အကယ်ဒမီ ဦးမောစ့်ရဲ့သားဖြစ်သူထိုက်စံကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ အဖေ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အတွက် ဘာတွေ ပြုလုပ်သွား မယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ ‘ကျွန်တော် လတ်တလောမှာတော့ သင်္ကြန်ကားလေးတစ်ကားကို မစိုးပြည့်သဇင် နဲ့ရိုက်နေပါတယ်။ ကျွန်တော်ကတော့ ကာရိုက်တာ ဇာတ်ရုပ်အစုံ ရိုက်ပါတယ်။ အက်ရှင်၊ ဟာသ၊ ဒရမ်မာဇာတ်ရုပ် အစုံလည်း သရုပ်ဆောင် ဖြစ်ပါတယ်။ ကျွန်တော် ရိုက်ချင်တဲ့ ဇာတ်ရုပ်မျိုးကတော့ ဟာသပုံစံမျိုးပါ။ ဟာသဆိုတာက ကျွန်တော် တစ်ယောက်တည်းဟာသလုပ်ရတဲ့ဇာတ်ရုပ် မျိုးမဟုတ်ပဲ ဇာတ်လမ်းတစ်ခုလုံးကိုက ရယ်စရာ ကောင်းနေတာမျိုးပေါ့။ ဇာတ်ကားရွေးချယ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်ရယ်၊ အမေရယ် နှစ်ယောက် အတူတူရွေး ချယ်ပြီး လက်ခံဖြစ်ပါတယ်။ တစ်ခြား အနုပညာလှုပ်ရှားမှုအနေနဲ့ ကတော့ နယ်တွေမှာ သီချင်းဖျော် ဖြေသီဆို မှုတွေလုပ် ဖြစ်ပါတယ်။ စီးရီးထုတ်ဖို့ အစီအစဉ်တော့မရှိပါဘူး။ ကျွန်တော် ကပရိသတ်တွေရဲ့တောင်းဆိုမှု အရ ပရိသတ် ကျေနပ်အောင်လို့ဖျော်ဖြေ ပေးတာပါ။ အဆိုတော် လုပ်ဖို့တော့ မရှိပါဘူး။’ လို့ သူက ပြောပါတယ်။
အဖေဖြစ်သူ ဦးမောစ့် ကွယ်လွန်တာဟာ ခုလာမဲ့ ၂လပိုင်း ၁၃ရက်နေ့မှာ တစ်နှစ်ပြည့်သွားပြီမို့ အမှတ်တရအဖြစ် အစီအစဉ်တစ်ခု စီစဉ်နေတဲ့အကြောင်းကိုလည်း သူက ‘အဖေဆုံးတာ တစ်နှစ်ပြည့် သွားပြီဖြစ်လို့ အမှတ်တရအနေနဲ့ အဖေ့ရဲ့ လူရွှင်တော်တွေနဲ့အတူ ရံပုံငွေပြဇာတ်ပွဲတစ်ပွဲ ပြုလုပ်သွား ဖို့ရှိပါတယ်။ အဲဒီအတွက် ဒါရိုက်တာ မောင်သီနဲ့ အတူကျွန်တော်တို့အားလုံး ၀ိုင်းဝန်းပြီး လုပ်ဆောင်နေ ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီပြဇာတ်မှာ ၀င်ရောက် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်’လို့ ပြောပြသွားခဲ့ပါတယ်။