ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အင်္ဂလန်နိုင်ငံ၊ လိဒ်စ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၃ခုနှစ်အတွက် တစ်ဦးချင်းအားကစား ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ စကော့တလန်တင်းနစ်သမား အန်ဒီမာရေးက မဲအများဆုံးရရှိခဲ့ကာ 2013 Sports Personality of th Year ဆုကို ရရှိသွားခဲ့ပါပြီ။ ဒါဟာ ဆုပေးပွဲသမိုင်းတစ်လျှေုာက် (၄)ဦးမြောက်တင်းနစ်သမား အဖြစ်ရရှိခဲ့တာဖြစ်ပြီး သူ့အရင်ကဆိုရင် ဂရက်ရက်ဆက်ဒ်စကီး(၁၉၉၇)၊ ဗာဂျီးနီးယားဝိတ်ဒ်(၁၉၇၇)နဲ့ အန်နာဂျုံး စ်(၁၉၆၉)တို့ကရရှိထားခဲ့ကြတာဖြစ်ပါတယ်။ အန်ဒီမာရေးအနေနဲ့ ၂၀၁၃ ၀င်ဘယ်လ်ဒန်တင်းနစ်အမျိုးသားတစ် ဦးချင်းဗိုလ်လုပွဲမှာ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ကို အနိုင်ယူကာ (၇၇)နှစ်အတွင်း ပထမဆုံးသော အမျိုးသားဝင်ဘယ်လ်ဒန်ချန်ပီယံဖြစ်လာခဲ့ခြင်းက ဒီဆုကိုရရှိစေခဲ့ခြင်းလို့ဆိုနိုင်ပါတယ်။
“ မဲပေးခဲ့ကြသူအားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော့ကိုအားပေးခဲ့ကြသူ များကိုရောပေါ့ဗျာ။ တကယ့်ကို ကြီးမားတဲ့သက်ရောက်မှုဖြစ်စေခဲ့တာ အမှန်ပဲ။ နောက်ထပ်ကျေးဇူးတင်ရမယ့်သူ တွေက ကျွန်တော့မိသားစုတွေပါပဲ။ ကလေးဘ၀ထဲက ထောက်ပံ့မှုတွေအများကြီးလုပ်ပေးခဲ့ကြတယ်။ သူတို့မရှိ ဘဲ၊ သူတို့အနစ်နာခံခဲ့မှုတွေမပါဘဲ ဒီနေရာကိုမရောက်နိုင်ပါဘူး။ နောက်ပြီးတစ်ခုထပ်ပြောချင်တာက အခုကျွန် တော်စကားသံက ပုံမှန်အတိုင်းပျင်းစရာကောင်းနေမယ်ဆိုတာသိတယ်ဗျ။ ဒါက အကျင့်ဖြစ်နေပြီ။ စိတ်လှုပ်ရှား လွန်းနေရင်လဲ အေးအေးဆေးဆေးဖြစ်အောင်ပြောတတ်တာပေါ့။ ဒါပေမယ့် အခုကျွန်တော်တအား စိတ်လှုပ် ရှားနေတယ်ဗျ”လို့ အမေရိကန်နိုင်ငံ၊ မီယာမီမြို့မှာ နောက်နှစ်အတွက် လေ့ကျင့်ခန်းဝင်နေလို့ ဆုပေးပွဲမတတ် နိုင်ခဲ့တဲ့ မာရေးက ပြောသွားခဲ့ပါတယ်။