သင္နားလည္လက္ခံထားတဲ႔အခ်စ္စစ္ဆိုတာ ဘယ္လိုမ်ားလဲ ?

ထာ၀ရတည္ရွိေနမယ့္အထိမ္းအမွတ္ေက်ာက္တိုင္တစ္ခုတည္ေဆာက္ေပးခ်င္ေလာက္ေအာင္ ခ်စ္ခင္ျမတ္ႏုိးရတဲ႔တစ္စံုတစ္ေယာက္သင့္မွာရွိပါသလား?တကယ့္လက္ေတြ႔ဘ၀ထဲမွာ အဲ႔ဒီလုိလူမ်ိဳးတစ္ေယာက္ေတာ့ရွိပါတယ္။နာမည္ေက်ာ္ကဗ်ာစာေပေလ့လာသူတစ္ေယာက္ျဖစ္တဲ႔ အေမရိကန္သူHelen Fisher ကေတာ့ အခ်စ္ဆုိတဲ႔ေခါင္းစဥ္ကုိ ေလ့လာခဲ႔ျပီး သူမကပဲ Mayan King တစ္ေယာက္ျဖစ္တဲ႔ Hasaw ChanK’awilဆုိသူအမ်ိဳးသားတစ္ေယာက္အေၾကာင္း ေျပာျပခဲ႔ပါတယ္။

ဘုရင္ Hasaw Chan K’awil ဟာ လြန္ခဲ႔တဲ႔ ေထာင္စုႏွစ္လယ္ပုိင္းေလာက္က အခု Guatemala အျဖစ္လူသိမ်ားတဲ႔ေနရာမွာ သူ႔ရဲ ႔ခ်စ္လွစြာေသာဇနီးအတြက္ ဘုရားေက်ာင္းတစ္ခု
ကုိတည္ေဆာက္ခဲ႔ပါတယ္။ဇနီးျဖစ္သူက သူ႔ထက္အရင္ဆံုးပါးသြားခဲ႔တာျဖစ္ျပီးေအာက္ေမ့ သတိရတဲ႔အတြက္ အမွတ္တရအထိမ္းအမွတ္အျဖစ္ဘုရားေက်ာင္းတည္ေဆာက္ ခဲ႔တာျဖစ္ပါတယ္။ေနာက္ပုိင္းမွာ ဘုရင္ Hasaw Chan K’awil က သူ႔ရဲ ႔ကုိယ္ပုိင္ဘုရား ေက်ာင္းကုိဇနီးျဖစ္သူရဲ ႔ဘုရားေက်ာင္းေဆာင္နဲ႔မ်က္ႏွာခ်င္းဆိုင္တည္ေဆာက္ ခဲ႔ပါတယ္။အခုဆိုရင္ သူတို႔ႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ထာ၀ရျမင္ေတြ႔ေနရပါျပီတဲ႔။

Helen Fisher ဟာ ဒီအေၾကာင္းကုိေရးသားျပဳစုခဲ႔ျပီး အခ်စ္စစ္ဆိုတာ တကယ္ရွိေၾကာင္းကုိ သက္ေသျပခဲ႔တာျဖစ္ပါတယ္။လူသားတုိင္းဟာ အသက္ရွင္ဖုိ႔နဲ႔ တုိးတက္ၾကီးပြားဖုိ႔အတြက္ အခ်စ္ကုိလိုအပ္ပါတယ္လုိ႔ေျပာထားပါတယ္။သူ႔မရဲ ႔အဆိုအရ အခ်စ္ဆိုတာ ဖန္တီးမႈအရင္းအျမစ္
တစ္ခု၊ဖန္တီးမႈဆုိင္ရာလုပ္ငန္းေတြအတြက္လိုအပ္ခ်က္တစ္ခုပါတဲ႔။ဘာလို႔လဲဆုိေတာ့ လူအမ်ားစုဟာ အခ်စ္အတြက္ေၾကာင့္ပဲ သီခ်င္းေတြဆိုၾကတယ္၊ေပ်ာ္ရႊင္ကခုန္ၾကတယ္၊ သီခ်င္းေတြဖန္တီးၾကတယ္။အခ်စ္နဲ႔ပတ္သက္ျပီးဒဏၰာရီေတြ၊ေရွးရိုးစကားေတြလည္းအမ်ားၾကီးရွိခဲ႔ပါတယ္။အခ်စ္စစ္မွာ အလွတရားေတြအားလံုးပါ၀င္သလို နာက်င္မႈေတြလည္းပါ၀င္နုိင္ပါတယ္။

တကယ္ေတာ့ အခ်စ္ဆိုတဲ႔အရာက နာက်င္ေစတာမဟုတ္ပါဘူး။အခ်စ္ကုိဆံုးရွံဳးလုိက္ရတာကသာ နာက်င္ရတာပါ။အခ်စ္ကုိဆံုးရွံဳးလုိက္ရတဲ႔အခါႏွလံုးသားထဲကနာက်င္လာျပီး လက္ေတြ႔ ခႏၶာကုိယ္ထဲက ႏွလံုးသားကိုပါတိုက္ရုိက္ဆက္သြယ္နာက်င္လာေစပါတယ္။ အခ်စ္ကုိဆံုးရွံဳးလုိက္ရတဲ႔အခါစိတ္ပုိင္းဆိုင္ရာတင္မက ရုပ္ပုိင္းဆုိင္ရာေတြပါထိခိုက္လာေစတာပါ။

ဒီလုိနာက်င္စရာေတြ၊၀မ္းနည္းစရာေတြရွိတဲ႔အခ်စ္ဆိုေပမဲ႔လည္း လူသားတုိင္းက Julia Robert ရဲ ႔ဇာတ္ေကာင္ Shelby ေျပာတဲ႔စကားကုိလက္ခံသေဘာတူေနဆဲ႔ပါ။သူမ ဘာေျပာခဲ႔တာလဲ ဆုိေတာ့ “ဘာထူးျခားတဲ႔ခံစားခ်က္မွမရွိပဲတစ္ဘ၀လံုးေနရမွာထက္ အံ့ၾသဆန္းၾကယ္မႈေတြ ျပည့္ႏွက္ေနတဲ႔မိနစ္သံုးဆယ္စာပဲပိုျပီးလုိခ်င္တယ္”လုိ႔ေျပာခဲ႔တာပါ။လူတစ္ေယာက္ကုိခ်စ္မိသြားတဲ႔အခါမွာ ရပ္တန္႔လို႔မရတဲ႔လက္ေဆာင္တစ္ခုရလိုက္သလိုပါပဲ။ေပ်ာ္ရႊင္ရမယ္၊ ကံေကာင္းမႈေတြ ခံစားရမယ္၊တစ္ကမာၻလံုးမွာအေပ်ာ္ရႊင္ဆံုးလူတစ္ေယာက္လုိခံစားခ်က္မ်ိဳးရမယ္၊လံုျခံဳမႈနဲ႔ဘယ္ေတာ့မွ လက္မလႊတ္လိုက္ခ်င္တဲ႔ေႏြးေထြးမႈေတြရစ္ပတ္ေနတာကုိခံစားရပါလိမ့္မယ္။

တကယ္လို႔မ်ား သင္က တစ္စံုတစ္ေယာက္ခ်စ္တယ္ဆုိပါစို႔၊သူ႔ကုိလည္းဖြင့္ေျပာျပီး သူမကလည္း သင့္ကုိခ်စ္တယ္ဆိုရင္ သင့္ဆီမွာျဖစ္ေပၚေနတဲ႔ခံစားခ်က္ေတြ၊ေႏြးေထြးမႈေတြကုိ ေ၀မ်ွလိုက္ပါ။သူမ (သူ)က သင့္အေပၚဘယ္ေလာက္ထိလႊမ္းမိုးႏုိင္လဲဆိုတာေျပာျပလိုက္ပါ။သင့္ခံစားခ်က္ေတြကုိ ရုိးသားမႈရွိပါ။

အခ်စ္ဆိုတဲ႔ေခါင္းစဥ္နဲ႔ပတ္သက္လာရင္ ဒီအခ်က္ကအေရးၾကီးဆံုးပါပဲ။ သင့္ရဲ႔ခံစားခ်က္ အစစ္အမွန္ေတြကုိသင္ခ်စ္တဲ႔သူေတြဆီကုိ ရိုးသားစြာဖြင့္ေျပာပါ။သင့္ရဲ ႔တကယ့္ႏွလံုးသားထဲက စိတ္ရင္းစိတ္မွန္က ဘာလဲဆိုတာေျပာျပပါ။သင့္ကုိဘာကေပ်ာ္ရႊင္ေစျပီးဘာက ၀မ္းနည္းေစလဲဆိုတာ ကုိ ေျပာျပပါ။တစ္ခါတစ္ေလ အခ်စ္ဆိုတာ ေၾကာက္ဖုိ႔ေကာင္းတယ္ လို႔ခံစားရပါလိမ့္မယ္။ဘာလို႔လဲဆုိေတာ့ ခံစားခ်က္အစစ္အမွန္ေတြကုိ ခ်စ္တဲ႔သူကုိဖြင့္ေျပာရတာ ကိုယ့္ကုိယ္ကုိယ္ထိခိုက္နာက်င္ေအာင္လုပ္မိေနသလုိျဖစ္လို႔ပါပဲတဲ႔။ဒါေပမဲ႔ မမွန္ကန္တဲ႔ခံစားခ်က္
ေတြကို ေျပာျပရင္လည္းနာက်င္ရမွာပါပဲ။ကုိယ့္ခံစားခ်က္ကိုယ္အသိဆံုးျဖစ္ေနလို႔ပါ။

အဲ႔ဒါေၾကာင့္ တစ္စံုတစ္ေယာက္ကုိ အခ်စ္စစ္နဲ႔ခ်စ္မိသြားတဲ႔အခါ သင့္ခံစားခ်က္ေတြ အေပၚရိုးသားပါ။ခံစားခ်က္အစစ္အမွန္ေတြကုိဖြင့္ေျပာျပပါ။အခ်စ္ဆုိတဲ႔ေခါင္းစဥ္ေအာက္မွာ သင့္ကိုယ္သင္စီးေမ်ာခြင့္ေပးလုိက္ပါ။ျပီးေတာ့ အသက္ရွင္သန္ေနထုိင္ရျခင္းေတြထဲမွာ အေကာင္းဆံုးအေတြ႔အၾကံဳတစ္ခုအျဖစ္ခံစားေပ်ာ္ရႊင္လိုက္ပါ။

အခ်စ္စစ္ဆိုတာ လွပတဲ႔အရာတစ္ခုပါ။အဆံုးသတ္လွပသည္ျဖစ္ေစ၊မလွပသည္ျဖစ္ေစ အခ်စ္စစ္ဆိုတာကုိခံစားပုိင္ဆိုင္ေနရတဲ႔အခ်ိန္မွာ ဘ၀ရဲ႔ အလွပဆံုး အစိတ္အပိုင္းတစ္ခု အျဖစ္ေဆးျခယ္နုိင္ၾကပါေစလုိ႔…

Unicode

ထာဝရတည်ရှိနေမယ့်အထိမ်းအမှတ်ကျောက်တိုင်တစ်ခုတည်ဆောက်ပေးချင်လောက်အောင် ချစ်ခင်မြတ်နိုးရတဲ့တစ်စုံတစ်ယောက်သင့်မှာရှိပါသလား?တကယ့်လက်တွေ့ဘဝထဲမှာ အဲ့ဒီလိုလူမျိုးတစ်ယောက်တော့ရှိပါတယ်။နာမည်ကျော်ကဗျာစာပေလေ့လာသူတစ်ယောက်ဖြစ်တဲ့ အမေရိကန်သူHelen Fisher ကတော့ အချစ်ဆိုတဲ့ခေါင်းစဉ်ကို လေ့လာခဲ့ပြီး သူမကပဲ Mayan King တစ်ယောက်ဖြစ်တဲ့ Hasaw ChanK’awilဆိုသူအမျိုးသားတစ်ယောက်အကြောင်း ပြောပြခဲ့ပါတယ်။

ဘုရင် Hasaw Chan K’awil ဟာ လွန်ခဲ့တဲ့ ထောင်စုနှစ်လယ်ပိုင်းလောက်က အခု Guatemala အဖြစ်လူသိများတဲ့နေရာမှာ သူ့ရဲ ့ချစ်လှစွာသောဇနီးအတွက် ဘုရားကျောင်းတစ်ခု
ကိုတည်ဆောက်ခဲ့ပါတယ်။ဇနီးဖြစ်သူက သူ့ထက်အရင်ဆုံးပါးသွားခဲ့တာဖြစ်ပြီးအောက်မေ့ သတိရတဲ့အတွက် အမှတ်တရအထိမ်းအမှတ်အဖြစ်ဘုရားကျောင်းတည်ဆောက် ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ ဘုရင် Hasaw Chan K’awil က သူ့ရဲ ့ကိုယ်ပိုင်ဘုရား ကျောင်းကိုဇနီးဖြစ်သူရဲ ့ဘုရားကျောင်းဆောင်နဲ့မျက်နှာချင်းဆိုင်တည်ဆောက် ခဲ့ပါတယ်။အခုဆိုရင် သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ထာဝရမြင်တွေ့နေရပါပြီတဲ့။

Helen Fisher ဟာ ဒီအကြောင်းကိုရေးသားပြုစုခဲ့ပြီး အချစ်စစ်ဆိုတာ တကယ်ရှိကြောင်းကို သက်သေပြခဲ့တာဖြစ်ပါတယ်။လူသားတိုင်းဟာ အသက်ရှင်ဖို့နဲ့ တိုးတက်ကြီးပွားဖို့အတွက် အချစ်ကိုလိုအပ်ပါတယ်လို့ပြောထားပါတယ်။သူ့မရဲ ့အဆိုအရ အချစ်ဆိုတာ ဖန်တီးမှုအရင်းအမြစ်
တစ်ခု၊ဖန်တီးမှုဆိုင်ရာလုပ်ငန်းတွေအတွက်လိုအပ်ချက်တစ်ခုပါတဲ့။ဘာလို့လဲဆိုတော့ လူအများစုဟာ အချစ်အတွက်ကြောင့်ပဲ သီချင်းတွေဆိုကြတယ်၊ပျော်ရွှင်ကခုန်ကြတယ်၊ သီချင်းတွေဖန်တီးကြတယ်။အချစ်နဲ့ပတ်သက်ပြီးဒဏ္ဏာရီတွေ၊ရှေးရိုးစကားတွေလည်းအများကြီးရှိခဲ့ပါတယ်။အချစ်စစ်မှာ အလှတရားတွေအားလုံးပါဝင်သလို နာကျင်မှုတွေလည်းပါဝင်နိုင်ပါတယ်။

တကယ်တော့ အချစ်ဆိုတဲ့အရာက နာကျင်စေတာမဟုတ်ပါဘူး။အချစ်ကိုဆုံးရှုံးလိုက်ရတာကသာ နာကျင်ရတာပါ။အချစ်ကိုဆုံးရှုံးလိုက်ရတဲ့အခါနှလုံးသားထဲကနာကျင်လာပြီး လက်တွေ့ ခန္ဓာကိုယ်ထဲက နှလုံးသားကိုပါတိုက်ရိုက်ဆက်သွယ်နာကျင်လာစေပါတယ်။ အချစ်ကိုဆုံးရှုံးလိုက်ရတဲ့အခါစိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာတွေပါထိခိုက်လာစေတာပါ။

ဒီလိုနာကျင်စရာတွေ၊ဝမ်းနည်းစရာတွေရှိတဲ့အချစ်ဆိုပေမဲ့လည်း လူသားတိုင်းက Julia Robert ရဲ ့ဇာတ်ကောင် Shelby ပြောတဲ့စကားကိုလက်ခံသဘောတူနေဆဲ့ပါ။သူမ ဘာပြောခဲ့တာလဲ ဆိုတော့ “ဘာထူးခြားတဲ့ခံစားချက်မှမရှိပဲတစ်ဘဝလုံးနေရမှာထက် အံ့သြဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့မိနစ်သုံးဆယ်စာပဲပိုပြီးလိုချင်တယ်”လို့ပြောခဲ့တာပါ။လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါမှာ ရပ်တန့်လို့မရတဲ့လက်ဆောင်တစ်ခုရလိုက်သလိုပါပဲ။ပျော်ရွှင်ရမယ်၊ ကံကောင်းမှုတွေ ခံစားရမယ်၊တစ်ကမ္ဘာလုံးမှာအပျော်ရွှင်ဆုံးလူတစ်ယောက်လိုခံစားချက်မျိုးရမယ်၊လုံခြုံမှုနဲ့ဘယ်တော့မှ လက်မလွှတ်လိုက်ချင်တဲ့နွေးထွေးမှုတွေရစ်ပတ်နေတာကိုခံစားရပါလိမ့်မယ်။

တကယ်လို့များ သင်က တစ်စုံတစ်ယောက်ချစ်တယ်ဆိုပါစို့၊သူ့ကိုလည်းဖွင့်ပြောပြီး သူမကလည်း သင့်ကိုချစ်တယ်ဆိုရင် သင့်ဆီမှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေ၊နွေးထွေးမှုတွေကို ဝေမျှလိုက်ပါ။သူမ (သူ)က သင့်အပေါ်ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာပြောပြလိုက်ပါ။သင့်ခံစားချက်တွေကို ရိုးသားမှုရှိပါ။

အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်လာရင် ဒီအချက်ကအရေးကြီးဆုံးပါပဲ။ သင့်ရဲ့ခံစားချက် အစစ်အမှန်တွေကိုသင်ချစ်တဲ့သူတွေဆီကို ရိုးသားစွာဖွင့်ပြောပါ။သင့်ရဲ ့တကယ့်နှလုံးသားထဲက စိတ်ရင်းစိတ်မှန်က ဘာလဲဆိုတာပြောပြပါ။သင့်ကိုဘာကပျော်ရွှင်စေပြီးဘာက ဝမ်းနည်းစေလဲဆိုတာ ကို ပြောပြပါ။တစ်ခါတစ်လေ အချစ်ဆိုတာ ကြောက်ဖို့ကောင်းတယ် လို့ခံစားရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ခံစားချက်အစစ်အမှန်တွေကို ချစ်တဲ့သူကိုဖွင့်ပြောရတာ ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်လုပ်မိနေသလိုဖြစ်လို့ပါပဲတဲ့။ဒါပေမဲ့ မမှန်ကန်တဲ့ခံစားချက်
တွေကို ပြောပြရင်လည်းနာကျင်ရမှာပါပဲ။ကိုယ့်ခံစားချက်ကိုယ်အသိဆုံးဖြစ်နေလို့ပါ။

အဲ့ဒါကြောင့် တစ်စုံတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားတဲ့အခါ သင့်ခံစားချက်တွေ အပေါ်ရိုးသားပါ။ခံစားချက်အစစ်အမှန်တွေကိုဖွင့်ပြောပြပါ။အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သင့်ကိုယ်သင်စီးမျောခွင့်ပေးလိုက်ပါ။ပြီးတော့ အသက်ရှင်သန်နေထိုင်ရခြင်းတွေထဲမှာ အကောင်းဆုံးအတွေ့အကြုံတစ်ခုအဖြစ်ခံစားပျော်ရွှင်လိုက်ပါ။

အချစ်စစ်ဆိုတာ လှပတဲ့အရာတစ်ခုပါ။အဆုံးသတ်လှပသည်ဖြစ်စေ၊မလှပသည်ဖြစ်စေ အချစ်စစ်ဆိုတာကိုခံစားပိုင်ဆိုင်နေရတဲ့အချိန်မှာ ဘဝရဲ့ အလှပဆုံး အစိတ်အပိုင်းတစ်ခု အဖြစ်ဆေးခြယ်နိုင်ကြပါစေလို့…

425 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.