ဦးအောင်ကိုလတ်ကို၂ ၀၁၂ရဲ့အကယ်ဒမီစာရင်းဝင် ဇာတ်ကားတစ်ကားဖြစ်တဲ့ ကယန်းအလှနဲ့ ပတ်သက်ပြီး တွေ့ကြုံလာခဲ့ရတဲ့ အခက်အခဲတွေနဲ့ အတူ အကယ်ဒမီနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထား၊ အမြင်လေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးအောင်ကိုလတ် အနေနဲ့ ကယန်းအလှ ဇာတ်ကားကို နိုင်ငံတကာကို တင်ပြခြင်းဟာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အဆင့်အတန်းကို ချပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြသခဲ့တာလား။
ဟုတ်တယ်။ အဓိကရည်ရွယ်ချက်ကတော့ ရုပ်ရှင်ကွာလတီအဆင့်အတန်းမြှင့်တင်ရေးကတော့ နံပတ်၃ နေရာမှာပါပါတယ်။ နံပတ်၁ အနေနဲ့ ကျွန်တော်တို့ ရွေးချယ်တဲ့ ဇာတ်ကားက ကယန်းလူမျိုးတွေကို နိုင်ငံတကာက ယိုးဒယားဘက်ကလို့ ထင်နေကြတယ်။ ကျွန်တော်တို့ နိုင်ငံက တိုင်းရင်းသားလူမျိုးဖြစ်ကြောင်းကို ပြချင်တာပေါ့။ နံပတ်၂ ကတော့ သူတို့လူမျိုးတွေ ရဲ့culture၊ ယဉ်ကျေးမှုနဲ့ ချစ်စရာကောင်းတဲ့ Storyလေးတွေပေါ့။ အလားတူပဲ လူကုန်ကူးမှုကိုလည်း မီးမောင်းထိုးပြချင်တာပေါ့။ ဒီရည်ရွယ်ချက်နဲ့ သွားတဲ့အတွက် နိုင်ငံတကာက လက်ခံကြတယ်။ ကွာလတီအရလည်း လုံးဝလက်ခံကြတယ်။ ဒီကွာလတီအတွက် အချိန်ကုန်၊ ငွေကုန်နဲ့ နောက်ပြီး ဒီကားအတွက်ကို၇နှစ်လောက် ပြင်ဆင်လိုက် ရပါတယ်။
ဦးအောင်ကိုလတ်အနေနဲ့ ကယန်းလူမျိုးတွေ ကိုဘယ်လိုတွေ့ကြုံခဲ့ ပြီးမှ ရိုက်ကူးဖို့ အိုင်ဒီယာရသွားခဲ့တာလည်း ဆိုတာပြောပြပေး ပါ။
ကျွန်တော့် ရုံးမှာရှိတဲ့ ၀န်ထမ်းတစ်ဝက်လောက်က ကယန်းလူမျိုးတွေ ဖြစ်တယ်။ ကျွန်တော့် ရုံးက တိုင်းရင်းသားတော်တော် များပါတယ်။ ဒီ့ပြင်တိုင်းရင်းသားတွေလည်းရှိပါတယ်။ ကျွန်တော်၁၉၈၁ခုနှစ် မှာအောင်ကိုလတ်ဆိုတဲ့ အဆိုတော်ဘ၀၊ တီးဝိုင်းခေါင်း ဆောင်ဘ၀၊ လိဒ်ဂီတာသမားဘ၀၊ တေးရေးဘ၀မှာ ကတည်းက အဲဒီနေရာတွေကိုသွားပြီးတော့ ဂီတမျိုးဆက်ချပေးခဲ့ပါတယ်။ လပေါင်းများစွာလည်း အဲဒီမှာနေထိုင်ခဲ့ရင်း သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတွေ ကိုတွေ့ခဲ့ရပြီး သူတို့တွေကိုချစ်သွားခဲ့တယ်။ အဆိုတော်တွေလည်း မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် ထူထောင်ပေးခဲ့တဲ့ PKCY ဆိုတဲ့ ကယန်း လူမျိုးတီးဝိုင်းအဖွဲ့ က 4th generation တောင်ရောက်နေပြီ။ ကိုယ်အောင်မြင်လာတဲ့ အချိန်ရောက်လာ ပြီဆိုတော့ ပြန်ပြီးတော့ ကယန်းလူမျိုးတွေ အတွက် စဉ်းစားပြီးတော့ ကယန်းအလှကိုရိုက်ဖို့လုပ်ဖြစ်ခဲ့တာပါ။
မြန်မာပြည်ပရိသတ် တော်တော်များများက ဟာသကားတွေ၊ ဒရမ်မာကားတွေ ကိုပဲ လက်ခံ နိုင်ကြတာဖြစ်လို့ ဦးအောင်ကိုလတ် အနေနဲ့ အခုလိုဇာတ်ကားမျိုးကိုမှ ရွေးချယ်ရိုက် ကူးခဲ့တာနဲ့ ပတ်သက်ပြီးပြောပြပေးပါ။
တကယ်တမ်းပြောရရင် ဒီဇာတ် ကားကရုပ်ရှင်ထဲမှာတော့ Fiction ရယ် Documentary ရယ် ဆိုပြီးသတ်မှတ်လို့ ရပေမယ့် ဒရမ်မာထဲမှာ ပါပါတယ်။ တိုင်းရင်းသားအကြောင်းဖြစ်တဲ့အတွက် နည်းနည်းတော့ပြရတာပေါ့။ လူတိုင်းကတော့ ပိုက်ဆံလိုချင်တာပဲ။ ပိုက်ဆံအတွက်နဲ့တော့ ရုပ်ရှင် မရိုက်ချင်ဘူး။ ပိုက်ဆံဆိုတာ တစ်ခြားနည်းနဲ့ရှာလို့ရပါတယ်။ ရုပ်ရှင်ဆိုတာ တိုင်းပြည်အတွက်လိုအပ် တယ်။ ရုပ်ရှင်မအောင်မြင်ရင် တိုင်းပြည် မအောင်မြင်ဘူး။ သူများနိုင်ငံတွေမှာ ရုပ်ရှင်လာရိုက်ရင် ကုန် ကျစရိတ်ရဲ့ ၃၀ရာခိုင်နှုန်းကို ပြန်ပေးတယ်။ ရုပ်ရှင်ရိုက်တဲ့ နေရာတစ်ခုက နံမည်ကြီးလာရင် သူ့ရဲ့Cultureကလည်း အောင်မြင်လာတယ်။ ဒါကြောင့် ရုပ်ရှင်ရိုက်တဲ့အလုပ်ကို ပေါ့ပျက်ပျက် လိုသဘောမထားစေချင်ပါဘူး။ ပိုက်ဆံရှာမယ်ဆိုရင် ရုပ်ရှင်လောကနဲ့မရှာနဲ့လို့ ပြောချင်တယ်။
ဦးအောင်ကိုလတ် အနေနဲ့ ကယန်းအလှ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတဲ့ အခါမှာ မျက်နှာသစ်ဖြစ်တဲ့ ကယန်းလူမျိုးတွေနဲ့သာရိုက်ကူးထားတာတွေ့ ရတာနဲ့ ပတ်သက်လို့ သိပါရစေ။-
မျက်နှာသစ်က ကျွန်တော်တို့ ပြောတဲ့စကားကိုနားထောင်တယ်။ အပိုလည်းမလုပ်ဘူး။ အိုက်တင်ကိုလည်း တိကျစွာလုပ်နိုင်ကြတဲ့အတွက် ဒါရိုက်တာရဲ့ target ထဲ ၀င်တယ်လေ။ မျက်နှာကြီးတွေကျတော့ အချိန်ပေးမှုတွေကအစ ခက်တာတွေ ရှိတာပေါ့။ ကျန်ခဲ့ရင် လည်း ပြန်ပြီးရိုက်ဖို့အဆင် မပြေနိုင်တော့ဘူး။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေသာ အချိန်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားက ပိုပြီးကောင်းသွားနိုင်ပါတယ်။
ကယန်းအလှရိုက် ကူးနေတဲ့ အချိန်မှာရော ဘယ်လိုအခက်အခဲတွေနဲ့ဖြတ်ကျော်ခဲ့ ရသလဲ။
အခက်အခဲတွေကအများကြီးပါပဲ။ ဘာသာစကားနဲ့ ပတ်သက်တဲ့ language ပိုင်းခက်ခဲတာပေါ့။ နောက်ပြီး တိုင်းရင်းသားဖြစ်တဲ့အတွက် သူ့စိတ်ထဲကိုရောက်အောင်တင် ပေးနိုင်ဖို့ ကလည်းလိုပါတယ်။ မြန်မာလူမျိုးကိုရိုက်ရတာထက်စာရင် နည်းနည်းအချိန် ပေးရတာပေါ့။ သည်းခံရတယ်၊ စိတ်ရှည်ရတယ်။ ငွေကြေးအခက် အခဲတွေ ရှိခဲ့တယ်။ Technology ပိုင်းအခက်အခဲရှိခဲ့တယ်။ ကြွပ်ကြွပ်အိတ်နဲ့ထမင်းစားခဲ့ရတဲ့နေ့ တွေလည်းအများကြီးပါပဲ။
ဦးအောင်ကိုလတ် အနေနဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးတဲ့အခါမှာခက်ခက်ခဲခဲမှ ရွေးပြီးတော့ ဘာကြောင့် ရိုက်ကူးတယ်ဆိုတာနဲ့ ပတ်သက်ပြီးသိချင်ပါတယ်။
ကွာလတီကောင်းကောင်း ကြည့်စေချင်တာပါပါတယ်။ တစ်ချို့ကျတော့ မြန်မာကားကို ကွာလတီမကောင်းလို့မကြည့်ကြတဲ့ ပရိသတ်တွေ ရှိတယ်လေ။ ငွေကိုအရှုးံခံပြီး ရိုက်ခဲ့တယ်။ရှုးံတာမှ တော် တော်ကိုရှုးံတာပါ။ အာဆီယံဆုရခဲ့တယ်။ အကယ်ဒမီကတော့ အခုလာမဲ့၂၉ ပေါ့။ ဘာပဲပြောပြောလေ။ ကိုယ်ဒုက္ခ တွေနဲ့ရင်ဆိုင် ခဲ့ရတာတွေကိုပရိသတ်နဲ့ အကဲဖြတ်လူကြီးတွေက အသိအမှတ် ပြုတယ်ဆိုတော့ ကောင်းပါတယ်။
ဦးအောင်ကိုလတ် အနေနဲ့ အခုလိုမျိုးကွာလတီကောင်းတဲ့ ဇာတ်ကားမျိုးတွေ ကိုသာရွေးချယ် ရိုက်ကူးခဲ့ပါရဲ့နဲ့ အကယ်ဒမီဆုနဲ့လွဲခဲ့ရတာနဲ့ ပတ်သက်ပြီးခံစားချက် ရှိခဲ့မယ်ဆိုရင်ပြောပြပေးပါ။
မပြောတတ်ဘူး။ အကယ်ဒမီကတော့ ကျွန်တော် တို့မြန်မာပြည် ရဲ့တိုင်းထွာတဲ့ ပေတံက မြန်မာပြည် စတိုင်လ် နဲ့တိုင်းထွာတာ ဖြစ်တဲ့အတွက် ဘာပဲပြောပြောပညာရှင်တွေကိုတော့ လေးစားပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ပါပဲ။ ရတာမရတာကတော့ ကျွန်တော်တို့ ရဲ့ကံပဲပေါ့။ ကိုယ်ချည်းပဲ ရမ္မက်ကြီးလို့ တော့မရပါဘူး။ ကိုယ်ထိုက်တန်ရင် ကိုယ်ရမှာပါ။
ဦးအောင်ကိုလတ်အနေနဲ့ မြန်မာနိုင်ငံရဲ့အကယ်ဒမီဆုပေးစနစ် ကိုဘယ်လိုမြင် မိပါသလဲ။
ဆုတွေအများကြီးပေးဖို့ကျန်ပါသေးတယ်။ တဖြည်းဖြည်းတော့ဖြစ်လာမှာပါ။