ခ်စ္သူသက္တမ္း ၂ႏွစ္ေက်ာ္အၾကာမွာ လမ္းခြဲလိုက္ၾကျပီျဖစ္တဲ႔ Seo In Guk နဲ႔ Park Bo Ram

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္အႏုပညာရွင္မင္းသားျဖစ္တဲ႔ Seo In Guk နဲ႔ နာမည္ေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ႔ Park Bo Ram တုိ႔လမ္းခြဲျပတ္စဲလိုက္ၾကျပီ လို႔ ျပည္ပမီဒီယာ တစ္ခုကေန ေမလ ၂၃ရက္ေန႔က ေဖာ္ျပခဲ႔ပါတယ္။သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၆ ဒီဇင္ဘာမွာ စတင္လက္တြဲခဲ႔ၾကတာျဖစ္ျပီး ၂၀၁၇ ဒီဇင္ဘာမွာ ပရိသတ္ေတြကုိ အသိေပး အတည္ျပဳခဲ႔ၾကတာျဖစ္ပါတယ္။

၂ႏွစ္ၾကာလက္တြဲခဲ႔ၾကေပမဲ႔စိတ္သေဘာထားခ်င္းမတိုက္ဆိုင္တာေၾကာင့္ေရာ၊ႏွစ္ေယာက္သားေတြ႔ဆံုဖို႔မအားလပ္တာရယ္ေၾကာင့္ေရာ လမ္းခြဲဖုိ႔ဆံုးျဖတ္ခဲ႔ၾကတာျဖစ္ပါတယ္။သူတို႔ရဲ ႔ေအဂ်င္စီကလည္း “Seo In Guk နဲ႔ Park Bo Ram တို႔က လမ္းခြဲျပတ္စဲေၾကာင္းမေၾကညာခင္ လြန္ခဲ႔တဲ႔တစ္လေလာက္ကတည္းက မေတြ႔ျဖစ္ၾကေတာ့တာ၊မဆက္သြယ္ၾကေတာ့ တာျဖစ္ပါတယ္”လို႔အတည္ျပဳေျပာၾကားခဲ႔ပါတယ္။

သူတို႔စံုတြဲဟာ “Superstar K” အစီအစဥ္မွာေတြ႔ဆံုခဲ႔ၾကတာျဖစ္ပါတယ္။ေနာက္ပုိင္းမွာေတာ့ Seo In Guk ဟာ သရုပ္ေဆာင္ေလာကဘက္ကိုကူးေျပာင္းခဲ႔ျပီး Shopping King Louie ၊ Master’s Sun ၊ Hello Monster ၊ 38 Revenue Collection Unit ၊ The King’s Face ၊ Oh My Ghost ၊ Reply 1994 ၊Reply 1997 စတဲ့ဇာတ္လမ္းတြဲေတြနဲ႔ မိန္းကေလးပရိသတ္ ေတြၾကားေရပန္းစားေအာင္ျမင္ခဲ႔တဲ့မင္းသားတစ္လက္ျဖစ္လာခဲ့ျပီး လက္ရွိမွာေတာ့ “100 Million Stars from the Sky” ဇာတ္ကားမွာပါ၀င္သရုပ္ေဆာင္မယ္ လို႔သိရပါတယ္။ဒါက Shopping King ရုိက္ကူးျပီး ၂ႏွစ္ၾကာမွ ပထမဆံုးျပန္လည္ရုိက္ကူးတဲ႔ ရုပ္ရွင္ကား လည္းျဖစ္ပါတယ္။ Park Bo Ram ဟာလည္း အခုဆိုရင္ ေအာင္ျမင္ေနတဲ့အဆိုေတာ္ တစ္လက္ျဖစ္ေနပါျပီ။

ခ်စ္စရာစံုတြဲေလးအျဖစ္ပရိသတ္ေတြကသေဘာတူသတ္မွတ္ထားတဲ႔အတြက္ သူတို႔ႏွစ္ေယာက္ လမ္းခြဲျပတ္စဲမႈကိုၾကားျပီး စိတ္မေကာင္းျဖစ္ေနၾကတယ္လို႔လည္းသိရပါတယ္။

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အနုပညာရှင်မင်းသားဖြစ်တဲ့ Seo In Guk နဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Park Bo Ram တို့လမ်းခွဲပြတ်စဲလိုက်ကြပြီ လို့ ပြည်ပမီဒီယာ တစ်ခုကနေ မေလ ၂၃ရက်နေ့က ဖော်ပြခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ၂၀၁၆ ဒီဇင်ဘာမှာ စတင်လက်တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာမှာ ပရိသတ်တွေကို အသိပေး အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

၂နှစ်ကြာလက်တွဲခဲ့ကြပေမဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်တာကြောင့်ရော၊နှစ်ယောက်သားတွေ့ဆုံဖို့မအားလပ်တာရယ်ကြောင့်ရော လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ ့အေဂျင်စီကလည်း “Seo In Guk နဲ့ Park Bo Ram တို့က လမ်းခွဲပြတ်စဲကြောင်းမကြေညာခင် လွန်ခဲ့တဲ့တစ်လလောက်ကတည်းက မတွေ့ဖြစ်ကြတော့တာ၊မဆက်သွယ်ကြတော့ တာဖြစ်ပါတယ်”လို့အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့စုံတွဲဟာ “Superstar K” အစီအစဉ်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Seo In Guk ဟာ သရုပ်ဆောင်လောကဘက်ကိုကူးပြောင်းခဲ့ပြီး Shopping King Louie ၊ Master’s Sun ၊ Hello Monster ၊ 38 Revenue Collection Unit ၊ The King’s Face ၊ Oh My Ghost ၊ Reply 1994 ၊Reply 1997 စတဲ့ဇာတ်လမ်းတွဲတွေနဲ့ မိန်းကလေးပရိသတ် တွေကြားရေပန်းစားအောင်မြင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပြီး လက်ရှိမှာတော့ “100 Million Stars from the Sky” ဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ် လို့သိရပါတယ်။ဒါက Shopping King ရိုက်ကူးပြီး ၂နှစ်ကြာမှ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ Park Bo Ram ဟာလည်း အခုဆိုရင် အောင်မြင်နေတဲ့အဆိုတော် တစ်လက်ဖြစ်နေပါပြီ။

ချစ်စရာစုံတွဲလေးအဖြစ်ပရိသတ်တွေကသဘောတူသတ်မှတ်ထားတဲ့အတွက် သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲမှုကိုကြားပြီး စိတ်မကောင်းဖြစ်နေကြတယ်လို့လည်းသိရပါတယ်။

88 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.