ဘရာဇီးလ်ဘောလုံးကွင်းဆောက်လုပ်ရေးအလုပ်သမား.ယူနီယံ လုံခြုံရေးအတွက် ဆန္ဒဖော်ထုတ်မည်

unnamed_2.jpg

အင်္ဂလန်-အီတလီပွဲစဉ်ကို လက်ခံကျင်းပပေးသွားမယ့် မန်နာအက်စ်မြို့က Arena Amazonia ကွင်းဆောက် လုပ်ရေး လုပ်ငန်းခွင်အတွင်း ပြီးခဲ့တဲ့စနေနေ့က အလုပ်သမား(၂)ဦး သေဆုံးခဲ့ရပြီးတဲ့နောက်မှာ ကွင်းဆောက် လုပ်ရေးအလုပ်သမားများက လုခြုံမှုမရှိတဲ့ အနေအထားအတွက် ဆန္ဒဖော်ထုတ်ကြတော့မယ့်အကြောင်း အဆိုပါ ကွင်းအလုပ်သမားများအစည်းအရုံးဥက္ကဌက အတည်ပြုလာခဲ့ပါပြီ။ စနေနေ့က အလုပ်သမားတစ်ဦးက လုပ်ငန်း ခွင်အတွင်း နှလုံးရောဂါဆိုးဆိုးဝါးဝါးဖောက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသလို (၂၃)နှစ်အရွယ်အလုပ်သမားတစ်ဦးဆို ရင်လည်း ပြုတ်ထွက်လာတဲ့ကြိုးရိုက်မိလို့ (၃၅)မီတာအမြင့်ကနေ ပြုတ်ကာသေဆုံးခဲ့ရပါတယ်။ “ အထွေထွေသပိတ်မှောက်ဖို့ရှိနေပါတယ်။ ဘယ်သူမှမမြင်ချင်ကြတဲ့ အရှိတရားတွေကို ပြသဖို့အတွက်ပေါ့။ အစိုး ရက ကွင်းတွေဘယ်လောက်ခမ်းနားနေသလဲဆိုတာကိုအလေးထားပြီး ဒါတွေကိုဖန်တီးပေးနေသူတွေကိုမေ့ထား သလိုဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့မှာ အလုပ်သမားအခွင့်အရေးရဖို့၊ အရှိတရားတွေကို ဖော်ထုတ်ဖို့ ဆန္ဒပြကြမှာ ပါ။ ကြိုးရိုက်မိခဲ့တဲ့ဖြစ်ရပ်မျိုးဟာ တကယ်လို့ လုံခြုံရေူးပညာရှင်တစ်ဦးရှိနေခဲ့မယ်ဆိုရင် ဖြစ်လာစရာမရှိပါဘူး”လို့ ကွင်းအလုပ်သမားများအစည်းအရုံးဥက္ကဌ ဆီဆာရိုကပ်စတော့ဒီယိုက ပြောခဲ့တာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.