သူပြောတာ သူငယ်ချင်းပဲတဲ့…..

ဒါကတော့ မိန်းကလေးတွေအတွက်အထူးပြုပါတယ်။ သို့ပေတဲ့ ဒီထဲကအချက်တွေက ယောက်ျားလေးတွေရဲ့အပြုအမူတွေနဲ့စိတ်သဘောထားကို ခွဲခြမ်းစိတ်ဖြာပြထားတာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကိုယ်ဝေခွဲမရဖြစ်နေတဲ့ ယောက်ျားလေးတွေအနေနဲ့ဖတ်ချင်သပဆိုရင်လည်း ဆက်ဖတ်နိုင်ပါကြောင်း။ သင့်ဘက်ကခံစားချက်တွေရှိနေတဲ့ယောက်ျားလေးတစ်ယောက်က သင့်ကို ဒီလိုမျိုးတွေဆက်ဆံနေပြီဆိုရင်တော့ သူ့ဘက်က သူငယ်ချင်းထက်မပိုနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ပါ။

 

သင့်ဘက်ကပဲအမြဲစဆက်သွယ်ရတယ်

လျှောက်လည်ဖို့ပဲဖြစ်ဖြစ် တစ်နေရာရာမှာတွေ့ပြီးကော်ဖီတူတူသောက်ဖစ်ဖြို့ပဲဖြစ် လူချင်းတွေ့ကြဖို့ကိုသင့်ဘက်ကပဲစပြီးဆက်သွယ်ရတယ်။အတူရှိနေချိန်ဆိုရင်တော့ သင်တို့နှစ်ယောက်လုံးပျော်နေပေမယ့် အတူရှိခဲ့တဲ့တစ်နေ့တာကုန်ဆုံးသွားချိန်မှာ နောက်နေ့ထပ်တွေ့ကြဖို့ကိုသူ့ဘက်ကဘယ်တော့မှစပြီး ထုတ်မပြောလာဘူး။သင်က ဆက်သွယ်ရင်တောင်အင်တင်တင်လုပ်နေတယ်ဆိုရင်တော့ သူ့ဘက်ကသင့်ကိုသူငယ်ချင်းအဆင့်ပဲသဘောထားတာပါ။

 

သူက သူ့သူငယ်ချင်းတွေအကြောင်းမကြာခဏပြောတတ်တယ်

သင်နဲ့အတူရှိနေချိန်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့စကားတွေ၊သင်တို့နှစ်ဦးရဲ့ အကြိုက်တွေကိုမျှဝေရမယ့်အစား သူက သူ့သူငယ်ချင်းတွေအကြောင်းပဲတရစပ်ပြောနေမယ်။အဲ့ဒီ့သူငယ်ချင်းတွေကို သင်နဲ့မိတ်ဆက်ပေးရမယ်ဆိုတာမျိုးပါပြောနေမယ်ဆိုရင်တော့ အခြေအနေကသိပ်မကောင်းပါဘူး။သူကသင့်ကိုမိန်းကလေးလို့ကိုမမြင်တာ၊သူ့သူငယ်ချင်းယောက်ျားလေးတွေထဲကတစ်ယောက်လို့ပဲမြင်နေတာဖြစ်နိုင်ပါတယ်။

 

သူနဲ့နှစ်ယောက်တည်းတွေ့ချိန်ရှားပါးတယ်

သူငယ်ချင်းအုပ်စုလိုက်ကြီိးနဲ့ပဲလျှောက်သွားဖြစ်နေပြီး သူနဲ့နှစ်ယောက်တည်းတွေ့ချိန်သိပ်မရှိဘူး၊သင့်ဘက်ကရေလာမြောင်းပေးလုပ်ရုံမျှမက ရေမလာလာအောင်မော်တာပါတပ်ထားတာတောင်သူ့ဘက်ကမလှုပ်ဘူး၊နှစ်ယောက်တည်းတွေ့ခွင့်ရဖို့မကြိုးစားဘူးဆိုရင်တော့ သင့်ကိုသူစိတ်မဝင်စားလို့ပါပဲ။

 

သင်တို့က Online ပေါ်မှာပဲအမြဲလိုလိုစကားပြောဖြစ်တယ်

စကားပြောဖြစ်တာကကောင်းပါတယ်။ဒါပေမယ့် သူ့ဘက်က လူချင်းတွေ့ဖို့ကြိုးပမ်းတာ သိပ်မရှိဘူးဆိုရင်တော့ အလားအလာမကောင်းပါဘူး။သူ့ဘက်က ဘယ်လိုမှမအားတာ၊တွေ့ဖို့အဆင်မပြေတာတွေမဟုတ်ပဲ အခြားသူငယ်ချင်းတွေနဲ့ပဲလျှောက်သွားနေပြီး သင့်ကိုတွေ့ဖို့ဖိတ်ခေါ်မလာဘူးဆိုရင် သင့်ကိုသူ သိပ်ပြီးမတွေ့ချင်တာလည်းဖြစ်နိုင်သလို လုံးဝမတွေ့ချင်တာလည်းဖြစ်နိုင်ပါတယ်။

 

သင့်ကိုအခြားကောင်မလေးတွေအကြောင်းပြောတယ်

အခြားကောင်မလေးတစ်ယောက်ကဘယ်လောက်ချောကြောင်း၊သူဘယ်လိုကြွေရကြောင်းတွေပြောလာပြီဆိုရင်တော့ အဖြေကရှင်းနေပါပြီ။ယောက်ျားလေးတွေက လှစ်ခနဲနေအောင်ပါးပါတယ်။သင်က သူ့အတွက်ခံစားချက်တွေရှိနေတာကိုသူရိပ်မိပြီး သူ့ဘက်ကစိတ်မဝင်စားကြောင်းတမင်အရိပ်အကဲပြတာလည်းဖြစ်နိုင်သလို သူ့အနေနဲ့ သင့်ကိုတကယ်ကိုရင်းနှီိးတဲ့သူငယ်ချင်းတစ်ယောက်လိုသဘောထားတာကြောင့် သူချစ်တဲ့မိန်းကလေးအကြောင်းပြောပြတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေကသိပ်မကောင်းပါဘူး။

 

သူက လူရှုပ်လူပွေ

ပြောရမှာစိတ်တော့မကောင်းပါဘူး။သင်စိတ်ဝင်စားမိနေတဲ့သူက လူရှုပ်လူပွေတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သင့်ကိုလည်းသူ့အနားမှာအကြောင်းတစ်ခုခုကြောင့်ထားနေတာမဟုတ်ဘူးလို့ပြောလို့မရပါဘူး။သင့်အနေနဲ့သူ့ကိုတကယ်ကိုချစ်လို့ တစ်စုံတစ်ခုကအလုပ်မဖြစ်မှ အစားထိုးခံရမယ့် အပိုပစ္စည်းတစ်ခုလိုဘဝမျိုးပဲဖြစ်ပါစေ သူ့အနားမှာနေရရင်ပြီးရောဆိုရင်တော့ ကံကောင်းပါစေပေါ့။ တစ်ခုတော့ရှိပါတယ်။ဘယ်လိုယောက်ျားမျိုးကမှ သင့်ရဲ့အောက်ကျခံတိုးလျိုးမှုနဲ့မတန်ပါဘူး။

 

ခုပြောပြသွားတာတွေကတော့ သင်ချစ်တဲ့သူက သင့်ကိုသူငယ်ချင်းထက်မပိုနိုင်ဘူးဆိုတာပြနေတဲ့ အချက်တွေပါ။ ဒါတွေနဲ့တိုက်ဆိုင်နေလို့စိတ်လည်းပျက်မသွားပါနဲ့။သူငယ်ချင်းအဆင့်ဆိုတာ ဘာမှန်းမသဲကွဲတဲ့ အီစီကလီအဆင့်လောက်တော့အဖြစ်မဆိုးပါဘူး။ဒါ့အပြင် နှစ်တွေကြာလာရင် သူ့အနားမှာအမြဲရှိနေတဲ့မိန်းကလေးရဲ့တန်ဖိုးကိုသူအရမ်းကြီးနောက်မကျခင်သိလာမှာပါ။

 

Unicode Format















0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.