သူတို့စုံတွဲရဲ့ အချစ်ပန်းစပွင့်ခဲ့တဲ့ နေရာလေးမှာ အမှတ်တရရုပ်ထုလေးပုံဖော်ထားတယ်ဆိုတာ သင်သိပါသလား?
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့အချစ်တော်မင်းသမီးချောလေး အွန်စော (ဆောင်းဟေကျို)နဲ့ မင်းသားချော ဆောင်ဂျွန်ကီတို့ရဲ ့မင်္ဂလာပွဲက ပြီးဆုံးလို့ နှစ်ဝက်တောင်ရောက်နေပြီဆိုပေမဲ့ သူတို့ကိုချစ်တဲ ့ပရိသတ်တွေကတော့ အဆက်မပြတ်ကိုသူတို့နဲ့ပတ်သက်တဲ့သတင်းတွေရှာ ဖွေစုဆောင်းပြီးအင်တာနက်ပေါ်တင်ပေးလေ့ရှိပါတယ်။ဒါပေမဲ့ မင်္ဂလာပွဲသတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေ သိသေးမယ်မထင်တဲ့ ချစ်စရာကောင်းတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။
ပရိသတ်တွေလည်းသိကြမှာပါ။သူတို့နှစ်ယောက်ရဲ ့“Descendants of The Sun” ဇာတ်လမ်းတွဲဟာ အရမ်းအောင်မြင်ခဲ့တာဖြစ်သလို ရိုက်ကူးရေးလုပ်ခဲ့တဲ့ တည်နေရာ Gangwon ပြည်နယ်ဟာလည်းနာမည်ကျော်ကြားခဲ့ပြီးခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။Gangwon ပြည်နယ်၊Taebaek မြို့လေးမှာရှိတဲ့ မိုင်းတွင်းဟောင်းတစ်ခုဟာ သူတို့နှစ်ယောက်ရဲ ့အချစ်ဇာတ်လမ်းစတင်ခဲ့တာဖြစ်တဲ့အတွက် မြို့သူမြို့သားတွေဟာ ဒီလိုမျိုးအမှတ်တရတွေ ၊ပျော်ရွှင်စရာတွေအပြည့်ရှိတဲ့ရိုက်ကူးရေးနေရာလေးမှာ ပန်းခြံလေးတစ်ခုဆောက်လုပ်ခဲ့ပါတယ်။
ပန်းခြံကို Urk ဘုရားကျောင်းအနီးဆောက်လုပ်ခဲ့တာဖြစ်ပြီး ဇာတ်ဝင်ခန်းတစ်ခုက Song-Song couple အနမ်းပေးနေတဲ့ပုံကို ရုပ်ထုအဖြစ်ပုံဖော်ခဲ့ကြပါတယ်တဲ့။ သူတို့မင်္ဂလာဆောင်တော့မယ် လို့မကြေညာခင်တစ်လလောက်မှာ ပန်းခြံလေးက ပြီးဆုံးသွားတာဖြစ်ပါတယ်။
အောက်တိုဘာ ၃၁ရက်၊မင်္ဂလာပွဲကျင်းပတော့မယ်လို့ကြေညာခဲ့တဲ့အချိန်မှာတော့ Taebaek ကမြို့သူမြို့သားတွေက သူတို့စုံတွဲရဲ့အမှတ်တရနေရာဖြစ်တဲ့ Gangwon ဒေသ၊ပန်းခြံလေးမှာ မင်္ဂလာပွဲကျင်းပဖို့ မျှော်လင့်ခဲ့ပြီး တာဝန်ရှိသူတွေက Song Song စုံတွဲရဲ ့အေဂျင်စီ Blossom Entertainment ကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး “သူနဲ့မြို့သူမြို့သား အယောက် ၅၀၀၀၀ ဟာ သူတို့စုံတွဲအချစ်ဇာတ်လမ်းစတင်ခဲ့တဲ့နေရာ၊ရိုက်ကူးရေးနေရာလေးဖြစ်တဲ့ပန်းခြံမှာမင်္ဂလာပွဲကျင်းပဖို့ မျှော်လင့်မိပါတယ်”ဆိုပြီး သူတို့ရဲ ့ဆန္ဒကို တောင်းဆိုခဲ့ပါတယ်တဲ့။ဒါ့အပြင်မင်္ဂလာပွဲနဲ ့ပတ်သက်တဲ့ကိစ္စအဝဝကိုတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်းတရားဝင်နဲ့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ဘယ်လိုတောင်သူတို့စုံတွဲကိုချစ်ကြတာလဲနော် <3
အောက်တိုဘာ ၃၁ရက်နေ့ကတော့ Song Song စုံတွဲလေးဟာ ဆိုးလ်မြို့၊ရှီလာဟိုတယ်မှာ အထူးဧည့်သည်တွေကိုဖိတ်ကြားခဲ့ပြီးမင်္ဂလာပွဲကိုစည်ကားသိုက်မြိုက်စွာကျငး်ပခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေအတွက် အလွမ်းပြေမင်္ဂလာပွဲပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.