မီးဖိုချောင်သုံးပစ္စည်းလေးတွေကို သုံးချင်စဖွယ်ဖြစ်အောင် အမျိုးမျိုးတီထွင် ထုတ်လုပ်ကြပါတယ်။ အိမ်ရှင်မတွေ ဟင်းချက်ရာမှာလည်း လွယ်ကူချောမွေ့ပြီး အသုံးတည့်စေမယ့် ပစ္စည်းလေးတွေပါ။ ကြည့်ပြီး ကိုယ်တွေတောင် လိုချင်တယ်… အိမ်ရှင်မတွေတော့ မသိ..
ပါစတာ ဘယ်နယောက်စာလုပ်မလဲဆိုတာကို တိုင်းပေးတဲ့ စက္ကူဘူး
ဓားပါအဆင်သင့်ပါတဲ့ လေးဆင့်ရှိ စဉ်းတီတုံး
ဆား ၊ ငရုတ်ကောင်း ၊ သကြားတို့ထည့်တဲ့ ဗူးလေးတွေတဲ့…။ စားပွဲပေါ်မှာ ဥယျာဉ်လေးတစ်ခု လုပ်ထားသလိုပဲနော်…
ဒီရေဘူးလေးနဲ့သာဆို ဆေးသောက်ဖို့မမေ့တော့ဘူး။ လမ်းမှာတစ်ခု တစ်စုံဖြစ်ရင် ဆေးကိုလျှောက်ရှာနေစရာမလိုတော့ပဲ ရေဘူးနဲ့တွဲလျက်မှာ ဆေးအကန့်လေးတွေပါပြီးသားဖြစ်ပါတယ်…
Corn holders တဲ့ ။ ချစ်စရာလေးတွေ ။ ပြောင်းဖူးပူပူလေးကို လက်အပူခံစားစရာမလိုတော့ဘူး။ဒီCorn holders လေးနဲ့ တော်တော်အဆင်ပြေသွားပြီ။ Corn holders တွေက BBQ ပါတီတွေအတွက်လည်း အသုံးဝင်တယ်လို့သိရပါတယ်။
ဘယ်လိုအသီးပဲဖြစ်ဖြစ် ဒီစက်လေးနဲ့ဆို အချိန်ကုန်သက်သာပြီး လွယ်ကူစွာ အခွံနွှာလို့ရမှာဖြစ်ပါတယ်။
ကြက်ဥအနှစ်လေးကို စုပ်ယူပေးတဲ့ ငါးလေး။ ကြက်ဥအနှစ်ကို ခွဲရင်းနဲ့သပ်သပ်ဖယ်မရဖြစ်နေတယ်ဆိုရင် ဒီငါးလေးက သင့်ကိုကြက်ဥအနှစ်စုပ်ယူပေးမှာဖြစ်ပါတယ်။
ဒီကတ်ကြေးလေးကိုတော့ တကယ်ကြွေမိ
ပြည့်စုံတဲ့ မနက်စာကို ဒီစက်လေးတစ်လုံးနဲ့ လုံလောက်အောင်ပြင်ဆင်နိုင်ပြီ