ေနရင္းအိပ္ငိုက္လာရင္ နားရြက္ကို နာနာေလးျဖတ္ညွစ္ေပးတတ္ၾကပါတယ္။ အဓိကေနရာကို ထိမိသြားတဲ့အခါ အိပ္ခ်င္စိတ္ေတြကိုထိန္းခ်ဴပ္ျပီး ႏုိးၾကြေစပါတယ္။

ပ်င္းေၾကာဆန္႔

အိပ္ခ်င္လာရင္ ေကာ္ဖီထမေဖ်ာ္ပါနဲ႔။ စကၠန္႔၃ဝေလာက္ ပ်င္းေၾကာဆန္႔လုိက္ပါ။ ျဖည္းျဖည္းေလးနဲ႔ သက္ေတာင့္သက္သာပဲဆန္႔ေပးပါ။ အိပ္ခ်င္တယ္လို႔ ခံစားရျပီဆိုတာနဲ႔ ေတာင့္တင္းေနတဲ့ ခႏၶာကိုယ္အေၾကာေတြကို ေျဖေလ်ာ့ဆန္႔တန္းလိုက္ပါ။ တကယ္ထိေရာက္ပါတယ္။

(Unicode)

ကော်ဖီလေးတစ်ခွက်မှ မသောက်ရရင် တစ်ခုခုလိုနေသလိုခံစားရပြီလား? အိပ်ချင်ပြီဆိုတာနဲ့ အားဖြည့်အချိုရည်တွေသောက်ပြီး ကိုယ့်စိတ် ကိုယ်တက်ကြွအောင်လုပ်နေရပြီလား?အမြဲတမ်း ဒီအချိုရည်တွေသောက်မှ စိတ်လန်းအောင်လုပ်လို့ရတယ်ဆိုရင် မဖြစ်သေးဘူးနော်.. အခြားကိုယ့်အတွက် ထိရောက်မယ့်နည်းလမ်းလေးတွေ စမ်းသုံးကြည့်ရအောင်လား။သင်ဟာ ကော်ဖီတွေ ၊ အားဖြည့်အချိုရည်တွေကို ဆက်အားမပေးချင်တော့ဘူးဆိုရင် ဒါလေးကို ဆက်ဖက်ကြည့်ပါ. . .

လီမွန်သီး ကိုက်လိုက်ပါ

အရသာကို ကြိုက်သည်ဖြစ်စေ ၊မကြိုက်သည်ဖြစ်စေ အရမ်းငိုက်စင်းနေပြီ ၊ ကိုယ့်အခြေအနေ ကိုယ်တောင်မထိန်းနိုင်တော့ဘူးဆိုရင် လီမွန်သီးဖြစ်ဖြစ်၊ သံပုရာသီးဖြစ်ဖြစ် တစ်ကိုက်လောက် ကိုက်ချလိုက်ပါ။ ချဉ်စူးပြီး အိပ်ချင်နေတဲ့စိတ်တွေ လုံးဝထွက်ပြေးသွားပါလိမ့်မယ်။

ရေအေးနဲ့မျက်နှာသစ်

မျက်ခွံတွေ လေးလံကျလာပြီဆို ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ရေအေးနဲ့မျက်နှာကို အဆက်မပြတ်သစ်ပေးတာက သင့်ကိုနိုးကြွစေပြီး အားအင်လည်းပြန်လည် တက်ကြွစေပါတယ်။ နောက်တစ်ခုကတော့ ရေခဲတဲုးဆောင်ထားပါ။ ရုံးမှာ ရေခဲသေတ္တာရှိရင် အဆင်ပြေတာပေါ့။ ရေခဲတုံးတွေနဲ့ ဂုတ်ကိုကပ်ပေးရင်လည်း အိပ်ချင်ပြေစေပါတယ်။

လက်ကောက်ဝတ်ကို ရေအေးနဲ့ထိတွေ့ပေး

ရိုးရိုးလေးနဲ့ ထိရောက်တဲ့နည်းလမ်းပါ။ မျက်နှာသစ်ပြီး လက်ကောက်ဝတ်ကိုလည်း ရေအေးနဲ့ထိတွေ့ပေးတာက အေးမျှမှုရှိတာကြောင့် စိတ်ကိုပြန်လည် လန်းဆန်းစေပါတယ်။

နားရွက် နှိပ်နယ်

ဒီနည်းလမ်းကတော့ အရင်ကဗုဒ္ဓဘုန်းကြီးတွေ အသုံးပြုတာဖြစ်ပါတယ်။ တရားထိုင်နေရင်းအိပ်ငိုက်လာရင် နားရွက်ကို နာနာလေးဖြတ်ညှစ်ပေးတတ်ကြပါတယ်။ အဓိကနေရာကို ထိမိသွားတဲ့အခါ အိပ်ချင်စိတ်တွေကိုထိန်းချူပ်ပြီး နိုးကြွစေပါတယ်။

ပျင်းကြောဆန့်

အိပ်ချင်လာရင် ကော်ဖီထမဖျော်ပါနဲ့။ စက္ကန့်၃ဝလောက် ပျင်းကြောဆန့်လိုက်ပါ။ ဖြည်းဖြည်းလေးနဲ့ သက်တောင့်သက်သာပဲဆန့်ပေးပါ။ အိပ်ချင်တယ်လို့ ခံစားရပြီဆိုတာနဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်အကြောတွေကို ဖြေလျော့ဆန့်တန်းလိုက်ပါ။ တကယ်ထိရောက်ပါတယ်။

154 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.