လက်မောင်းနဲ့ရင်သားကိုတင်းရင်းကျစ်လျစ်စေမဲ့နည်းလမ်းကောင်းလေးတွေက
(၁) Under chin exercise
(၂) ’Cradle’ exercise
လက်ပိုက်ထားသလိုပုံစံကိုမှရင်ဘတ်နဲ့ကပ်မထားပဲခပ်ခွာခွာ ရင်နဲ့တစ်တန်းတည်းအနေထားပုံစံလုပ်ပြီးပိုက်ထားတဲ့ လက်ကိုအပေါ်အောက်အခါ ၂၀ သုံးကျော့လောက်ကစားပေးသင့်ပါတယ်။
(၃) ’Albatross’ exercise
(၄) ’Scissors’ exercise
(၅) ’Cobra’ exercise
Unicode
ခန္ဓာကိုယ်တကယ်ကြီးလှပကျော့ရှင်းဖို့ဆိုတဲ့နေရာမှာ လေ့ကျင့်လည်းလုပ်ခြင်းကလည်းထိရောက်စွာပါဝင်တယ်ဆိုတာမမေ့ပါနဲ့။ အခုလိုခေတ်မှီတိုးတတ်နေတဲ့ခေတ်ကြီးထဲမှာဆေးလိမ်းပြီးူရင်သားတင်းအောင် ဆေးလိမ်းပြီးလက်မောင်းသေးအောင်လုပ်တာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါတွေဟာ တကယ်လည်းအာနိသင်ရှိတယ်ဆိုပေမဲ့လေ့ကျင့်ခန်းလုပ်ခြင်းလောက်တော့ သဘာဝဆန်ပြီး ကြာရှည်မခံနို်င်ပါဘူး။ ဒါကြောင့် သင့်လက်မောင်းနဲ့ရင်သားနှစ်ခုလုံးကိုတင်းရင်းကျစ်လျစ်စေမဲ့လေ့ကျင့်ခန်းတစ်ချို့ကိုလွယ်ကူရိုးရှင်းစွာဖော်ပြပေးလိုက်ပါတယ်…
(၁) Under chin exercise
လက်ဖဝါးနှစ်ခုကိုယှက်မေးစေ့အောက်မှာထားပြီး ဘေးကလက်မောင်းနှစ်ခုကိုအပေါ်အောက်လှုပ်ရှားပေးရမဲ့ ကစားနည်းဖြစ်ပါတယ်။
(၂) ’Cradle’ exercise
လက်ပိုက်ထားသလိုပုံစံကိုမှရင်ဘတ်နဲ့ကပ်မထားပဲခပ်ခွာခွာ ရင်နဲ့တစ်တန်းတည်းအနေထားပုံစံလုပ်ပြီးပိုက်ထားတဲ့ လက်ကိုအပေါ်အောက်အခါ ၂၀ သုံးကျော့လောက်ကစားပေးသင့့်ပါတယ်။
(၃) ’Albatross’ exercise
လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းပြီး လက်ဖဝါးဖြန့်ထားပါ။ ပြီးရင်လက်မောင်းရင်းကနေအားယူပြီး အပေါ်အောက်လှုပ်ရှားကစားရမဲ့နည်းလေးပါ။ ဒါကလက်မောင်းနဲ့ ရင်သားကို တကယ်ကိုထိရောက်မှုရှိစေတာကြောင့် အကြိမ်ရေနည်းနည်းပိုပြီးကစားပေးသင့်ပါတယ်။
(၄) ’Scissors’ exercise
လက်နှစ်ဖက်ကိုရှေ့သို့ဆန်းတန်းပြီး ယှက်ထားတဲ့အနေထားပြုလုပ်ပါ။ အပေါ်အောက်တစ်လှည့်စီလက်မောင်းရင်းနဲ့ ရင်ဘတ်ကအားယူပြီး ယှက်ပေးရမဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။
(၅) ’Cobra’ exercise
ခန္ဓာကိုယ်မှောက်ရပ်အနေထားဖြင့် နေပြီးခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်နဲ့ခွာထားပါ။ လက်နှစ်ဖက်ကိုခေါင်းနောက်ပစ်ထားပြီး ရင်ဘတ်အားလက်မောင်းအားနဲ့ကျောကော့ကော့ပေးပါ။ကျောကော့ပြီးထတဲ့နေရာမှာ လက်ဖဝါးရဲ့အားခေါင်းရဲ့အားသိပ်မသုံးပဲ ရင်ဘတ်နဲ့လက်မောင်းရင်းအားကိုသာထည့်ပြီးကြိုးစားကြည့်ပါ။အကြိမ်၂၀ သုံးကျော့လောက်တစ်နေ့ကိုလုပ်ပေးသင့်ပါတယ်။
(၆) ‘Catcher of stars’ exercise
ဒါလေးကတော့ရိုးရှင်းပါတယ် လက်နှစ်ဖက်ကို အပေါ်အောက်တစ်လှည့်စီထောင်မြှောက်ပေးရတဲ့နည်းလမ်းလေးပါပဲ။ လက်မောင်းသားနဲ့ရင်သားကိုကျစ်လျစ်စေရုံမကပဲ အကြောတတ် ဇာတ်ကြော
နာခြင်းကိုပါပြေစေတဲ့နည်းလမ်းလေးမို့မှန်မှန်လုပ်ပေးသင့်ပါတယ်။
အပေါ်ကနည်းလမ်းလေးတွေဟာ သိပ်ကိုလွယ်ကူရိုးရှင်းလှတာကြောင့် နေ့စဉ်အချိန်မှန်မှန်ပေးပြီးကစားပေးမယ်ဆိုရင် မကြာမီအချိန်အတွင်းသိသာလာစေတာမလို့ လက်မောင်းနဲ့ ရင်သားကျစ်လျစ်ဖို့ ကြိုးစားကစားဖို့တိုက်တွန်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.