သင်မေ့လျော့နေတတ်တဲ့တန်ဖိုးထားရမဲ့သူမျိုးတွေဆိုတာ…
ပြန်ခေါ်ဖို့အသင့်ရှိနေတတ်တဲ့ သင်နဲ့ပတ်သတ်ရင်နာရကောင်းမှန်းမသိတဲ့ချစ်သူမျိုးတွေကို တန်ဖိုးထားဖို့လုံးဝမမေ့လိုက်ပါနဲ့။
Unicode…
လူဆိုတဲ့အမျိုးကတစ်ခါတစ်ရံကိုယ့်ဘေးကတန်ဖိုးရှိတဲ့အရာတွေ တန်ဖိုးထားသင့်တဲ့လူတွေကိုမေ့လျော့နေတတ်ကြပြီး အမေကျော်ပြီးဒွေးတော်လွမ်းတတ်ကြပါတယ်။
သင်ကျော်ပြီး တန်ဖိုးထားနေတဲ့သူတွေက သင့်ဘေးကလူတွေလောက်မကောင်းဘူးဆိုတာ သိမှ ပြန်လာတတ်ကြတာသဘာဝပဲမဟုတ်ပေဘူးလား။
ဆိုတော့ တစ်ခါတစ်ခါသင်မေ့လျော့နေတဲ့သင့်ဘေးနားက သင့်အတွက်တကယ်တန်ဖိုးရှိတဲ့သူတွေဆိုတာ…
(၁) သင့်အပေါ်အနွံနာခံသူ
သင့်အပေါ်မှာအနွံနာခံနိုင်တဲ့သူလောကကြီးမှာတစ်ယောက်ပဲရှိပစေအုံးတော့သင်ဂုဏ်ယူလိုက်ပါ။ ကိုယ့်အတွက်ပဲကိုယ်သိကြတဲ့လူ့လောကကြီးမှာ တစ်ပါးသူတစ်ယောက်
ပေါ်အနွံနာခံချစ်မြတ်နိုးပေးတတ်တဲ့သူမျိုးဆိုတာရှားပါးလှပါတယ်။ ဒါကြောင့် သင့်ဘေးနားမှာနေပြီး သင်ဆိုးသမျှသင်ကောင်းသမျှကို အနွံနာခံချစ်ပေး
တတ်တဲ့သူမျိုးကို တန်ဖိုးထားဖို့မမေ့ပါနဲ့။
(၂) အမုန်းခံပြီး ကောင်းရာကောင်းကျိုးညွှန်ပြတတ်သူ
မကောင်းလို့မကောင်းဘူး အမှန်တိုင်းပြောရင် လူဆိုတဲ့အရာကနာတတ်ကြပါတယ်။ ဒီလိုပြောတဲ့သူကိုလည်းမုန်းတီးတတ်ကြပါသေးတယ်။ ဒါမဲ့
ကိုယ့်ရဲ့ကောင်းကျိုးအတွက် အနားကနေ အမုန်းခံပြီး မှားရင်မှားနေတယ် မကောင်းရင်မကောင်းဘူးပြောတတ်တဲ့သူမျိုးရှိနေရင်တော့သူဟာ သင့်ဘဝကို တန်ဖိုးထားလို့
အချိန်ကုန်ခံအမုန်းခံပြောနေတယ်ဆိုတာကိုနားလည်နိုင်ဖို့လိုအပ်ပါတယ်။
(၃) ဘယ်လောက်လမ်းခွဲခွဲ အနားမှာ ကပ်တွယ်နေတတ်သူ
လူတိုင်းမှာ မရှိဘူးဆိုရင်တောင်အနည်းနဲ့အများတော့မာနကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုမာနမထားပဲ သင်ဘယ်လောက်လမ်းခွဲစကားပြောပြောသင်ဘယ်လောက် သင်စိတ်ပြေတဲ့အချိန်
ပြန်ခေါ်ဖို့အသင့်ရှိနေတတ်တဲ့ သင်နဲ့ပတ်သတ်ရင်နာရကောင်းမှန်းမသိတဲ့ချစ်သူမျိုးတွေကို တန်ဖိုုးထားဖို့လုံးဝမမေ့လိုက်ပါနဲ့။
(၄) သင့်အကြိုက်ကိုပြောစရာမလိုပဲသိနေတတ်သူ
သင်ဘာကြိုက်တတ်တယ် ဘာတွေသဘောကျတတ်တယ်ဆိုတာကိုသင်ထုတ်ပြောနေစရာမလိုပဲ သင့်အပေါ်အာရုံစိုက်တာများပြီးသိနေတတ်တဲ့သူမျိုးတွေကိုတန်ဖိုးထားဖို့
မမေ့ပါနဲ့။ ကိုယ့်ဘေးမှာ အမြဲနေပြီးကိုယ့်အကြိုက်သိနေတတ်သူမလို့ ကိုယ်တိုင်တန်ဖိုးထားဖို့ မေ့မေ့ပျောက်ပျောက်ဖြစ်တတ်ကြပေမဲ့ဒီစာလေးကိုဖတ်ပြီးရင်တော့
ဒီလိုတွေကိုတန်ဖိုးထားပေးလိုက်ပါ။ သူတို့ဟာသင့်ဘဝအတွက်သိပ်အဓိပ္ပါယ်ရှိတယ်ဆိုတာမမှားပါဘူး။
(၅) သင့်အတွက်ဆိုတဲ့အရာတွေနဲ့ပဲအချိန်တွေကုန်နေတတ်သူ
ကိုယ့်ဘို့ပဲကိုယ်ကြည့်တတ်တဲ့လူလောကြီးကလူတွေကြားမှာသင့်ကောင်းကျိုးတွေအတွက် အချိန်ကုန်လူပင်ပန်းခံပြီး ပြောဆိုလုပ်ဆောင်ပေးတတ်တဲ့သူမျိုးတွေကို
တန်ဖိုးထားဆက်ဆံဖို့အရမ်းအရေးပါပါတယ်။ သူတို့ဘဝရဲ့အချိန်တွေကိုတောင်မနှမြောပဲသင့်အတွက်အသုံးချတတ်တဲ့သူမျိုးသင်တို့နားမှာရှိနေရင် တစ်ခြားတွေကျော် ပြီး တန်ဖိုးထားမနေပဲ ဒီလိုလူတွေကို အရင်တန်ဖိုးထားတတ်ပါစေ။
196 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.