အရသာ႐ွိတဲ့ Spaghettiကို အိမ္မွာ ကိုယ္တုိင္ လုပ္စားၾကမယ္…

Spaghetti ဆိုတာ အီတလီလူမ်ဳိးေတြကေန စတင္ဖန္တီးလိုက္တဲ့ ႐ိုးရာစားေသာက္ဖြယ္တစ္ခုျဖစ္ပါတယ္။ Pasta လိုပဲ Spaghetti ကိုလည္း ဂ်ဳံနဲ႔ျပဳလုပ္ထားတာျဖစ္ျပီး တစ္ခ်ဳိ ႔ဂ်ဳံံေတြဟာ ေကာင္းလြန္းလို႔ ဗီတာမင္ဓာတ္ေတာင္ျပည့္ဝေစတယ္လုိ႔သိရပါတယ္။ သူ႔ကို ခရမ္းခ်ဥ္သီးေဆာ့စ္ ၊ အသားေတြ (သုိ႔) အသီးရြက္ေတြနဲ႔ေရာျပီး စားသံုးၾကပါတယ္။

႐ုပ္႐ွင္ေတြ ေတာ္ေတာ္မ်ားမ်ားမွာလည္း Spaghetti လုပ္စားၾကတာေတြျမင္ဖူးမွာပါ။ သူ႔ရဲ႕ပံုစံေလးကလည္း စားခ်င္စဖြယ္ေလးေနာ္။ အျပင္မွာစားဖူးတယ္… ဒါေပမယ့္ ကိုယ္တုိင္အိမ္မွာလည္း လုပ္စားခ်င္တယ္ဆိုရင္ေတာ့ စာဖတ္သူမ်ားအတြက္ လြယ္ကူေစမယ့္ Spaghetti လုပ္နည္းကိုေျပာျပေပးသြားပါမယ္။ နည္းလမ္းေတြကေတာ့ အမ်ဳိးမ်ဳိး႐ွိပါတယ္။ ကိုယ္ၾကိဳက္တဲ့ အသီးရြက္ေတြ ထည့္ျပီးလုပ္ခ်င္တယ္ဆိုလည္း ရပါတယ္။ Spaghetti မွာေတာ့ အဓိကျပင္ဆင္ရမွာက Sauce တစ္ခုပါပဲ။
ကဲ ဒါဆို Sauce လုပ္ဖို႔အတြက္ ဘာအတြက္ လုိအပ္မလဲ ?

Sauce လုပ္ဖို႔အတြက္ လိုအပ္မယ့္ ပါဝင္ပစၥည္းေတြကေတာ့ –
– သံလြင္ဆီ လက္ဖက္ရည္ဇြန္း (၂)ဇြန္း
– ၾကက္သြန္နီအေသး ၂လံုး
– ၾကက္သြန္ျမိတ္ ၂
– ၾကက္သြန္ျဖဴ ၂
– ခရမ္းခ်ဥ္သီး ၂၈ေအာင္စ
– ပူစီနံအေျခာက္ လက္ဖက္ရည္ဇြန္း ၄ဇြန္း
– ဟင္းခတ္အေမႊးၾကိဳင္ ၄ဇြန္း
– သၾကားျဖဴ တစ္ဇြန္း
ေနာက္ျပီး ကိုယ္ၾကိဳက္ႏွစ္သက္ရာ အသားတစ္မ်ဳိးကိုလည္း ထည့္လိုရပါတယ္။
ဒါေတြအားလံုးျပည့္စံုသြားျပီဆိုရင္ေတာ့ စပါမယ္…

အိုးပူျပီဆို ဆီကိုအရင္ဆံုးထည့္မယ္။ ျပီးရင္ ၾကက္သြန္နီ ၊ ၾကက္သြန္ျမိတ္ ၊ ၾကက္သြန္ျဖဴ ကိုထည့္ျပီး ေမႊမယ္။

ေမႊျပီးရင္ အခြံႏႊာထားတဲ့ ခရမ္းခ်ဥ္သီးေတြကို ထည့္ပါမယ္။ သၾကား ၊ ပူစီနံေျခာက္ ၊
ဟင္းခတ္ အေမႊးၾကိဳင္တို႔ကို ထည့္ျပီး ထပ္ေမႊလိုက္ပါ။ ေနာက္ဆံုးအေနနဲ႔ ခရမ္းခ်ဥ္သီးအႏွစ္ကို ထည့္၊ ဆားျဖဴး ၊ ၾကိဳက္ႏွစ္သက္ရာအသားကိုထည့္ျပီး ခ်က္ပါ။ အသားလည္းႏူးျပီ အရသာလည္း အသင့္တင့္ျဖစ္ျပီဆိုရင္ေတာ့ ေခါက္ဆဲြနဲ႔ sauce ကိုေရာေမႊျပီး သံုးေဆာင္႐ံုပါပဲ။

ကဲ ဒါဆိုရင္ေတာ့ အနံ႔ေမႊးေမႊး အရသာ႐ွိတဲ့ Spaghetti တစ္ပဲြရပါျပီ။ ဘာမွမခက္ပါဘူး။ အိမ္မွာ သူငယ္ခ်င္းေတြနဲ႔စုျပီးပဲျဖစ္ျဖစ္ ၊ မိသားစုဝင္ေတြကိုျဖစ္ျဖစ္ ခ်က္ေကၽြးခ်င္တယ္ဆိုရင္ ဒီနည္းလမ္းေလးက သင့္ရဲ႕လက္တစ္ကမ္းအလိုမွာ႐ွိေနပါတယ္။ အရသာ႐ွိတဲ့ ဟင္းခ်က္နည္းေလးေတြ ဆက္လက္မွ်ေဝေပးသြားပါဦးမယ္….

(Unicode)

အရသာရှိတဲ့ Spaghettiကို အိမ်မှာ ကိုယ်တိုင် လုပ်စားကြမယ်…

Spaghetti ဆိုတာ အီတလီလူမျိုးတွေကနေ စတင်ဖန်တီးလိုက်တဲ့ ရိုးရာစားသောက်ဖွယ်တစ်ခုဖြစ်ပါတယ်။ Pasta လိုပါပဲ Spaghetti ကိုလည်း ဂျုံနဲ့ပြုလုပ်ထားတာဖြစ်ပြီး
တစ်ချို ့ဂျုံံတွေဟာ ကောင်းလွန်းလို့ ဗီတာမင်ဓာတ်တောင်ပြည့်ဝစေတယ်လို့သိရပါတယ်။ သူ့ကို ခရမ်းချဉ်သီးဆော့စ် ၊ အသားတွေ (သို့) အသီးရွက်တွေနဲ့ရောပြီး စားသုံးကြပါတယ်။

ရုပ်ရှင်တွေ တော်တော်များများမှာလည်း Spaghetti လုပ်စားကြတာတွေမြင်ဖူးမှာပါ။ သူ့ရဲ့ပုံစံလေးကလည်း စားချင်စဖွယ်လေးနော်။ အပြင်မှာစားဖူးတယ်… ဒါပေမယ့်
ကိုယ်တိုင်အိမ်မှာလည်း လုပ်စားချင်တယ်ဆိုရင်တော့ စာဖတ်သူများအတွက် လွယ်ကူစေမယ့် Spaghetti လုပ်နည်းကိုပြောပြပေးသွားပါမယ်။
Spaghetti မှာတော့ အဓိကပြင်ဆင်ရမှာက Sauce တစ်ခုပါပဲ။ ကဲ ဒါဆို Sauce လုပ်ဖို့အတွက် ဘာအတွက် လိုအပ်မလဲ ?

Sauce လုပ်ဖို့အတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ –
– သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂)ဇွန်း
– ကြက်သွန်နီအသေး ၂လုံး
– ကြက်သွန်မြိတ် ၂
– ကြက်သွန်ဖြူ ၂
– ခရမ်းချဉ်သီး ၂၈အောင်စ
– ပူစီနံအခြောက် လက်ဖက်ရည်ဇွန်း ၄ဇွန်း
– ဟင်းခတ်အမွှေးကြိုင် ၄ဇွန်း
– သကြားဖြူ တစ်ဇွန်း
နောက်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ အသားတစ်မျိုးကိုလည်း ထည့်လိုရပါတယ်။
ဒါတွေအားလုံးပြည့်စုံသွားပြီဆိုရင်တော့ စပါမယ်…
အိုးပူပြီဆို ဆီကိုအရင်ဆုံးထည့်မယ်။ ပြီးရင် ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်ဖြူ ကိုထည့်ပြီး မွှေမယ်။

မွှေပြီးရင် အခွံနွှာထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပါမယ်။ သကြား ၊ ပူစီနံခြောက် ၊ ဟင်းခတ် အမွှေးကြိုင်တို့ကို ထည့်ပြီး ထပ်မွှေလိုက်ပါ။
နောက်ဆုံးအနေနဲ့ ခရမ်းချဉ်သီးအနှစ်ကို ထည့်၊ ဆားဖြူး ၊ ကြိုက်နှစ်သက်ရာအသားကိုထည့်ပြီး ချက်ပါ။

ကဲ ဒါဆိုရင်တော့ အနံ့မွှေးမွှေး အရသာရှိတဲ့ Spaghetti တစ်ပွဲရပါပြီ။ လိုအပ်တဲ့အရသာလေးတွေတော့ ကိုယ့်ဘာသာမြည်းရင်းထည့်ဖြည့်ပေါ့။ ဘာမှမခက်ပါဘူး။
အိမ်မှာ သူငယ်ချင်းတွေနဲ့စုပြီးပဲဖြစ်ဖြစ် ၊ မိသားစုဝင်တွေကိုဖြစ်ဖြစ် ချက်ကျွေးချင်တယ်ဆိုရင် ဒီနည်းလမ်းလေးက သင့်ရဲ့လက်တစ်ကမ်းအလိုမှာရှိနေပါတယ်။
အရသာရှိတဲ့ ဟင်းချက်နည်းလေးတွေ ဆက်လက်မျှဝေပေးသွားပါဦးမယ်….

74 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.