SHINee ၁၀နှစ်ပြည့်အမှတ်တရပွဲမှာ Jonghyun ကိုအတူရှိနေစေချင်တယ်ဆိုတဲ့ Key
Unicode
နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ဖြစ်တဲ့ SHINee ဟာ မေလ ၂၄ရက်နေ့က အနုပညာသက်တမ်း ၁ဝနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။Onew ၊ Key ၊ Minho ၊Taemin ၊Jonghyun ဆိုပြီးယောကျ်ားလေးအဖွဲ့ဝင် ၅ယောက်နဲ့ဖွဲ့ထားပေမဲ့ အဖွဲ့ဝင် Jonghyun ဟာ လွန်ခဲ့တဲ့၂၀၁၇၊ဒီဇင်ဘာလက သေဆုံးသွားခဲ့ပြီဖြစ်လို့ အခုဆိုရင် အဖွဲ့ဝင် ၄ယောက်ပဲကျန်နေပါတော့တယ်။ အဖွဲ့ဝင်တွေဆိုပေမဲ့ ညီအစ်ကိုတွေလိုချစ်ခင်ကြတဲ့သူတွေဖြစ်လို့ Jonghyun ရဲ ့သေဆုံးမှုဟာ သူတို့အတွက်အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်။
Jonghyun ဟာ ၂၀၁၇ ၊ဒီဇင်ဘာလလောက်တုန်းက စိတ်ဖိစီးမှုတွေများစွာခံစားခဲ့ရတာကြောင့် သူ့ရဲ့ဘဝကိုသူကိုယ်တိုင်ပဲအဆုံးသတ်ခဲ့ပါတယ်။သူ့ရဲ့သေဆုံးမှုက မိသားစုဝင်တွေ၊အဖွဲ့ဝင်တွေ ကိုသာမက ပရိသတ်တွေကိုပါဝမ်းနည်းကြေကွဲမှုတွေပေးခဲ့တာပါ။သူ့ရဲ့နောက်ဆုံး စျာပနအခမ်း အနားကိုလည်း ပရိသတ်တွေထောင်ပေါင်းများစွာက လိုက်ပို့နှုတ်ဆက်ခဲ့ကြပါတယ်။
SHINee ရဲ ့ကျန်နေတဲ့အဖွဲ့ဝင် ၄ယောက်ဟာလည်း အခုချိန်ထိတိုင်အောင် သူတို့ရဲ ့ညီအစ်ကိုလို ချစ်ရတဲ့ Jonghyun ကိုသတိရတမ်းတနေဆဲပါ။မေလ ၂၄ရက်နေ့က သူတို့ရဲ ့ဂီတအဖွဲ့လေး ၁ဝနှစ်ပြည့်ခဲ့တာမို့လို့ ပိုပြီးသတိရနေခဲ့ကြပါတယ်။၁ဝနှစ်ပြည့်အမှတ်တရအဖြစ် သူတို့ရဲ ့ SM Entertainment ခေါင်းဆောင် Lee Soo Man နဲ့အတူ ပါတီပွဲလေးကျင်းပခဲ့ကြတယ် လို့သိရပါတယ်။အဲ့ဒီဓာတ်ပုံလေးကို Key ကသူ့ရဲ ့တွစ်စ်တာမှာတင်ခဲ့ပြီး hashtags လေးနဲ့ #၁ဝနှစ်ပြည့်အမှတ်တရ #shinee #smt #မင်းဒီမှာရှိနေဖို့မျှော်လင့်မိတယ် ဆိုပြီး တင်ခဲ့ပါတယ်။ နောက်ဆုံးစာလေးက Jonghyunကိုအနားမှာရှိစေချင်တဲ့သဘောပါ 🙁 Key နဲ့ Jonghyun ဟာ ပိုပြီးအတွဲများခဲ့တဲ့သူငယ်ချင်းညီအစ်ကိုလည်းဖြစ်ပါတယ်။
SHINee အဖွဲ့ဟာသူတို့ရဲ့ညီလို အစ်ကိုလိုချစ်ရတဲ့ Jonghyun ကိုသတိရနေသလို Jonghyun နဲ့ပရိသတ်တွေစိတ်မပျက်ရအောင် ဂီတလှုပ်ရှားမှုတွေကိုလည်းကြိုးစားပြီးလုပ်နေပါတယ်။ မကြာခင်မှာတော့ Reality Show (SHINee’s Back) နဲ့ ပရိသတ်ရှေ့ပြန်လာမယ် လို့သိရပါတယ်။အဲ့ဒီရှိုးမှာ အပိုင်း ၆ပိုင်းပါဝင်ပြီးအဖွဲ့ဝင်တွေက ပရိသတ်တွေနဲ့အတူတူမျှဝေ ရိုက်ကူးသွားမှာဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်အကြိုရိုက်ကူးမှုကိုတော့ ဇွန်လ ၆ရက်နေ့မှာ Digital Channel M2 ကနေထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ၊အစီအစဉ်ကောင်းလေးတွေနဲ့ SHINee အဖွဲ့ပြန်လာပါပြီ !
106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.