Air-con ခန္းထဲမွာအျမဲတေစေနတတ္သူေတြ သတိထားသင့္တဲ႔က်န္းမာေရးအႏၱရာယ္

ဘယ္အရာမဆုိ အေကာင္းနဲ႔အဆိုးဒြန္တြဲေနတယ္ဆိုသလို Air-con နဲ႔ပတ္သက္ျပီးေတာ့လည္း ေကာင္းက်ိဳးဆုိးက်ိဳးဆုိတာရွိေနပါတယ္။Air-con ဟာ လူဦးေရထူထပ္တဲ႔ေနရာေတြအတြက္ေတာ့ ေလထုပူေႏြးမႈကေန ကာကြယ္ေပးနုိင္ပါတယ္။အထူးသျဖင့္ပူျပင္းတဲ့ေႏြရာသီမွာ ပူေလာင္အုိက္ စပ္မႈ ဒဏ္ကေန ကာကြယ္ေပးႏုိင္ပါတယ္။လူဦးေရမ်ားေလ ပူအိုက္ေလ ျဖစ္တဲ႔အတြက္ ရံုးခန္းေတြ၊အေဆာက္အဦးေတြမွာAir-Con ေတြတပ္ဆင္ထားေလ့ရွိပါတယ္။

လူအမ်ားစုကလည္း ပူတဲ႔ဒဏ္ကိုမခံစားႏုိင္ၾကပါဘူး။အဲ႔ဒါေၾကာင့္ အိမ္မွာလည္း Air-con တပ္၊ရံုးမွာလည္း Air-con ဖြင့္နဲ႔ အပူဒဏ္ကေနေရွာင္ၾကပါတယ္။အပူဒဏ္ကေနေရွာင္တာက လည္း ေရွာင္တာေပါ့။Air-con နဲ႔ပတ္သက္ျပီးသတိထားသင့္တဲ႔က်န္းမာေရးဆုိင္ရာ အသိေပးခ်က္ေတြလည္းသိထားဖုိ႔လိုပါတယ္။

၁)အလက္ဂ်စ္စ္ေရာဂါမ်ား
တကယ္လို႔ ရံုးမွာျဖစ္ေစ၊အိမ္မွာျဖစ္ေစ Air-con တပ္ဆင္ထားတဲ႔အခါ Air-con သန္႔ရွင္းေရးကုိလည္းပံုမွန္လုပ္ေပးဖုိ႔လုိပါတယ္။သန္႔ရွင္းေရးမလုပ္မိတဲ႔အခါမွာ Air-con ကေနထုတ္လႊတ္တဲ႔ေလထဲကေန အမိႈက္ေတြ၊အမႈန္အမႊားေတြပါလာတတ္ပါတယ္။အဲ႔ဒီအခါ ေလထုထဲမွာပ်ံ႔ႏွံ႔လာျပီး ခႏၶာကုိယ္ယားယံမႈေတြ၊အလက္ဂ်စ္စ္ေရာဂါေတြကူးစက္လာ တတ္ပါတယ္။ဒါ့အျပင္ ေလထုထဲမွာပါလာတဲ႔မိႈဟာလည္းပတ္၀န္းက်င္ကုိညစ္ႏြမ္းေစျပီး အသက္ရႈလမ္းေၾကာင္းကေနတစ္ဆင့္ခႏၶာကုိယ္ထဲကုိ၀င္ေရာက္ႏုိင္ပါတယ္။အထူးသျဖင့္က်န္းမာေရးဆိုင္ရာျပႆနာရွိသူေတြ၊ကေလးငယ္ေတြ၊အသက္အရြယ္ၾကီးရင့္တဲ႔သူေတြဆို ပုိျပီးကူးစက္ရလြယ္ကူေစပါတယ္။

၂)ကူးစက္ေရာဂါ
Air-con တစ္လံုးဟာ ဗုိင္းရပ္စ္ပုိးေတြ၊ဘတ္တီးရီးယားေတြ၊မိႈေရာဂါပုိးေတြ၊မျမင္ႏုိင္တဲ ႔ေရာဂါပိုးေတြေပါက္ဖြားရာအိမ္တစ္လံုးလည္းျဖစ္ပါတယ္။Air-con ကိုပံုမွန္သန္႔ရွင္းမႈ မရိွတဲ႔အခါမ်ိဳး၊တရစပ္ဖြင့္ထားတဲ႔အခါမ်ိဳးမွာ ပတ္၀န္းက်င္ေလထုထဲကုိ ေရာဂါပိုးမႊားေတြ ပ်ံ႔ႏွံ႔လာတတ္ျပီး ကုိယ္ခံအားစြမ္းရည္ကုိက်ဆင္းလာေစပါတယ္။အထူးသျဖင့္ Legionellosis ဆုိတဲ႔ေရာဂါပိုးတစ္မိ်ဳးကုိပုိျပီးသတိထားဖုိ႔လိုပါတယ္။အဆုတ္ေရာဂါတစ္မ်ဳိးျဖစ္ျပီး အသက္အႏၱရာယ္ထိခိုက္နုိင္တဲ႔အထိျဖစ္ေစပါတယ္။

၃)တစ္ျခားေရာဂါမ်ား
Air-con ကို ေန႔စဥ္အိမ္မွာေရာ၊ရံုးမွာပါ ဖြင့္ထားတဲ႔အခါ ျပင္ပလတ္ဆတ္တဲ႔ေလကုိမရႈရိႈက္ရတာ ေၾကာင့္ ေရာဂါပိုးမႊားေတြ၀င္ေရာက္မႈမ်ားျပားလာတတ္ပါတယ္။Air-con ထက္ ျပင္ပေလကုိ ပိုျပီးလိုအပ္ေနျပီဆုိရင္ေတာ့ သင့္ကုိဒီလကၡဏာေတြျပပါလိမ့္မယ္။
*မၾကာခဏ ႏွာေခ်တာ
*အသက္ရႈရခက္လာတာ
*အသက္ရႈနႈန္းတိုလာတာ
*မ်က္စိ၊ပါးစပ္၊လည္ေခ်ာင္းေျခာက္ေသြ႔ယားယံလာတာ
*မၾကာခဏေခါင္းကုိက္လာတာ
*လည္ေခ်ာင္းနာက်င္တာ
*အဆစ္အျမစ္ေတြကုိက္ခဲလာတာ
စတဲ႔လကၡဏာေတြျပလာျပီဆုိရင္ ျပင္ပကလတ္ဆတ္တဲ့ေလထုကုိရႈရိႈက္ဖုိ႔လိုေနပါျပီ။

Air-con ကေနရရွိႏုိင္မယ့္ေရာဂါဟာ ေလထုမသန္႔စင္တဲ႔အတြက္ အဆုတ္နဲ႔ပတ္သက္တဲ ႔ေရာဂါမ်ိဳး၊ပန္းနာေရာဂါမိ်ဳးေတြမ်ားေသာအားျဖင့္ျဖစ္တတ္ပါတယ္။အဲ႔ဒီလို ေလထုကေန ပုိးမႊားေတြအလြယ္တကူကူးစက္တာမ်ိဳးမျဖစ္ေအာင္၊Air-con လည္းေကာင္းေကာင္း သံုးႏိုင္ေအာင္ အၾကံဥာဏ္ေလးမ်ွေ၀ေပးခ်င္ပါတယ္။

*Air-con ေလကို အျမဲလိုလိုမခံပါနဲ႔၊ရံုးမွာ တစ္ေနကုန္ Air-con ေလခံလာျပီးရင္ အိမ္မွာေတာ့ ျပင္ပေလထုကုိရႈရွိဳက္သင့္ပါတယ္။
*အခန္းနဲ႔အျပင္ဘက္ အရမ္းကြာဟတဲ႔အပူခ်ိန္မ်ိဳးမထားမိေအာင္သတိထားပါ။ အျပင္မွာအရမ္းပူေနတဲ႔အခ်ိန္ အခန္းထဲမွာ Air-con ကုိ အေအးဆံုးမထားသင့္ပါဘူး။
အပူခ်ိန္နဲ႔သိပ္မကြာတဲ႔အတိုင္းအဆမွာထားပါ။
*Air-con စနစ္ေတြဟာ ေလထုကိုအႏၱရာယ္ေပးနုိင္၊မေပးနုိင္ေသခ်ာဆန္းစစ္ဖုိ႔လိုပါတယ္။
*Air-con အညႊန္းစာအုပ္ကိုေသခ်ာဖတ္ကာ အဲ႔ဒီထဲကအတိုင္းစည္းမ်ဥ္းေတြ ကုိလိုက္နာသင့္ပါတယ္။
*Air-con ကုိ ပံုမွန္သန္႔စင္မႈလုပ္ေပးသင့္ပါတယ္။
*ေရာဂါပိုးမႊားေတြဟာ Air-con မသန္႔စင္မႈေၾကာင့္ ပိုးမႊားေတြ၊အမိႈက္ေတြပါ၀င္တဲ႔ ေလေတြကုိထုတ္လႊင့္ေပးရာကေန ပ်ံ႔ႏွံ႔လာတာျဖစ္ပါတယ္။အဲ႔ဒါေၾကာင့္ Air-con စ၀ယ္ကတည္းက ေလထုသန္႔စင္ေပးတဲ႔စနစ္ပါ၀င္တဲ႔ Air-con မ်ိဳးကုိေရြးခ်ယ္ေစခ်င္ပါတယ္။

Air-con ကို က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ ေကာင္းေကာင္းအသံုးျပဳႏုိင္တယ္ဆုိရင္ က်န္းမာေရးဆုိးက်ိဳးေတြကုိ စိတ္ပူစရာမလိုေတာ့ပါဘူးေနာ္။

Unicode

ဘယ်အရာမဆို အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်ဆိုသလို Air-con နဲ့ပတ်သက်ပြီးတော့လည်း ကောင်းကျိုးဆိုးကျိုးဆိုတာရှိနေပါတယ်။Air-con ဟာ လူဦးရေထူထပ်တဲ့နေရာတွေအတွက်တော့ လေထုပူနွေးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့်ပူပြင်းတဲ့နွေရာသီမှာ ပူလောင်အိုက် စပ်မှု ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။လူဦးရေများလေ ပူအိုက်လေ ဖြစ်တဲ့အတွက် ရုံးခန်းတွေ၊အဆောက်အဦးတွေမှာAir-Con တွေတပ်ဆင်ထားလေ့ရှိပါတယ်။

လူအများစုကလည်း ပူတဲ့ဒဏ်ကိုမခံစားနိုင်ကြပါဘူး။အဲ့ဒါကြောင့် အိမ်မှာလည်း Air-con တပ်၊ရုံးမှာလည်း Air-con ဖွင့်နဲ့ အပူဒဏ်ကနေရှောင်ကြပါတယ်။အပူဒဏ်ကနေရှောင်တာက လည်း ရှောင်တာပေါ့။Air-con နဲ့ပတ်သက်ပြီးသတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာ အသိပေးချက်တွေလည်းသိထားဖို့လိုပါတယ်။

၁)အလက်ဂျစ်စ်ရောဂါများ
တကယ်လို့ ရုံးမှာဖြစ်စေ၊အိမ်မှာဖြစ်စေ Air-con တပ်ဆင်ထားတဲ့အခါ Air-con သန့်ရှင်းရေးကိုလည်းပုံမှန်လုပ်ပေးဖို့လိုပါတယ်။သန့်ရှင်းရေးမလုပ်မိတဲ့အခါမှာ Air-con ကနေထုတ်လွှတ်တဲ့လေထဲကနေ အမှိုက်တွေ၊အမှုန်အမွှားတွေပါလာတတ်ပါတယ်။အဲ့ဒီအခါ လေထုထဲမှာပျံ့နှံ့လာပြီး ခန္ဓာကိုယ်ယားယံမှုတွေ၊အလက်ဂျစ်စ်ရောဂါတွေကူးစက်လာ တတ်ပါတယ်။ဒါ့အပြင် လေထုထဲမှာပါလာတဲ့မှိုဟာလည်းပတ်ဝန်းကျင်ကိုညစ်နွမ်းစေပြီး အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်ခန္ဓာကိုယ်ထဲကိုဝင်ရောက်နိုင်ပါတယ်။အထူးသဖြင့်ကျန်းမာရေးဆိုင်ရာပြဿနာရှိသူတွေ၊ကလေးငယ်တွေ၊အသက်အရွယ်ကြီးရင့်တဲ့သူတွေဆို ပိုပြီးကူးစက်ရလွယ်ကူစေပါတယ်။

၂)ကူးစက်ရောဂါ
Air-con တစ်လုံးဟာ ဗိုင်းရပ်စ်ပိုးတွေ၊ဘတ်တီးရီးယားတွေ၊မှိုရောဂါပိုးတွေ၊မမြင်နိုင်တဲ ့ရောဂါပိုးတွေပေါက်ဖွားရာအိမ်တစ်လုံးလည်းဖြစ်ပါတယ်။Air-con ကိုပုံမှန်သန့်ရှင်းမှု မရှိတဲ့အခါမျိုး၊တရစပ်ဖွင့်ထားတဲ့အခါမျိုးမှာ ပတ်ဝန်းကျင်လေထုထဲကို ရောဂါပိုးမွှားတွေ ပျံ့နှံ့လာတတ်ပြီး ကိုယ်ခံအားစွမ်းရည်ကိုကျဆင်းလာစေပါတယ်။အထူးသဖြင့် Legionellosis ဆိုတဲ့ရောဂါပိုးတစ်မျိုးကိုပိုပြီးသတိထားဖို့လိုပါတယ်။အဆုတ်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဖြစ်စေပါတယ်။

၃)တစ်ခြားရောဂါများ
Air-con ကို နေ့စဉ်အိမ်မှာရော၊ရုံးမှာပါ ဖွင့်ထားတဲ့အခါ ပြင်ပလတ်ဆတ်တဲ့လေကိုမရှုရှိုက်ရတာ ကြောင့် ရောဂါပိုးမွှားတွေဝင်ရောက်မှုများပြားလာတတ်ပါတယ်။Air-con ထက် ပြင်ပလေကို ပိုပြီးလိုအပ်နေပြီဆိုရင်တော့ သင့်ကိုဒီလက္ခဏာတွေပြပါလိမ့်မယ်။
*မကြာခဏ နှာချေတာ
*အသက်ရှုရခက်လာတာ
*အသက်ရှုနှုန်းတိုလာတာ
*မျက်စိ၊ပါးစပ်၊လည်ချောင်းခြောက်သွေ့ယားယံလာတာ
*မကြာခဏခေါင်းကိုက်လာတာ
*လည်ချောင်းနာကျင်တာ
*အဆစ်အမြစ်တွေကိုက်ခဲလာတာ
စတဲ့လက္ခဏာတွေပြလာပြီဆိုရင် ပြင်ပကလတ်ဆတ်တဲ့လေထုကိုရှုရှိုက်ဖို့လိုနေပါပြီ။

Air-con ကနေရရှိနိုင်မယ့်ရောဂါဟာ လေထုမသန့်စင်တဲ့အတွက် အဆုတ်နဲ့ပတ်သက်တဲ ့ရောဂါမျိုး၊ပန်းနာရောဂါမျိုးတွေများသောအားဖြင့်ဖြစ်တတ်ပါတယ်။အဲ့ဒီလို လေထုကနေ ပိုးမွှားတွေအလွယ်တကူကူးစက်တာမျိုးမဖြစ်အောင်၊Air-con လည်းကောင်းကောင်း သုံးနိုင်အောင် အကြံဉာဏ်လေးမျှဝေပေးချင်ပါတယ်။

*Air-con လေကို အမြဲလိုလိုမခံပါနဲ့၊ရုံးမှာ တစ်နေကုန် Air-con လေခံလာပြီးရင် အိမ်မှာတော့ ပြင်ပလေထုကိုရှုရှိုက်သင့်ပါတယ်။
*အခန်းနဲ့အပြင်ဘက် အရမ်းကွာဟတဲ့အပူချိန်မျိုးမထားမိအောင်သတိထားပါ။ အပြင်မှာအရမ်းပူနေတဲ့အချိန် အခန်းထဲမှာ Air-con ကို အအေးဆုံးမထားသင့်ပါဘူး။
အပူချိန်နဲ့သိပ်မကွာတဲ့အတိုင်းအဆမှာထားပါ။
*Air-con စနစ်တွေဟာ လေထုကိုအန္တရာယ်ပေးနိုင်၊မပေးနိုင်သေချာဆန်းစစ်ဖို့လိုပါတယ်။
*Air-con အညွှန်းစာအုပ်ကိုသေချာဖတ်ကာ အဲ့ဒီထဲကအတိုင်းစည်းမျဉ်းတွေ ကိုလိုက်နာသင့်ပါတယ်။
*Air-con ကို ပုံမှန်သန့်စင်မှုလုပ်ပေးသင့်ပါတယ်။
*ရောဂါပိုးမွှားတွေဟာ Air-con မသန့်စင်မှုကြောင့် ပိုးမွှားတွေ၊အမှိုက်တွေပါဝင်တဲ့ လေတွေကိုထုတ်လွှင့်ပေးရာကနေ ပျံ့နှံ့လာတာဖြစ်ပါတယ်။အဲ့ဒါကြောင့် Air-con စဝယ်ကတည်းက လေထုသန့်စင်ပေးတဲ့စနစ်ပါဝင်တဲ့ Air-con မျိုးကိုရွေးချယ်စေချင်ပါတယ်။

Air-con ကို ကျန်းမာရေးနဲ့ညီညွှတ်အောင် ကောင်းကောင်းအသုံးပြုနိုင်တယ်ဆိုရင် ကျန်းမာရေးဆိုးကျိုးတွေကို စိတ်ပူစရာမလိုတော့ပါဘူးနော်။

378 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.