သနားတာနဲ႔ကုိယ္ခ်င္းစာတာ ခြဲျခားႏုိင္ပါေစ…

တစ္ခါတစ္ေလ သနားတာနဲ႔ကုိယ္ခ်င္းစာတတ္တဲ႔စိတ္က ေရာေထြးသြားတတ္ပါတယ္။ တကယ္ေတာ့ သနားတာနဲ႔ကုိယ္ခ်င္းစာနာတာ ခံစားမႈခ်င္း၊အဓိပၸာယ္ခ်င္း မတူညီပါဘူး။ ကုိယ္ခ်င္းစာတယ္ဆုိတာ “ငါသာသူ႔ေနရာမွာဆုိရင္”ဆုိတဲ႔စိတ္နဲ႔ ကိုယ့္မွာရွိတဲ႔အရာကုိ မ်ွေ၀ေပးတာ၊အေကာင္းအဆုိးမ်ွေ၀ခံစားတာ၊အၾကံဥာဏ္ေပးတာ၊ဂရုစုိက္ေပးတာမ်ိဳးပါ။တစ္ျခားသူတစ္ေယာက္ရဲ ႔ခံစားခ်က္ကုိ မ်ွေ၀ခံစားျပီး နားလည္ေပးတတ္တာက ကုိယ္ခ်င္းစာစိတ္ပါ။
ကုိယ္ခ်င္းစာစိတ္က ဖိနပ္တစ္ရံတည္းကုိအတူတူစီးေနရသလို ခံစားခ်က္မ်ိဳး၊ဖိနပ္တစ္ရံတည္း အတူစီးေနရတာျဖစ္လို႔ ဖိနပ္ေပါက္တဲ႔အခါ နာက်င္ရတဲ႔ခံစားခ်က္ကုိအတူတူသိတာမ်ိဳးပါ။

သနားတယ္ဆုိတာ ကိုယ့္မွာရွိတဲ႔အရာတစ္ခု၊တစ္ျခားသူမွာမရွိတဲ႔အခါ၊ကုိယ္ကျပည့္စံုေပမဲ႔ တစ္ျခားသူကမျပည့္စံုတဲ႔အခါမ်ိဳးမွ ာ၊တစ္ျခားသူ ဒုကၡေရာက္ေနတဲ႔အခါမိ်ဳးမွာ သနားတဲ႔စိတ္ ကျဖစ္ေပၚတတ္ပါတယ္။သနားတာက တစ္ျခားသူတစ္ေယာက္ရဲ ႔ကံဆုိးမႈကုိ မ်ွေ၀ ခံစားတဲ႔စိတ္ မ်ိဳးနဲ႔မဟုတ္ပဲ သနားမိတာမိ်ဳးပါ။ကိုယ္ခ်င္းစာစိတ္က အေျပာင္းအလဲတစ္ခုခု ျဖစ္ေပၚေစေပမဲ႔ သနားလိုက္တာဆုိတဲ႔စိတ္ကတစ္ျခားတစ္ေယာက္ရဲ႔ စိတ္ကုိ သိမ္ငယ္စိတ္၊ အားငယ္စိတ္ ျဖစ္သြားေစပါတယ္။

သနားတတ္တဲ႔စိတ္နဲ႔ကိုယ္ခ်င္းစာစိတ္အေၾကာင္းကုိေလ့လာၾကည့္တဲ႔အခါမွာ အမ်ိဳးသားတစ္ေယာက္က ဒီလုိေျဖထားခဲ႔ပါတယ္။
“ကုိယ္ခ်င္းစာစိတ္ဆိုတာ အတားအဆီးမရွိတဲ႔အတြက္ ေပးတဲ႔သူကလည္း အတိုင္းအဆမရွိ မ်ွေ၀ႏုိင္သလို လက္ခံရရွိတဲ႔သူကလည္းေက်နပ္စြာယူႏုိင္ပါလိမ့္မယ္။ဒါေပမဲ႔ သနားစိတ္ကေတာ့ အတားအဆီးတစ္ခုရွိေနပါတယ္။တစ္ဖက္လူကုိသနားေပမဲ႔ ႏွစ္ေယာက္ၾကားမွာ နံရံတစ္ခ်ပ္ျခားေနသလုိပဲ”လုိ႔ေျဖထားခဲ႔ပါတယ္။

အဲ႔ဒါေၾကာင့္ တစ္ျခားတစ္ေယာက္က ေနမေကာင္းျဖစ္ေနတဲ႔အေၾကာင္းေျပာျပတဲ႔အခါ သနားစိတ္နဲ႔နားမေထာင္ပါနဲ႔၊ကိုယ္ခ်င္းစာစိတ္နဲ႔နားေထာင္ပါ။ငါသာ ေနမေကာင္း
ျဖစ္ခဲ႔ရင္ဆုိတဲ႔စိတ္နဲ႔ေပါ့။တစ္ျခားတစ္ေယာက္ကသူ႔ရဲ႔အဆင္မေျပတဲ႔ခံစားခ်က္ေတြအေၾကာင္းေျပာျပတဲ႔အခါ ကိုယ္ခ်င္းစာစိတ္နဲ႔နားေထာင္ပါ။စိတ္မေကာင္းျဖစ္တဲ႔စိတ္နဲ ႔နားမေထာင္ပါနဲ႔။ သူေနမေကာင္းျဖစ္ေနေပမဲ႔၊သူစိတ္ေတြနာက်င္ေနေပမဲ႔သင့္ဆီကသူလုိခ်င္တာသူ႔ကုိကုိယ္ခ်င္းစာစိတ္နဲ႔ နားေထာင္ေပးဖုိ႔ပါပဲ။သူ ေန႔တိုင္းအေကာင္းဆံုး ၾကိဳးစားခဲ႔တဲ႔အေၾကာင္း၊ခက္ခဲတဲ႔ေန႔ရက္ေတြ ကိုဘယ္လိုျဖတ္ေက်ာ္ခဲ႔ရတယ္ဆိုတဲ႔အေၾကာင္း၊အိပ္ရာကမထႏုိင္တဲ႔ေန႔ေတြလည္းရွိမယ္၊စီးပြားေရးအဆင္မေျပလို႔စိတ္ညစ္ရတဲ႔အခ်ိန္ေတြလည္းရွိႏုိင္တယ္၊ေန႔ရက္တိုင္းကတိုက္ပြဲတစ္ခုလိုပဲျဖစ္ခ်င္ျဖစ္ေန မယ္။သင့္ဆီက သူလိုခ်င္တာကသူ႔ခံစားခ်က္ေတြကုိမ်ွေ၀ခံစားေပးဖုိ႔ပါ။သူေနမေကာင္း ျဖစ္ေနတဲ႔အတြက္၊သူစီးပြားေရးအဆင္မေျပတဲ႔အတြက္ သင့္ဆီက သနားတာမိ်ဳးကို သူလုိခ်င္တာမ်ိဳး မဟုတ္ပါဘူး။သနားတယ္ဆုိျပီး သူ႔စီးပြားေရးလိုအပ္ခ်က္ကုိကူညီေပးလိုက္ရင္ သူေငြေၾကးပဲ ရသြားမွာပါ။ ကုိယ္ခ်င္းစာစိတ္ဆိုတဲ႔ အခ်င္းခ်င္းမ်ွေ၀ခံစားတာမ်ိဳးကုိရသြားမွာ မဟုတ္ပါဘူး။

ဘယ္သူကမွ တစ္ဖက္လူကသနားတာမ်ိဳးကုိမခံခ်င္ပါဘူး။သင့္ကုိ တစ္ျခားတစ္ေယာက္က ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔ျဖစ္ျဖစ္ “နင့္ကိုသနားလိုက္တာဟယ္”လို႔လာေျပာရင္ သင္လည္းၾကိဳက္မွာ မဟုတ္ပါဘူး။အဲ႔ဒါအျပင္ စိတ္အားငယ္တတ္တဲ႔သူဆုိရင္” ေအာ္ ငါ့ဘ၀ကေတာ္ေတာ္ သနားဖုိ႔ေကာင္းေနပါလား”ဆိုျပီးသိမ္ငယ္သြားပါလိမ့္မယ္။သူတို႔ရဲ႔စိတ္မေကာင္းစရာအျဖစ္အပ်က္ေတြ၊ဆံုးရွံဳးမႈေတြကို သင့္ကုိေျပာျပခ်င္ေျပာျပလိမ့္မယ္။ဒါကသနားခံခ်င္လို႔မဟုတ္ပါဘူး။ သူတုိ႔အေပၚကုိယ္ခ်င္းစာနားလည္ေပးတာပဲလိုခ်င္ၾကတာပါ။

အဲ႔ဒါေၾကာင့္ ဆင္းရဲႏြမ္းပါးသူ၊ေငြေၾကးလိုအပ္ေနသူ၊အကူအညီလုိအပ္ေနသူေတြကုိ ကူညီဖုိ႔သြားတဲ႔အခါ၊ကူညီခြင့္ၾကံဳလာတဲ႔အခါသနားတဲ႔စိတ္မ်ိဳးနဲ႔မကူညီပါနဲ႔။သနားတဲ႔စိတ္မိ်ဳးနဲ႔ ေစတနာမထားပါနဲ႔။ကုိယ္ခ်င္းစာစိတ္နဲ႔ကူူညီပါ။ကိုယ္ခ်င္းစာစိတ္နဲ႔ေစတနာထားပါ။ေငြေၾကးလိုအပ္ေနတ႔ဲသူဟာငါသာျဖစ္ခဲ႔ရင္၊ငါ့မိသားစု၀င္တစ္ေယာက္ေယာက္သာျဖစ္ခဲ႔ရင္၊ဒုကၡေရာက္ေနတဲ႔သူက ငါသာျဖစ္ခဲ႔ရင္၊ငါခ်စ္တဲ႔သူတစ္ေယာက္ေယာက္သာျဖစ္ခဲ႔ရင္ဆုိတဲ႔စိတ္မ်ိဳးနဲ႔ မ်ွေ၀ကူညီေပးပါ။ ဒီေလာကၾကီးထဲမွာ ဘယ္သူ႔ကုိမွသနားစရာလို႔မျမင္မိပါေစနဲ႔။ကုိယ္ခ်င္းစာစိတ္နဲ႔သာ ျမင္ေအာင္ၾကည့္ပါ။

သနားစိတ္နဲ႔ကုိယ္ခ်င္းစာစိတ္ကုိ ခြဲျခားျပီး တစ္ဖက္သားကိုကူညီေပးႏုိင္ပါေစ….

Unicode

တစ်ခါတစ်လေ သနားတာနဲ့ကိုယ်ချင်းစာတတ်တဲ့စိတ်က ရောထွေးသွားတတ်ပါတယ်။ တကယ်တော့ သနားတာနဲ့ကိုယ်ချင်းစာနာတာ ခံစားမှုချင်း၊အဓိပ္ပာယ်ချင်း မတူညီပါဘူး။

ကိုယ်ချင်းစာတယ်ဆိုတာ “ငါသာသူ့နေရာမှာဆိုရင်”ဆိုတဲ့စိတ်နဲ့ ကိုယ့်မှာရှိတဲ့အရာကို မျှဝေပေးတာ၊အကောင်းအဆိုးမျှဝေခံစားတာ၊အကြံဉာဏ်ပေးတာ၊ဂရုစိုက်ပေးတာမျိုးပါ။တစ်ခြားသူတစ်ယောက်ရဲ ့ခံစားချက်ကို မျှဝေခံစားပြီး နားလည်ပေးတတ်တာက ကိုယ်ချင်းစာစိတ်ပါ။
ကိုယ်ချင်းစာစိတ်က ဖိနပ်တစ်ရံတည်းကိုအတူတူစီးနေရသလို ခံစားချက်မျိုး၊ဖိနပ်တစ်ရံတည်း အတူစီးနေရတာဖြစ်လို့ ဖိနပ်ပေါက်တဲ့အခါ နာကျင်ရတဲ့ခံစားချက်ကိုအတူတူသိတာမျိုးပါ။

သနားတယ်ဆိုတာ ကိုယ့်မှာရှိတဲ့အရာတစ်ခု၊တစ်ခြားသူမှာမရှိတဲ့အခါ၊ကိုယ်ကပြည့်စုံပေမဲ့ တစ်ခြားသူကမပြည့်စုံတဲ့အခါမျိုးမှ ာ၊တစ်ခြားသူ ဒုက္ခရောက်နေတဲ့အခါမျိုးမှာ သနားတဲ့စိတ် ကဖြစ်ပေါ်တတ်ပါတယ်။သနားတာက တစ်ခြားသူတစ်ယောက်ရဲ ့ကံဆိုးမှုကို မျှဝေ ခံစားတဲ့စိတ် မျိုးနဲ့မဟုတ်ပဲ သနားမိတာမျိုးပါ။ကိုယ်ချင်းစာစိတ်က အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်စေပေမဲ့ သနားလိုက်တာဆိုတဲ့စိတ်ကတစ်ခြားတစ်ယောက်ရဲ့ စိတ်ကို သိမ်ငယ်စိတ်၊ အားငယ်စိတ် ဖြစ်သွားစေပါတယ်။

သနားတတ်တဲ့စိတ်နဲ့ကိုယ်ချင်းစာစိတ်အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာ အမျိုးသားတစ်ယောက်က ဒီလိုဖြေထားခဲ့ပါတယ်။
“ကိုယ်ချင်းစာစိတ်ဆိုတာ အတားအဆီးမရှိတဲ့အတွက် ပေးတဲ့သူကလည်း အတိုင်းအဆမရှိ မျှဝေနိုင်သလို လက်ခံရရှိတဲ့သူကလည်းကျေနပ်စွာယူနိုင်ပါလိမ့်မယ်။ဒါပေမဲ့ သနားစိတ်ကတော့ အတားအဆီးတစ်ခုရှိနေပါတယ်။တစ်ဖက်လူကိုသနားပေမဲ့ နှစ်ယောက်ကြားမှာ နံရံတစ်ချပ်ခြားနေသလိုပဲ”လို့ဖြေထားခဲ့ပါတယ်။

အဲ့ဒါကြောင့် တစ်ခြားတစ်ယောက်က နေမကောင်းဖြစ်နေတဲ့အကြောင်းပြောပြတဲ့အခါ သနားစိတ်နဲ့နားမထောင်ပါနဲ့၊ကိုယ်ချင်းစာစိတ်နဲ့နားထောင်ပါ။ငါသာ နေမကောင်း
ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ပေါ့။တစ်ခြားတစ်ယောက်ကသူ့ရဲ့အဆင်မပြေတဲ့ခံစားချက်တွေအကြောင်းပြောပြတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့နားထောင်ပါ။စိတ်မကောင်းဖြစ်တဲ့စိတ်နဲ ့နားမထောင်ပါနဲ့။ သူနေမကောင်းဖြစ်နေပေမဲ့၊သူစိတ်တွေနာကျင်နေပေမဲ့သင့်ဆီကသူလိုချင်တာသူ့ကိုကိုယ်ချင်းစာစိတ်နဲ့ နားထောင်ပေးဖို့ပါပဲ။သူ နေ့တိုင်းအကောင်းဆုံး ကြိုးစားခဲ့တဲ့အကြောင်း၊ခက်ခဲတဲ့နေ့ရက်တွေ ကိုဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတဲ့အကြောင်း၊အိပ်ရာကမထနိုင်တဲ့နေ့တွေလည်းရှိမယ်၊စီးပွားရေးအဆင်မပြေလို့စိတ်ညစ်ရတဲ့အချိန်တွေလည်းရှိနိုင်တယ်၊နေ့ရက်တိုင်းကတိုက်ပွဲတစ်ခုလိုပဲဖြစ်ချင်ဖြစ်နေ မယ်။သင့်ဆီက သူလိုချင်တာကသူ့ခံစားချက်တွေကိုမျှဝေခံစားပေးဖို့ပါ။သူနေမကောင်း ဖြစ်နေတဲ့အတွက်၊သူစီးပွားရေးအဆင်မပြေတဲ့အတွက် သင့်ဆီက သနားတာမျိုးကို သူလိုချင်တာမျိုး မဟုတ်ပါဘူး။သနားတယ်ဆိုပြီး သူ့စီးပွားရေးလိုအပ်ချက်ကိုကူညီပေးလိုက်ရင် သူငွေကြေးပဲ ရသွားမှာပါ။ ကိုယ်ချင်းစာစိတ်ဆိုတဲ့ အချင်းချင်းမျှဝေခံစားတာမျိုးကိုရသွားမှာ မဟုတ်ပါဘူး။

ဘယ်သူကမှ တစ်ဖက်လူကသနားတာမျိုးကိုမခံချင်ပါဘူး။သင့်ကို တစ်ခြားတစ်ယောက်က ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် “နင့်ကိုသနားလိုက်တာဟယ်”လို့လာပြောရင် သင်လည်းကြိုက်မှာ မဟုတ်ပါဘူး။အဲ့ဒါအပြင် စိတ်အားငယ်တတ်တဲ့သူဆိုရင်” အော် ငါ့ဘဝကတော်တော် သနားဖို့ကောင်းနေပါလား”ဆိုပြီးသိမ်ငယ်သွားပါလိမ့်မယ်။သူတို့ရဲ့စိတ်မကောင်းစရာအဖြစ်အပျက်တွေ၊ဆုံးရှုံးမှုတွေကို သင့်ကိုပြောပြချင်ပြောပြလိမ့်မယ်။ဒါကသနားခံချင်လို့မဟုတ်ပါဘူး။ သူတို့အပေါ်ကိုယ်ချင်းစာနားလည်ပေးတာပဲလိုချင်ကြတာပါ။

အဲ့ဒါကြောင့် ဆင်းရဲနွမ်းပါးသူ၊ငွေကြေးလိုအပ်နေသူ၊အကူအညီလိုအပ်နေသူတွေကို ကူညီဖို့သွားတဲ့အခါ၊ကူညီခွင့်ကြုံလာတဲ့အခါသနားတဲ့စိတ်မျိုးနဲ့မကူညီပါနဲ့။သနားတဲ့စိတ်မျိုးနဲ့ စေတနာမထားပါနဲ့။ကိုယ်ချင်းစာစိတ်နဲ့ကူူညီပါ။ကိုယ်ချင်းစာစိတ်နဲ့စေတနာထားပါ။ငွေကြေးလိုအပ်နေတဲ့သူဟာငါသာဖြစ်ခဲ့ရင်၊ငါ့မိသားစုဝင်တစ်ယောက်ယောက်သာဖြစ်ခဲ့ရင်၊ဒုက္ခရောက်နေတဲ့သူက ငါသာဖြစ်ခဲ့ရင်၊ငါချစ်တဲ့သူတစ်ယောက်ယောက်သာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးနဲ့ မျှဝေကူညီပေးပါ။ ဒီလောကကြီးထဲမှာ ဘယ်သူ့ကိုမှသနားစရာလို့မမြင်မိပါစေနဲ့။ကိုယ်ချင်းစာစိတ်နဲ့သာ မြင်အောင်ကြည့်ပါ။

သနားစိတ်နဲ့ကိုယ်ချင်းစာစိတ်ကို ခွဲခြားပြီး တစ်ဖက်သားကိုကူညီပေးနိုင်ပါစေ….

 

 

239 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.