သရုပ်ဆောင်လောကထဲကို ခြေပစ်ဝင်သွားတဲ့ Krystal တစ်ယောက် f(x)အဖွဲ့က ထွက်လိုက်ပြီလား ?





ကမေးတော့ –


(Unicode)

Prison Playbook ဒရာမာဇာတ်ကားနဲ့ အောင်မြင်မှုတစ်ဟုန်ထိုးရရှိနေတဲ့ Krystal ကို f(x)အဖွဲ့နဲ့ တော်တော်လေးကင်းကွာနေတာနဲ့ပတ်သတ်ပြီး သူမကို အင်တာဗျုးကြည့်တဲ့အခါ …

Krystal က ထိုဇာတ်ကားထဲမှာ ဆေးကျောင်းတက္ကသိုလ်မှ ကျောင်းသူတစ်ယောက် Kim Ji Ho ၊ အဓိကမင်းသား Kim Je Hyuk ရဲ့အရင်ရည်းစားဟောင်းအဖြစ် သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာရတော့ သူမအနေနဲ့ ဒါကိုပင်ပန်းတယ်လို့လည်း လုံးဝမမြင်ပါဘူးလို့ ဆိုပါတယ်။

” f(x) အဖွဲ့မှာ Krystal ဆိုတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ကျွန်မစတင်အောင်မြင်ခဲ့
တာဆိုတဲ ့အတိတ်တစ်ခုကို ကျွန်မ မဖယ်ထားချင်ပါဘူး။ အဖွဲ့ရှိနေပေမယ့် အဆိုတော်နဲ့ သရုပ်ဆောင် နှစ်လိုင်းလုံးမှာ ကျွန်မအကောင်းဆုံးဖြစ်နေအောင် ကြိုးစားသွားမှာပါ ။ အဖွဲ့ကနေထွက်လိုက်ဖို့လည်း ကျွန်မတစ်ခါမှ မတွေးမိပါဘူး ” – Krystal

f(x)အဖွဲ့နဲ့အတူ သူမကို စင်ပေါ်မှာ ပြန်လည်မြင်တွေ့ခွင့်ရဦးမှာလားလို့ ပရိတ်သတ်တွေ
ကမေးတော့ –
” ကျွန်မတို့ သီချင်းကောင်းကောင်းတိုက်ပြီးရင်တော့ အယ်ဘမ်တစ်ခုထုတ်ပါ့မယ်။ ဆိုလို အယ်ဘမ်ကိုလည်း ကျွန်မစိတ်ဝင်စားတယ်။ နှစ်ခုလုံးအတွက် ကျွန်မအိုင်ဒီယာရှာနေပါတယ်.. အခုလောလောဆယ်တော့ f(x)က အယ်ဘမ်ထုတ်ဦးမှာတော့မဟုတ်ဘူးပေါ့။ သရုပ်ဆောင်ပိုင်းမှာ အခွင့်ရေးတွေအများကြီးရှိတာကြောင့် အခု မင်းသမီးအနေနဲ့ပဲ အလုပ်ဆက်လုပ်ဖြစ်နေတာပါ ” လို့ ဖြေသွားပါတယ်။

f(x)အဖွဲ့ကို သီချင်းကောင်းတွေနဲ့အတူ ပြန်လည်တွေ့ရှိရဦးမယ်လို့တော့ မျှော်လင့်ပါတယ်။

57 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.