ေတာင္ကိုရီးယားသမၼတေဟာင္းရဲ ႔Blacklist စာရင္းထဲမွာ မင္းသားေခ်ာ Lee Joon Gi ပါ၀င္ေနခဲ႔

လတ္တေလာအင္တာနက္မွာပ်ံ႔ႏွံ႔ေရပန္းစားေနတဲ႔သတင္းကေတာ့ ေတာင္ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္အႏုပညာရွင္မင္းသားေခ်ာ Lee Joon GiBlacklist အသြင္းခံရမႈနဲ႔ ပတ္သက္တဲ႔ သတင္းေတြပဲျဖစ္ပါတယ္။မီဒီယာေတြရဲ ႔ေဖာ္ျပခ်က္အရ ေတာင္ကုိရီးယားသမၼတေဟာင္း Lee Myung Bak ဟာ သူ႔ရဲ ႔အေတြးအျမင္ေတြနဲ႔ပတ္သက္ျပီး ဆန္႔က်င္တဲ႔သူတိုင္းကုိ Blacklist စာရင္းထဲမွာ ထည့္သြင္းေလ့ရွိျပီး မင္းသား Lee Joon Gi ကိုလည္းသူ႔ရဲ႔အေတြးအေခၚအယူအဆ ေတြ ကုိဆန္႔က်င္တယ္လုိ႔သတ္မွတ္ျပီး Blacklist ထဲထည့္ခဲ႔ျခင္းျဖစ္တယ္လို႔သိရပါတယ္။ဒီလုိ Blacklist ထဲထည့္သြင္းခံရတာဟာလြန္ခဲ႔တဲ႔ ၂၀၁၇ခုႏွစ္တည္းကျဖစ္ျပီး အခုမွ မီဒီယာေတြက ေဖာ္ျပခဲ႔ျခင္းျဖစ္ပါတယ္။

အဲ႔ဒီသတင္းထြက္လာျပီးတဲ႔ေနာက္မွာ ပရိသတ္ေတြက Lee Joon Gi ပါ၀င္သရုပ္ေဆာင္ခဲ႔တဲ႔ “May 18” ဇာတ္လမ္းတြဲေၾကာင့္အခုလို အမည္မည္းစာရင္းထဲထည့္သြင္းခံရတာျဖစ္မယ္လို႔ ယူဆခဲ႔ၾကပါတယ္။အဲ႔ဒီဇာတ္ကားဟာ လြန္ခဲ႔တဲ႔ ၂၀၀၇ခုႏွစ္ကထြက္ရွိခဲ႔တာျဖစ္ျပီး ဂြမ္းဂ်ဴျမိဳ႔အၾကမ္းဖက္ခံရတာနဲ႔ပတ္သက္ျပီးရိုက္ကူးထားတာျဖစ္ပါတယ္။ တစ္ခ်ိဳ႔ကလည္း သမၼတေဟာင္း Lee Myung Bak ဟာ၂၀၀၈ခုႏွစ္က ယူအက္စ္အမဲသားကုိျပည္ပမွ တင္သြင္းဖုိ႔ေထာက္ခံခဲ႔ျပီး မင္းသား Lee Joon Gi က ဆန္႔က်င္ခဲ႔တဲ႔အတြက္ အခုလိုအမည္မည္းစာရင္းထဲထည့္ခဲ႔တာျဖစ္တယ္လုိ႔ယူဆထားၾကပါတယ္။

ေလ့လာေဖာ္ျပခ်က္ေတြအရ ဒီအမည္မည္းစာရင္းဟာ National Intelligence Service ကေန သမၼတအျမင္နဲ႔ဆန႔္က်င္ေသြဖယ္တဲ႔လႈပ္ရွားမႈေတြ၊သရုပ္ေဆာင္ခ်က္ေတြျပဳလုပ္တဲ႔အႏုပညာရွင္ေတြကုိစုစည္းဖုိ႔လုပ္ထားခဲ႔တာျဖစ္ပါတယ္။ဒီစာရင္းမွာ အႏုပညာနယ္ပယ္ကလူ၁၀၀ခန္႔ပါ၀င္ေန တယ္ လို႔လည္းသိရပါတယ္။Kim Gu Ra ၊ Kim Je Dongစတဲ႔နာမည္ေက်ာ္အႏုပညာရွင္ေတြ လည္းပါ၀င္ေနပါတယ္။

ဒီလုိ အမည္မည္းစာရင္းသြင္းခံရတာနဲ႔ပတ္သက္ျပီး မင္းသား Lee Joon Gi က ပရိသတ္ေတြ စိတ္မပူရေအာင္လို႔ သူ႔ရဲ႔တြစ္စ္တာမွာ”ပရိသတ္အားလံုး ဘာမွစိတ္မပူပါနဲ႔။ ျပီးေတာ့အခုလို စိတ္ပူေပးတဲ႔အတြက္ေက်းဇူးလည္းအမ်ားၾကီးတင္ပါတယ္။Joon Gi က အျမဲတမ္း
အဆင္ေျပတယ္ မဟုတ္လား?အခုလို အမည္မည္းစာရင္းထဲပါ၀င္သြားခဲ႔ေပမဲ႔ သူ႔ရဲ႔ အလုပ္ကုိေကာင္းေကာင္း လုပ္သြားမွာပါ။ပရိသတ္ေတြရဲ ႔စုိးရိမ္စိတ္ပူျပီးႏွစ္သိမ့္ေပးၾကတဲ႔ စာေတြဖတ္ရတဲ႔အခ်ိန္မွာ ပရိသတ္ေတြရဲ ႔စကားလံုးေတြေၾကာင့္ အရမ္းကုိပီတိ၀မ္းသာ
ျဖစ္ရပါတယ္”လုိ႔ေရးသားခဲ႔တာျဖစ္ပါတယ္။

မင္းသားက သူေျပာခဲ႔တဲ႔အတိုင္းပါပဲ။Blacklist စာရင္းထဲပါခဲ့ေပမဲ႔ သူ႔ရဲ ႔အႏုပညာအလုုပ္ေတြကုိ ၾကိဳးစားျပီးလုပ္ကုိင္ခဲ႔ပါတယ္။လက္ရွိမွာလည္း “Lawless Lawyer”ဇာတ္လမ္းတြဲကိုမင္းသမီး Seo Ye-ji နဲ႔တြဲဖက္ျပီးသရုပ္ေဆာင္ေနပါတယ္။

Unicode

လတ်တလောအင်တာနက်မှာပျံ့နှံ့ရေပန်းစားနေတဲ့သတင်းကတော့ တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အနုပညာရှင်မင်းသားချော Lee Joon GiBlacklist အသွင်းခံရမှုနဲ့ ပတ်သက်တဲ့ သတင်းတွေပဲဖြစ်ပါတယ်။မီဒီယာတွေရဲ ့ဖော်ပြချက်အရ တောင်ကိုရီးယားသမ္မတဟောင်း Lee Myung Bak ဟာ သူ့ရဲ ့အတွေးအမြင်တွေနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့သူတိုင်းကို Blacklist စာရင်းထဲမှာ ထည့်သွင်းလေ့ရှိပြီး မင်းသား Lee Joon Gi ကိုလည်းသူ့ရဲ့အတွေးအခေါ်အယူအဆ တွေ ကိုဆန့်ကျင်တယ်လို့သတ်မှတ်ပြီး Blacklist ထဲထည့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီလို Blacklist ထဲထည့်သွင်းခံရတာဟာလွန်ခဲ့တဲ့ ၂၀၁ရခုနှစ်တည်းကဖြစ်ပြီး အခုမှ မီဒီယာတွေက ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီသတင်းထွက်လာပြီးတဲ့နောက်မှာ ပရိသတ်တွေက Lee Joon Gi ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “May 18” ဇာတ်လမ်းတွဲကြောင့်အခုလို အမည်မည်းစာရင်းထဲထည့်သွင်းခံရတာဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။အဲ့ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ ၂ဝဝရခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး ဂွမ်းဂျူမြို့အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်ချို့ကလည်း သမ္မတဟောင်း Lee Myung Bak ဟာ၂၀၀၈ခုနှစ်က ယူအက်စ်အမဲသားကိုပြည်ပမှ တင်သွင်းဖို့ထောက်ခံခဲ့ပြီး မင်းသား Lee Joon Gi က ဆန့်ကျင်ခဲ့တဲ့အတွက် အခုလိုအမည်မည်းစာရင်းထဲထည့်ခဲ့တာဖြစ်တယ်လို့ယူဆထားကြပါတယ်။

လေ့လာဖော်ပြချက်တွေအရ ဒီအမည်မည်းစာရင်းဟာ National Intelligence Service ကနေ သမ္မတအမြင်နဲ့ဆန့်ကျင်သွေဖယ်တဲ့လှုပ်ရှားမှုတွေ၊သရုပ်ဆောင်ချက်တွေပြုလုပ်တဲ့အနုပညာရှင်တွေကိုစုစည်းဖို့လုပ်ထားခဲ့တာဖြစ်ပါတယ်။ဒီစာရင်းမှာ အနုပညာနယ်ပယ်ကလူ၁ဝဝခန့်ပါဝင်နေ တယ် လို့လည်းသိရပါတယ်။Kim Gu Ra ၊ Kim Je Dongစတဲ့နာမည်ကျော်အနုပညာရှင်တွေ လည်းပါဝင်နေပါတယ်။

ဒီလို အမည်မည်းစာရင်းသွင်းခံရတာနဲ့ပတ်သက်ပြီး မင်းသား Lee Joon Gi က ပရိသတ်တွေစိတ်မပူရအောင်လို့ သူ့ရဲ့တွစ်စ်တာမှာ”ပရိသတ်အားလုံး ဘာမှစိတ်မပူပါနဲ့။ ပြီးတော့အခုလိုစိတ်ပူပေးတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်။Joon Gi က အမြဲတမ်း
အဆင်ပြေတယ်မဟုတ်လား?အခုလို အမည်မည်းစာရင်းထဲပါဝင်သွားခဲ့ပေမဲ့ သူ့ရဲ့ အလုပ်ကိုကောင်းကောင်း လုပ်သွားမှာပါ။ပရိသတ်တွေရဲ ့စိုးရိမ်စိတ်ပူပြီးနှစ်သိမ့်ပေးကြတဲ့ စာတွေဖတ်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ ့စကားလုံးတွေကြောင့် အရမ်းကိုပီတိဝမ်းသာ
ဖြစ်ရပါတယ်”လို့ရေးသားခဲ့တာဖြစ်ပါတယ်။

မင်းသားက သူပြောခဲ့တဲ့အတိုင်းပါပဲ။Blacklist စာရင်းထဲပါခဲ့ပေမဲ့ သူ့ရဲ ့အနုပညာအလုုပ်တွေကို ကြိုးစားပြီးလုပ်ကိုင်ခဲ့ပါတယ်။လက်ရှိမှာလည်း “Lawless Lawyer”ဇာတ်လမ်းတွဲကိုမင်းသမီး Seo Ye-ji နဲ့တွဲဖက်ပြီးသရုပ်ဆောင်နေပါတယ်။

206 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.