လတ္တေလာ ပရိသတ္အာရံုစုိက္ခံေနရတဲ႔ သူတို႔ႏွစ္ေယာက္…

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔ေရႊမင္းသမီးေလး Song Hye Kyoကုိ မၾကာခင္ဇာတ္လမ္းတြဲတစ္ခုမွာ ျပန္လည္ေတြ႔ျမင္ရပါေတာ့မယ္။ျပီးခဲ႔တဲ႔ ၂၀၁၇၊ေအာက္တိုဘာလကမွ ခ်စ္ရတဲ့သူနဲ႔လက္ထပ္ပြဲ ဆင္ႏႊဲခဲ႔ျပီး အႏုပညာလႈပ္ရွားမႈေတြခဏနားထားရာကေန အခုေတာ့ ဇာတ္လမ္းတြဲတစ္ခုကုိ ေလ့လာေနျပီျဖစ္ေၾကာင္းျပည္ပမီဒီယာကေနေဖာ္ျပလာခဲ့ပါျပီ။

၂၀၁၆တုန္းက Descendants of the Sun ဇာတ္ကားကုိရိုက္ကူးခဲ႔ျပီး ဒါက ၂၀၁၈ အတြက္ Song Hye Kyo ရဲ ႔ပထမဆံုးဇာတ္လမ္းတြဲလည္းျဖစ္ပါတယ္။ဇာတ္လမ္းတြဲနာမည္ကေတာ့ “Boyfriend”ပါ။ဒီဇာတ္လမ္းတြဲမွာ အတူတြဲဖက္သရုပ္ေဆာင္ရမယ့္သူကေတာ့ Song Hye Kyo ရဲ ႔အမ်ိဳးသား မင္းသား Song Joong Ki ရဲ ႔အခ်စ္ဆံုးသူငယ္ခ်င္းတစ္ေယာက္လည္းျဖစ္သူ
မင္းသားေခ်ာ Park Bo Gum ပဲျဖစ္ပါတယ္။

မီဒီယာရဲ ႔ေဖာ္ျပခ်က္အရ ဒီဇာတ္လမ္းတြဲရဲ ႔ေခါင္းေဆာင္မင္းသားနဲ႔မင္းသမီးက Park Bo Gum နဲ႔ Song Hye Kyo ျဖစ္ျပီး ဇာတ္လမ္းပံုစံကမင္းသမီးဟာ ခ်မ္းသာတဲ႔မိသားစုကေပါက္ဖြားလာသူ တစ္ေယာက္ျဖစ္ျပီး အေမျဖစ္သူစီစဥ္ေပးတဲ႔စီးပြားေရးဆန္ဆန္ လက္ထပ္ပြဲကုိေခါင္းညိတ္ခဲ႔ရ
ပါတယ္။ဒါေပမဲ႔ ရင္ေသြးေလးတစ္ေယာက္္ရျပီးခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူက သူမနဲ႔ကေလးကုိ ထားပစ္ခဲ႔ပါတယ္။ကြာရွင္းထားတဲ႔မိခင္တစ္ေယာက္အျဖစ္ Song Hye Kyo က သရုပ္ေဆာင္ရမွာပါ။

Park Bo Gum ဟာေတာ့ ကုမၸဏီၾကီးေတြမွာအလုပ္ေလ်ွာက္ထားတဲ႔အခ်ိန္ အခ်ိန္ပိုင္းအလုပ္ေတြ မ်ားစြာလုပ္ကုိင္ေနရတဲ႔သာမန္အမ်ိဳးသားတစ္ေယာက္၊ကုမၸဏီၾကီးေတြမွာေလ်ွာက္ေပမဲ႔ ျငင္းပယ္ခံရတဲ႔အခါမွာေတာ့ သူ႔ဘ၀အတြက္ေသခ်ာခိုင္မာတဲ႔ အမ်ိဳးသမီးတစ္ေယာက္ကုိေတြ႔ဆံုဖုိ႔ ႏုိင္ငံရပ္ျခားကုိထြက္လာဖုိ႔ၾကိဳးစားခဲ႔သူအျဖစ္သရုပ္ေဆာင္ရမွာျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ လက္ရွိဘ၀နဲ႔လံုး၀ျခားနားကြဲျပားတဲ႔ဘ၀ကုိရွာေဖြေနၾကတဲ႔ အမ်ိဳးသားနဲ႔အမ်ိဳးသမီးဘ၀ကုိ အဓိက တင္ဆက္ရုိက္ကူးထားတာျဖစ္ပါတယ္။ထူးျခားတဲ႔ ဇာတ္လမ္းပံုစံျဖစ္တာေၾကာင့္ ပရိသတ္ေတြကစိတ္၀င္စားေနၾကျပီး မင္းသား Park Bo Gumနဲ႔ မင္းသမီး Song Hye Kyoတုိ႔ပထမဆံုးတြဲဖက္ရုိက္ကူးမယ့္ဇာတ္လမ္းတြဲျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြရဲ ႔အာရံုစူးစုိက္မႈ ပုိျပီးရရိွေနတယ္လို႔သိရပါတယ္။

ဒါေပမဲ႔ Song Hye Kyo ဆီကအတည္ျပဳခ်က္ေတာ့မရေသးပါဘူးတဲ႔။ ဇာတ္ညႊန္းကေတာ့ ရရွိေနေပမဲ႔ ေလ့လာဖတ္ရႈေနဆဲပါလုိ႔ သူမရဲ ႔ေအဂ်င္စီျဖစ္တဲ႔ United Artist Agency ကေျပာျပခဲ႔ပါတယ္။ဇာတ္ကားရိုက္ကူးမယ့္ဘက္ကေတာ့ Song Hye Kyo ဆီက ဇာတ္ညႊန္းလက္ခံတဲ႔အတည္ျပဳခ်က္ရလာရင္ မၾကာခင္မွာစတင္ရိုက္ကူးမွာျဖစ္ျပီး ဒီႏွစ္ကုန္ေလာက္မွာ ထုတ္လႊင့္ျပသႏုိင္ဖုိ႔စီစဥ္ထားတယ္လို႔တာ၀န္ရွိသူတစ္ေယာက္ ကေျပာခဲ႔ပါတယ္။

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့ရွှေမင်းသမီးလေး Song Hye Kyoကို မကြာခင်ဇာတ်လမ်းတွဲတစ်ခုမှာ ပြန်လည်တွေ့မြင်ရပါတော့မယ်။ပြီးခဲ့တဲ့ ၂၀၁၇၊အောက်တိုဘာလကမှ ချစ်ရတဲ့သူနဲ့လက်ထပ်ပွဲ ဆင်နွှဲခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေခဏနားထားရာကနေ အခုတော့ ဇာတ်လမ်းတွဲတစ်ခုကို လေ့လာနေပြီဖြစ်ကြောင်းပြည်ပမီဒီယာကနေဖော်ပြလာခဲ့ပါပြီ။

၂၀၁၆တုန်းက Descendants of the Sun ဇာတ်ကားကိုရိုက်ကူးခဲ့ပြီး ဒါက ၂၀၁၈ အတွက် Song Hye Kyo ရဲ ့ပထမဆုံးဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ဇာတ်လမ်းတွဲနာမည်ကတော့ “Boyfriend”ပါ။ဒီဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ရမယ့်သူကတော့ Song Hye Kyo ရဲ ့အမျိုးသား မင်းသား Song Joong Ki ရဲ ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လည်းဖြစ်သူ
မင်းသားချော Park Bo Gum ပဲဖြစ်ပါတယ်။

မီဒီယာရဲ ့ဖော်ပြချက်အရ ဒီဇာတ်လမ်းတွဲရဲ ့ခေါင်းဆောင်မင်းသားနဲ့မင်းသမီးက Park Bo Gum နဲ့ Song Hye Kyo ဖြစ်ပြီး ဇာတ်လမ်းပုံစံကမင်းသမီးဟာ ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာသူ တစ်ယောက်ဖြစ်ပြီး အမေဖြစ်သူစီစဉ်ပေးတဲ့စီးပွားရေးဆန်ဆန် လက်ထပ်ပွဲကိုခေါင်းညိတ်ခဲ့ရ
ပါတယ်။ဒါပေမဲ့ ရင်သွေးလေးတစ်ယောက််ရပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူက သူမနဲ့ကလေးကို ထားပစ်ခဲ့ပါတယ်။ကွာရှင်းထားတဲ့မိခင်တစ်ယောက်အဖြစ် Song Hye Kyo က သရုပ်ဆောင်ရမှာပါ။

Park Bo Gum ဟာတော့ ကုမ္ပဏီကြီးတွေမှာအလုပ်လျှောက်ထားတဲ့အချိန် အချိန်ပိုင်းအလုပ်တွေ များစွာလုပ်ကိုင်နေရတဲ့သာမန်အမျိုးသားတစ်ယောက်၊ကုမ္ပဏီ ကြီးတွေမှာလျှောက်ပေမဲ့ ငြင်းပယ်ခံရတဲ့အခါမှာတော့ သူ့ဘဝအတွက်သေချာခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့ဆုံဖို့နိုင်ငံရပ်ခြားကိုထွက်လာဖို့ကြိုးစားခဲ့သူအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိဘဝနဲ့လုံးဝခြားနားကွဲပြားတဲ့ဘဝကိုရှာဖွေနေကြတဲ့ အမျိုးသားနဲ့အမျိုးသမီးဘဝကို အဓိက တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။ထူးခြားတဲ့ ဇာတ်လမ်းပုံစံဖြစ်တာကြောင့် ပရိသတ်တွေကစိတ်ဝင်စားနေကြပြီး မင်းသား Park Bo Gumနဲ့ မင်းသမီး Song Hye Kyoတို့ပထမဆုံးတွဲဖက်ရိုက်ကူးမယ့်ဇာတ်လမ်းတွဲဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ ့အာရုံစူးစိုက်မှု ပိုပြီးရရှိနေတယ်လို့သိရပါတယ်။

ဒါပေမဲ့ Song Hye Kyo ဆီကအတည်ပြုချက်တော့မရသေးပါဘူးတဲ့။ ဇာတ်ညွှန်းကတော့ ရရှိနေပေမဲ့ လေ့လာဖတ်ရှုနေဆဲပါလို့ သူမရဲ ့အေဂျင်စီဖြစ်တဲ့ United Artist Agency ကပြောပြခဲ့ပါတယ်။ဇာတ်ကားရိုက်ကူးမယ့်ဘက်ကတော့ Song Hye Kyo ဆီက ဇာတ်ညွှန်းလက်ခံတဲ့အတည်ပြုချက်ရလာရင် မကြာခင်မှာစတင်ရိုက်ကူးမှာဖြစ်ပြီး ဒီနှစ်ကုန်လောက်မှာ ထုတ်လွှင့်ပြသနိုင်ဖို့စီစဉ်ထားတယ်လို့တာဝန်ရှိသူတစ်ယောက် ကပြောခဲ့ပါတယ်။

866 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.