လူအများစုဟာ ဒါတွေကိုတော့ ဝန်ခံဖို့တွန့်ဆုတ်ကြတယ်…

ကျွန်တော်တို့ရဲ့မှတ်ဥာဏ်တော်တော်များများဟာ မှားယွင်းနေတတ်ကြပါတယ်..

ဦးနှောက်က တခါတစ်လေ ကျွန်တော်တို့ကိုလှည့်စားတတ်တယ်။ သတိမထားမိလိုက်တဲ့ အချိန်အတွင်းမှာပဲ မှတ်ဥာဏ်တွေကိုပြောင်းလဲပစ်နိုင်ပါတယ်။ ဖြစ်ပျက်သမျှအားလုံးကို မမှတ်မိနိုင်ပေမယ့် တွေ့ကြုံခဲ့ရတဲ့ အဖြစ်ပျက်တွေကို ပြန်လည်တွေးတောနိုင်ပါတယ်။ ပြီးတော့ အခြားမှတ်ဥာဏ်တစ်ခုကိုလည်း အလိုလိုနေရင်း သွားသတိရနေတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ထင်ထားတာ တစ်မျိုး ၊ တကယ်တမ်းဖြစ်ပျက်ခဲ့တာက တစ်ခြားစီဖြစ်နေတတ်ပါတယ်။ အမြင်တစ်ခုတည်းနဲ့ ဘာကိုမှ ဆုံးဖြတ်လို့မရပါဘူး။

တူညီတဲ့ အခြေအနေဆိုတာ လူတိုင်းမှာမရှိနိုင်ဘူး

တစ်ချို့ လူတွေရဲ့နေထိုင်မှုပုံစံဟာ အခြားနိုင်ငံကလူတွေထက် ပိုပြီးခက်ခဲကြမ်းတမ်းတာကိုသိမှာပါ။လူတစ်ယောက်က ဆင်းရဲတဲ့အိမ်မှာ မွေးဖွားလာပြီး စားဖို့သောက်ဖို့တောင် ရုန်းကန်နေရချိန် ၊ အခြားလူတစ်ယောက်က ရွှေဇွန်းကိုက်လာပြီး လူအများရဲ့အရေးပေးခံမှုကိုရရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ ဖြစ်တည်မှုခြင်းမတူပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကံတွေက ဘယ်အခြေအနေ ရောက်ရောက်အကျိုးပေးပါတယ်။ ဒါကို စိတ်ထဲမကျေနပ်ဖြစ်ပြီးသွားနှိုင်းယှဉ်နေလို့မရပါ။

လူတိုင်း ကိုယ့်ကိုယ်ကိုယ်ထက် ဘယ်သူ့ကိုမှပိုမချစ်

သင်သာလျှင် တစ်ယောက်တည်းကြီးပြင်းသွားပြီး သေဆုံးရမှာဖြစ်တယ်။ လူတိုင်း ကိုယ့်ကိုကိုယ်လေးစားပြီးတော့ ချစ်ကြပါတယ်။ ကိုယ့်ထက်ပိုပြီးတော့ ဘယ်သူ့ကိုမှမချစ်ကြပါဘူး။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ အခြားလူတစ်ယောက်မှာ တာဝန်ရှိတယ်ဆိုပြီး မတွေးမှတ်လိုက်ပါနဲ့။ ကိုယ့်ရဲ့စိတ်ခံစားချက်ဟာ ကိုယ်သာထိန်းချုပ်နိုင်ပါတယ်။ သူများနဲ့မဆိုင်ပါဘူး။ ဝမ်းနည်းခြင်း ၊ ပျော်ရွှင်ခြင်းဆိုတာကလည်း ကိုယ်တိုင်လုပ်ယူနေတဲ့ စိတ်ခံစားချက်တွေဖြစ်ပါတယ်။

လောကကြီးက သင့်ကိုပြည့်စုံအောင် ဘယ်တော့မှထားမှာမဟုတ်

သင်ဟာ ကြည့်ကောင်းပြီး ၊ စမတ်ကျ ၊ ပညာတတ်တဲ့လူဖြစ်နေလည်း ကမ္ဘာကြီးက သင့်ကိုရှိသမျှ အခွင့်ရေးတွေအားလုံးပေးထားတယ်လို့ မတွေးထင်လိုက်ပါနဲ့။ အောင်မြင်တဲ့လူတွေမှာ အမြင်နှစ်မျိုးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်းဖြစ်တဲ့ ခံစားချက်..။ဘာလို့လဲဆိုတော့ သင်ဟာများစွာသော အရာတွေကိုပိုင်ဆိုင်နေတာကြောင့် ။ နောက်တစ်မျိုးက မိုးကောင်းကင်အောက်မှာ တစ်နေရာစာရဖို့ တိုက်ခိုက်တယ်။ များသောအားဖြင့် ဒီလိုတိုက်ခိုက်ခြင်းက ခက်ခဲပါတယ်။ သင့်ရဲ့ရွေးချယ်မှု လမ်းကြောင်းပေါ်မှာပဲ မူတည်ပါတယ်။

လူတိုင်းအတွက် သင်ဟာမပြည့်စုံနိုင်ဘူး..

ဘယ်လောက်ပဲ ကြင်နာတတ်၊သဘောကောင်းပြီး ဥာဏ်ပညာထက်မြတ်နေပါစေ။ ဘာအကြောင်းပြချက်မှမရှိပဲ သင့်ကိုသနားစရာကောင်းတဲ့သူအဖြစ် လူတွေကကြည့်ချင်ကြည့်ကြမှာပါပဲ။ အရမ်းလှတဲ့မော်ဒယ်တစ်ယောက်နီးပါး ခန္ဓာကိုယ်ကို သင်ပိုင်ဆိုင်ပေမယ့် သင့်ရဲ့အပြစ်နာတွေကို ဝေဖန်ရှုံ့ချမယ့် လူတစ်စုကတော့အမြဲရှိနေတတ်ပါတယ်။

သင့်ကို သေအောင်သတ်နေတာလည်း သင်ပါပဲ

လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်သတ်ချင်ပါ့မလဲ။ ဒါပေမယ့် သင်ကိုယ်တိုင်ကပဲကျိုးကြောင်းဆက်စပ်မှုတွေကိုမေ့ပြီး ကိုယ့်ကိုကိုယ်အရစ်ကျသတ်နေကြတာဖြစ်ပါတယ်။ မကောင်းတဲ့အကျင့်တွေ၊ ယာဉ်အသွားအလာ ချိုးဖောက်မှုတွေ ၊ သူစိမ်းနဲ့အတူ ကားကြုံစီးတွေတာဟာ အန္တရာယ်များတဲ့လမ်းကြောင်းပေါ် ကိုယ့်ဘဝကို ဆွဲတင်နေတာပါပဲ။ မကောင်းမှန်းသိရဲ့သားနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးနေတဲ့ အကျင့်ဆိုးတွေပေါ့ ။

98 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.