ခရီးသွားရင်း ချစ်စရာဟိုတယ်လေးတွေမှာတည်းကြမယ်
၁။Attrap’Rêves
၂။The Manta Resort
၎။Jumbo Stay
ရဲ့ အကြိုက်ပါပဲ။
၇။Free Spirit Spheres
Unicode
ခရီးထွက်ပြီဆိုရင်ဖြင့် နေရာကောင်းကောင်းလေးမှာတည်းရဖို့လိုအပ်သလို ဓာတ်ပုံလှလှလေး ရိုက်လို့ရမယ့်နေရာမျိုးရွေးတတ်ဖို့လည်းလိုအပ်ပါသေးတယ်။ဒီထက်ပိုုပြီးဆန်းဆန်းပြားပြား စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ ဒီဟိုတယ်လေးတွေရှိတဲ့နေရာကိုသိထားဖို့လိုပါပြီ။တစ်ညတည်း တည်းရုံနဲ့ စွန့်စားခန်းခရီးထွက်ရသလို ခံစားချက်မျိုးပေးစွမ်းနိုင်တယ်လို့တောင် ခရီးသွား ဧည့်သည်တွေက အာမခံထားကြတာပါ။ဘယ်နိုင်ငံရဲ ့ဘယ်လိုဟိုတယ်လေးတွေ လည်းဆိုတာကြည့်လိုက်ရအောင်။
၁။Attrap’Rêves
ပြင်သစ်နိုင်ငံ၊Alpes-de-Haute ပြည်နယ်ထဲကဟိုတယ်လေးပါ။ဘောလုံးလို ၀ိုင်းဝိုင်း ကြည်ကြည်လေးထဲမှာတစ်ညလောက်တည်းရတဲ့အရသာက ဘယ်လိုပြောရမလဲဆိုရင်… ဒီမှာတည်းမယ်ဆိုရင် သဘာဝအလင်းရောင်ကိုလည်းမြင်တွေ့ရသလို ညအချိန်ပိုးမွှား အင်းဆက်တွေရန်ကလည်းအပြည့်ကာကွယ်ပေးနိုင်ပါတယ်။ကြယ်တွေအောက်မှာအိပ်ရသလို ခံစားရနိုင်မယ့်ဘောလုံးဟိုတယ်မှာ တည်းမယ်ဆိုရင် ယူရို ၁၃၉ (မြန်မာငွေ
၂၂၁၄၉၂.၈၇ ကျပ်)ကစပြီး ကျသင့်ငွေရှိပါတယ်တဲ့။
၂။The Manta Resort
အာဖရိကအရှေ့ဘက်ခြမ်း၊Pemba Island ကျွန်းက အပန်းဖြေဟိုတယ်ကတော့ ရေအောက်အလှအပတွေကိုတစ်ဝကြီးခံစားကြည့်ရှုရမယ့်ဟိုတယ်ပါ။ရေအောက် အနက် ၂၅ဝမီတာမှာ အခန်းလည်းရှိပြီး အဲ့ဒီကနေပင်လယ်ရှုခင်းကိုခံစားနိုင်ပါတယ်။ရေအောက် ပင်လယ်အခန်းမှာတည်းမယ်ဆိုရင်တော့ တစ်ညကိုယူရိုု ၁ဝဝဝပါ။တစ်ခြားအခန်းတွေကတော့ ယူရို ၄၀၅ နီးပါးရှိပါတယ်။
၃။Arctic TreeHouse Hotel
Finland နိုင်ငံ၊Rovaniemi ပြည်နယ်မှာရှိတဲ့ ဒီဟိုတယ်ကတော့ ခေတ်မီအသုံးအဆောင် ပစ္စည်းတွေနဲ့ဆင်ယင်ထားတဲ့ဟိုတယ်လေးပါ။ရေခဲတွေဖုံးလွှမ်းနေတဲ့အတွက်် အေးမြလန်းဆန်းတဲ့အရသာကိုအပြည့်အဝခံစားရမှာဖြစ်သလို ဆန်တာကလေ့ာစ်ရဲ ့ရွာလေးကိုလည်းသွားလည်နိုင်ပါတယ်တဲ့။ဒီမှာတည်းမယ်ဆိုရင်တော့ ၂ညကို ယူရို ၈၅၀ ကျသင့်မှာဖြစ်ပါတယ်။
၄။Jumbo Stay
Stockholm ပြည်နယ်၊ Sweden နိုင်ငံမှာရှိတဲ့ ဒီဟိုတယ်ကတော့ ထူးထူးခြားခြား လေယာဉ်ပုံစံတည်ဆောက်ထားတာပါ။Stockholm လေဆိပ်မှာတည်ရှိပြီး အခန်း ၂၉ခန်းပါရှိပါတယ်။စျေးအကြီးဆုံးနဲ့အကောင်းဆုံးအခန်းကတော့ လေယာဉ်မှူးရဲ ့အိပ်ခန်းငယ်လေးထဲမှာပါပဲ။တစ်ညတည်းခကတော့ ယူရို ၁၃၆ ပါ။စားသောက်ဆိုင် လည်းပါဝင်တာကြောင့် လေယာဉ်ပေါ်ကဆင်းပြီး အိမ်ပြန်အနားမယူချင်သေးတဲ့သူတွေ
ရဲ ့အကြိုက်ပါပဲ။
၅။Skylodge Adventure Suites
Peru နိုင်ငံ၊Urubamba ပြည်နယ်က ဟိုတယ်လေးတွေကတော့ ပုံမှာမြင်တဲ့အတိုင်း အသည်းယားစရာလေးတွေပါ။အခန်း ၃ခန်းကန့်ထားပြီးSacred တောင်ကြားရဲ ့မြေပြင်အထက် ၁၂ဝမီတာမှာတည်ရှိပါတယ်။တောင်တန်းအလှတွေမြင်တွေ့နိုင်သလို အသည်းယားစရာ ခံစားချက်မျိုးလည်းရရှိမှာမလွဲပါပဲ။ဒီမှာတည်းတာက စွန့်စားခန်းထွက်နေရသလိုပါပဲနော်။ တစ်ညတည်းမယ်ဆိုရင်တော့ တစ်ညကို ယူရို ၂ရဝပါတဲ့။
၆။Inntel Amsterdam Zaandam
Netherlandsနိုင်ငံ၊Amsterdam မြို့ကတော့ခရီးသွားတွေအကြိုက်ပါပဲ။ခေတ်မီဒီဇိုင်းတွေ အစုံအလင်တွေ့နိုင်သလိုပျော်ရွှင်စရာတွေများပြားတဲ့မြို့လေးတစ်မြို့ပါ။ဒီဟိုတယ်မှာ တော့ အိ်မ်အလုံးရဝနီးပါးရှိပါတယ်တဲ့။အရောင်စုံပြီးချစ်ဖို့ကောင်းတဲ့ဟိုတယ်လေးနော်။ဒီမှာတစ်ညတည်းမယ်ဆိုရင်ယူရို ၁၃ဝပါတဲ့။
၇။Free Spirit Spheres
Canada နိုင်ငံ၊Vancouver Island ကျွန်းမှာရှိတဲ့ ဒီဟိုတယ်လေးကတော့ ပြောဖို့တောင် မလိုတော့ပါဘူး။ သဘာဝတောရိပ်အောက်မှာအနားယူရမှာဖြစ်ပြီးလတ်ဆတ်တဲ့လေထုလည်း ကောင်းကောင်းရမှာပါ။သစ်ပင်မှာချိတ်ဆက်ဆောက်လုပ်ထားတာဖြစ်ပြီး တကယ့်ကို ငြိမ့်ညောင်းတိတ်ဆိတ်တဲ့ခံစားချက်မျိုးပေးစွမး်နိုင်ပါလိ့မ်မယ်။အေးအေးဆေးဆေးအနားယူချင်တဲ့သူနဲ့ အံကိုက်ပါပဲ။ဒီမှာ တစ်ညတည်းခကတော့ ယူရို ၁၅၅ ပါတဲ့။
ဒီနိုင်ငံတွေကိုအလည်အပတ်ရောက်တဲ့အခါ ဒီလိုချစ်စရာစိတ်လှုပ်ရှားစရာ ဟိုတယ်လေးတွေမှာတည်းဖို့မမေ့နဲ့နော်။
240 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.