အိပ်ရာဝင်ခံနီးဒါတွေလုပ်မိရင်ဝိတ်ပိုတတ်စေတယ်ဆိုတာယူတို့သိကြလား…

(၁) အစာပြေမုန့်စားတာ


(၂) ကော်ဖီသောက်တာ








အပေါ်ကအချက်လေးတွေကိုအတတ်နိုင်ဆုံးရှောင်ရှားပြီး အိပ်စက်အနားယူမယ်ဆိုရင် ခန္ဓာကိုယ်ဟာ လိုတာထက်ပိုပြီးဝိတ်တတ်တာမျိုးတွေမဖြစ်စေပဲ ကျန်းမာပြည့်စုံတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာမလို့ ညစဉ်ဒီလိုအမှားတွေကိုပြင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

Unicode

တစ်ချို့သောညအိပ်ယာဝင်ခံနီးလုပ်မိတဲ့အမှားတစ်ချို့ကြောင့် ခန္ဓာကိုယ်အလေးချိန်ဟာ လိုအပ်တာထက်ပိုပြီးဝိတ်တက်တာမျိုးတွေဖြစ်စေတတ်ပါတယ်။ဒါတွေကိုတစ်ချို့သောသူတွေကသတိမထားမိပဲလုပ်မိတဲ့အခါ ဘာကြောင့်မှန်းမသိပိုပို ဝလာတာမျိုးဖြစ်စေတတ်တာမလို့ အိပ်ခံနီး ဘယ်လိုအမှားလေးတွေကပိုဝစေတတ်သလဲဆိုတာ…
(၁) အစာပြေမုန့်စားတာ
တစ်ချို့သောသူတွေက ညစာလျော့မယ်ဆိုပြီး ညစာစားလေ့မရှိပဲ နေကြရင်းအိပ်ခံနီးမှ ဗိုက်ဆာလာလို့ အစာပြေမုန့်လေးတွေကို စားလေ့ရှိကြပါတယ်။ဒါဟာ ပိုဝိတ်တက်စေတယ်ဆိုတာ ကို သူတို့သတိမထားမိတတ်ကြပါဘူး။ ဒီလိုမုန့်ပဲသရေစာစားပြီး ချက်ချင်းအိပ်ရာဝင်လိုက်တာကြောင့် အိပ်ချိန်နဲ့စားချိန်ကပ်ပြီးပိုဝိတ်တက်စေပါတယ်။
(၂) ကော်ဖီသောက်တာ
ကော်ဖီကို ညနေဘက်အထိသောက်သုံးလို့ရပါတယ်။ ဒါမဲ့အိပ်ခံနီးနဲ့ကပ်ပြီးတော့ မသောက်သင့်ပါဘူး။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်တွေကြောင့် ခန္ဓာကိုယ်ကိုပိုမိုဝိတ်တတ်စေပြီး ညအိပ်ခံနီးသောက်တာကြောင့် အိပ်ဖို့မျက်စိကြောင်တာမျိုးဖြစ်စေကာ အိပ်ရေးကောင်းကောင်းမဝပဲ လူပိုဝလာစေပါတယ်။
(၃) စိတ်ဖြောင့်ဖြောင့်နဲ့မအိပ်စက်တာ
အိပ်ခံနီးမှာ စိတ်ပူစရာတွေ စိတ်ညစ်စရာတွေကို တွေးတောစဉ်းစားပြီးအိပ်စက်တာမျိုး၊ တစ်ခုခုကိုအကြာကြီးစဉ်းစားပြီးမှအိပ်တာမျိုးတွေမလုပ်ပဲ စိတ်အေးအေးနဲ့အိပ်စက်သင့်ပါတယ်။ Stress များများနဲ့အိပ်စက်ခြင်းဟာ ပိုဝစေနိုင်တာကြောင့် ညအိပ်ခံနီးမှာ ပူပင်တွေးတောနေတာမျိုးမလုပ်ပဲ
စိတ်ဖြောင့်ဖြောင့်နဲ့အေးအေးလူလူအိပ်စက်တတ်ဖို့လိုပါတယ်။
(၄) Electronic Devices တွေအိပ်ခံနီးအသုံးပြုတာ
လူတော်တော်များများလုပ်တတ်တဲ့အရာတစ်ခုပါပဲ။ ရှောင်ဖို့အခက်ခဲဆုံးတစ်ခုဆိုလည်းမမှားပါဘူး။ ညအိပ်ခံနီးမှာ တော်တော်များများလူတွေက ဖုန်းတွေသုံး ကွန်ပြူတာတွေကြည့်ပြီးအိပ်စက်ကြတာများပါတယ်။ လေ့လာတွေ့ရှိပညာရှင်တစ်ချို့ရဲ့ပြောကြားချက်အရ ဒီလိုဖုန်းတွေ စက်ပစ္စည်းတွေကိုအိပ်ခံနီးသုံးခြင်းဟာ ကောင်းမွန်စွာအိပ်ပျော်ခြင်းကိုထိခိုက်စေတဲ့အပြင် ၀ိတ်ပိုတတ်စေတယ်လို့လည်းသိရပါတယ်။
(၅) မလိုအပ်တဲ့အလင်းရောင်တွေနဲ့အိပ်စက်တာ
မလိုအပ်တဲ့အလင်းရောင်တွေကိုအိပ်ခံနီးမှာ မဖွင့်ပဲအိပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ မီးရောင်လုံးဝမရှိပဲ အိပ်စက်ခြင်းပါပဲ။ မီးအလင်းရောင်တောက်တောက်တွေနဲ့အိပ်စက်တာဟာ ထင်သလောက်ကောင်းမွန်စွာ အိပ်စက်ခြင်းမဟုတ်ပဲ မိုးလင်းလို့နိုးထလာတဲ့အခါ လန်းဆန်းမှုမရှိစေပါဘူး။ မီးအမှောင်ချပြီးအိပ်စက်မှသာကောင်းမွန်စွာအိပ်စက်တာမျိုးမလို့ အိပ်ရေးကောင်းကောင်းမအိပ်ရလို့ဝလာမျိုးမဖြစ်စေဖို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့မီးမှောင်လေးနဲ့အိပ်သင့်ပါတယ်။
အပေါ်ကအချက်လေးတွေကိုအတတ်နို်င်ဆုံးရှောင်ရှားပြီး အိပ်စက်အနားယူမယ်ဆိုရင် ခန္ဓာကိုယ်ဟာ လိုတာထက်ပိုပြီးဝိတ်တတ်တာမျိုးတွေမဖြစ်စေပဲ ကျန်းမာပြည့်စုံတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာမလို့ ညစဉ်ဒီလိုအမှားတွေကိုပြင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

416 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.