မတူတာေတြမ်ားလာတဲ႔အခါလက္လႊတ္လိုက္ပါ

တစ္ခ်ိဳ႕သူေတြကကိုယ္႔ခ်စ္သူကိုဆံုးရံႈရမွာေျကာက္တဲ႔စိတ္ မပိုင္လုိက္ရမွာေျကာက္တဲ႔ အတၱေတြေျကာင္႔ မတူတူေအာင္လိုက္ညိွယူ ပံုစံညီေအာင္ပံုသြင္းနဲ႕သိပ္စိတ္ပင္ပန္းတတ္ျကပါတယ္။ အသြင္မတူရင္ ဘယ္လိုမွအိမ္သူမျဖစ္နိုင္၊ လက္တြဲေဖာ္ေကာင္းမျဖစ္နုိင္တာမလုိ႕ ကိုယ္နဲ႕ဒီလိုအရာေတြမတူညီတဲ႔သူေတြနားကထြက္ခြာလုိက္ျကရေအာင္…
(၁) အယူအဆျခင္းမတူတဲ႔သူ
လူတစ္ေယာက္နဲ႕တစ္ေယာက္အယူအဆတစ္ထပ္တည္းေတာ႔က်နိုင္မွာ မဟုတ္ပင္မဲ႔ ကိုယ္႔အယူအဆကိုလားလားမွနားလည္လုိ႕မရတဲ႔သူမ်ိဳး ၊ သူ႕အယူအဆကိုလည္း ကိုယ္ကလက္မခံနုိ္င္တာမ်ိဳးေတြဟာ တစ္ေနရာလည္းမဟုတ္နွစ္ေနရာလည္းမဟုတ္မ်ားေနျပီဆုိရင္ေတာ႔ လက္တြဲ
ဖုိ႕ခက္ခဲလြန္းလွပါတယ္။
(၂) အသံုးနႈန္းျခင္းမတူတဲ႔သူ
လူတစ္ေယာက္မွာ စကားအေျပာဆိုအသံုးနႈန္းကသိပ္အေရးပါတဲ႔အရာတစ္ခုပါ။ ဒီလိုစကားေျပာတဲ႔ေနရာမွာ တစ္ေယာက္တစ္ေယာက္ေျပာပံုဆိုပံု ယူဆပံုျခင္းမတူတာေျကာင္႔ ကိုယ္႔ရဲ႕ေစတနာစကားကအျမင္မတူတဲ႔သူအတြက္ေ၀ဒနာျဖစ္ေစတာမ်ိဳး။ သူ႕အတြက္ဘာမဟုတ္ပဲေျပာလုိက္တဲ႔
စကားက ကိုယ္႔ကိုအျကိမ္ျကိမ္နာက်င္ေစတာမ်ိဳးဆိုရင္ေတာ႔ ဒီလိုလူကိုလက္လႊတ္သင္႔ပါျပီ။
(၃) အက်င္႔စရိုက္ဆန္႕က်င္ဖက္ျဖစ္ေနသူ
လူတစ္ေယာက္ရဲ႕အက်င္႔စရိုက္ဆုိတာ ျပင္ဖုိ႕ခက္ခဲတဲ႔အရာတစ္ခုပါ။ ဒီလုိျပင္ရခက္တဲ႔အက်င္႔ေတြဟာ ကိုယ္ျကိုက္တာေတြနဲ႕ဆန္႕က်င္ဖက္ျဖစ္ေနျပီဆုိရင္ေတာ႔ ဒီလူကိုလက္တြဲဖို႕မသင္႔ေတာ္ပါဘူး။ ဘယ္ေလာက္ခ်စ္ခ်စ္ခ်စ္တာကလြဲလုိ႕လံုး၀မတူညီတဲ႔စရိုက္ေတြကိုပိုင္ဆိုင္ထားျပီး တစ္ေယာက္စရိုက္တစ္ေယာက္မျကိုက္တဲ႔အခါ ျကာေလနာက်င္ရေလျဖစ္ေစတာေျကာင္႔ ဒီလိုလူမ်ိဳးကိုစြန္႔ခြာပါ။
(၄) ကြာျခားလွတဲ႔အေျခေနတစ္ခုစီမွာရွိေနတတ္သူ
ကြာျခားလွတဲ႔ ဘ၀နွစ္ခုေပါင္းစပ္တယ္ဆုိတာ ရုပ္ရွင္ထဲမွာသာအရွိမ်ားျကတာပါ။ ဒါေျကာင္႔ ကိုယ္႔လက္ရွိဘ၀နဲ႕လက္လွမ္းမွီျပီး ပတ္၀န္းက်င္အေျခေနခ်င္းသိပ္မေ၀းလွတဲ႔ လူမ်ိဳးကိုသာ လက္တြဲသင္႔ပါတယ္။ ဦးေနွာက္နဲ႕စဥ္းစားတယ္ဘာညာဆိုနုိင္ျကေပမဲ႔ ဦးေနွာက္မရွိပဲ ခ်စ္တာတစ္ခုတည္းနဲ႕ဘ၀တည္ေဆာက္လုိ႕မရတာေတာ႔အမွန္ပါပဲ။ သည္းခံနို္င္တုန္းေတာ႔ အေကာင္းေပါ႔ ျကာလာေတာ႔ တစ္ေယာက္နဲ႕တစ္ေယာက္က ကြာလြန္းတာေျကာင္႔တစ္ေယာက္အတြက္တစ္ေယာက္ကသိမ္ငယ္စကားစိတ္ပင္ပန္းစရာျကီးျဖစ္လာေစပါတယ္။
(၅) ဘ၀တည္ေဆာင္ပံုျခင္းမတူတဲ႔သူ
ကိုယ္ဖန္တီးတည္ေဆာက္ခ်င္တဲ႔ဘ၀ပံုစံနဲ႕ သူယူဆထားတဲ႔ ဘ၀ပံုစံနဲ႕ မတူညီတဲ႔အခါ ျပႆနာအျကီးျကီးေတြျဖစ္လာေစမွာ အမွန္ပါပဲ ။တည္ေဆာက္ဖန္တီးခ်င္တဲ႔ဘ၀ပံုစံခ်င္းကအစကြဲျပားေနျပီး သူသေဘာက်ေအာင္လည္းကိုယ္မျပင္နိုင္သလုိကိုယ္သေဘာက်ေအာင္လည္းသူအျပင္နုိင္ရင္ေတာ႔ ေရရွည္လက္တြဲဖို႕မသင္႔ေတာ္ပါဘူး။
လူဆိုတာေတာ႔ ေမြးကတည္းကဘယ္သူနဲ႕မွထပ္တူျကနိုင္မွာ မဟုတ္ေပမဲ႔ ခ်စ္ရသူအိမ္ေထာင္ဖက္ေရြးခ်ယ္ရေတာ႔မယ္ဆုိရင္ေတာ႔ ဒီလိုအခ်က္ေတြနည္းနည္းမွကိုယ္နဲ႕မတူတဲ႔သူေတြကိုမေရြးသင္႔ေျကာင္းနဲ႕ေရြးမိလည္း အေျခေနတစ္ခုထိပဲျမဲနိုင္တာမလို႕ ဒီလိုလူေတြကိုလက္လႊတ္ဖုိ႕၀န္မေလးပါနဲ႕.

Unicode

တစ်ချို့သူတွေကကိုယ့်ချစ်သူကိုဆုံးရှုံရမှာကြောက်တဲ့စိတ် မပိုင်လိုက်ရမှာကြောက်တဲ့ အတ္တတွေကြောင့် မတူတူအောင်လိုက်ညှိယူ ပုံစံညီအောင်ပုံသွင်းနဲ့သိပ်စိတ်ပင်ပန်းတတ်ကြပါတယ်။ အသွင်မတူရင် ဘယ်လိုမှအိမ်သူမဖြစ်နိုင်၊ လက်တွဲဖော်ကောင်းမဖြစ်နိုင်တာမလို့ ကိုယ်နဲ့ဒီလိုအရာတွေမတူညီတဲ့သူတွေနားကထွက်ခွာလိုက်ကြရအောင်…
(၁) အယူအဆခြင်းမတူတဲ့သူ
လူတစ်ယောက်နဲ့တစ်ယောက်အယူအဆတစ်ထပ်တည်းတော့ကျနိုင်မှာ မဟုတ်ပင်မဲ့ ကိုယ့်အယူအဆကိုလားလားမှနားလည်လို့မရတဲ့သူမျိုး ၊ သူ့အယူအဆကိုလည်း ကိုယ်ကလက်မခံနို်င်တာမျိုးတွေဟာ တစ်နေရာလည်းမဟုတ်နှစ်နေရာလည်းမဟုတ်များနေပြီဆိုရင်တော့ လက်တွဲ
ဖို့ခက်ခဲလွန်းလှပါတယ်။
(၂) အသုံးနှုန်းခြင်းမတူတဲ့သူ
လူတစ်ယောက်မှာ စကားအပြောဆိုအသုံးနှုန်းကသိပ်အရေးပါတဲ့အရာတစ်ခုပါ။ ဒီလိုစကားပြောတဲ့နေရာမှာ တစ်ယောက်တစ်ယောက်ပြောပုံဆိုပုံ ယူဆပုံခြင်းမတူတာကြောင့် ကိုယ့်ရဲ့စေတနာစကားကအမြင်မတူတဲ့သူအတွက်ဝေဒနာဖြစ်စေတာမျိုး။ သူ့အတွက်ဘာမဟုတ်ပဲပြောလိုက်တဲ့
စကားက ကိုယ့်ကိုအကြိမ်ကြိမ်နာကျင်စေတာမျိုးဆိုရင်တော့ ဒီလိုလူကိုလက်လွှတ်သင့်ပါပြီ။
(၃) အကျင့်စရိုက်ဆန့်ကျင်ဖက်ဖြစ်နေသူ
လူတစ်ယောက်ရဲ့အကျင့်စရိုက်ဆိုတာ ပြင်ဖို့ခက်ခဲတဲ့အရာတစ်ခုပါ။ ဒီလိုပြင်ရခက်တဲ့အကျင့်တွေဟာ ကိုယ်ကြိုက်တာတွေနဲ့ဆန့်ကျင်ဖက်ဖြစ်နေပြီဆိုရင်တော့ ဒီလူကိုလက်တွဲဖို့မသင့်တော်ပါဘူး။ ဘယ်လောက်ချစ်ချစ်ချစ်တာကလွဲလို့လုံးဝမတူညီတဲ့စရိုက်တွေကိုပိုင်ဆိုင်ထားပြီး တစ်ယောက်စရိုက်တစ်ယောက်မကြိုက်တဲ့အခါ ကြာလေနာကျင်ရလေဖြစ်စေတာကြောင့် ဒီလိုလူမျိုးကိုစွန့်ခွာပါ။
(၄) ကွာခြားလှတဲ့အခြေနေတစ်ခုစီမှာရှိနေတတ်သူ
ကွာခြားလှတဲ့ ဘဝနှစ်ခုပေါင်းစပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာသာအရှိများကြတာပါ။ ဒါကြောင့် ကိုယ့်လက်ရှိဘဝနဲ့လက်လှမ်းမှီပြီး ပတ်ဝန်းကျင်အခြေနေချင်းသိပ်မဝေးလှတဲ့ လူမျိုးကိုသာ လက်တွဲသင့်ပါတယ်။ ဦးနှောက်နဲ့စဉ်းစားတယ်ဘာညာဆိုနိုင်ကြပေမဲ့ ဦးနှောက်မရှိပဲ ချစ်တာတစ်ခုတည်းနဲ့ဘဝတည်ဆောက်လို့မရတာတော့အမှန်ပါပဲ။ သည်းခံနို်င်တုန်းတော့ အကောင်းပေါ့ ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက်က ကွာလွန်းတာကြောင့်တစ်ယောက်အတွက်တစ်ယောက်ကသိမ်ငယ်စကားစိတ်ပင်ပန်းစရာကြီးဖြစ်လာစေပါတယ်။
(၅) ဘဝတည်ဆောင်ပုံခြင်းမတူတဲ့သူ
ကိုယ်ဖန်တီးတည်ဆောက်ချင်တဲ့ဘဝပုံစံနဲ့ သူယူဆထားတဲ့ ဘဝပုံစံနဲ့ မတူညီတဲ့အခါ ပြဿနာအကြီးကြီးတွေဖြစ်လာစေမှာ အမှန်ပါပဲ ။တည်ဆောက်ဖန်တီးချင်တဲ့ဘဝပုံစံချင်းကအစကွဲပြားနေပြီး သူသဘောကျအောင်လည်းကိုယ်မပြင်နိုင်သလိုကိုယ်သဘောကျအောင်လည်းသူအပြင်နိုင်ရင်တော့ ရေရှည်လက်တွဲဖို့မသင့်တော်ပါဘူး။
လူဆိုတာတော့ မွေးကတည်းကဘယ်သူနဲ့မှထပ်တူကြနိုင်မှာ မဟုတ်ပေမဲ့ ချစ်ရသူအိမ်ထောင်ဖက်ရွေးချယ်ရတော့မယ်ဆိုရင်တော့ ဒီလိုအချက်တွေနည်းနည်းမှကိုယ်နဲ့မတူတဲ့သူတွေကိုမရွေးသင့်ကြောင်းနဲ့ရွေးမိလည်း အခြေနေတစ်ခုထိပဲမြဲနိုင်တာမလို့ ဒီလိုလူတွေကိုလက်လွှတ်ဖို့ဝန်မလေးပါနဲ့.

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.