သရုပ်ဆောင်သိပ်ကောင်းတဲ့ မင်းသားချောကြီး Leonardo Dicaprio ရဲ့လတ်တလော အနုပညာကြေးဟာ သန်းပေါင်း ၂၃၅ ဒေါ်လာ ဝန်းကျင်လောက်ရှိတယ်လို့ Huffington Post မှဖော်ပြထားပါတယ်။ ပရိတ်သတ်တွေက ဒီလောက်များတဲ့ ငွေပမာဏနဲ့ Leonardo တစ်ယောက် ဘယ်လိုနေရာတွေမှာ ပြန်ဖြုန်းလေ့ရှိလည်းဆိုတာကိုတော့သိချင်ကြပါတယ်။
၁၉၉၃ခုနှစ်တုန်းက What’s Eating Gilbert Grape ဇာတ်ကားမှာ သူ့ရဲ့ဇာတ်ကောင်အတွက် ဒေါ်လာ ၇၅ဝဝဝရရှိခဲ့ပါတယ်။ တိုက်တန်းနစ်ဇာတ်ကားမှာ ဂျက် ဒေါ်ဆန်ဇာတ်ရုပ်အတွက် သန်းပေါင်း ၂.၅ဒေါ်လာထိ ရရှိခဲ့ပါတယ်။ အောင်မြင်မှုရနေတဲ့အလျောက် Leonardo က ချို့ ငဲ့သူများအတွက် လှူဒါန်းမှုတွေလည်း အများကြီးလုပ်ခဲ့ပါတယ်။
သရုပ်ဆောင်တာအပြင် သူ့ဘဝမှာ နောက်ထပ်ဝါဿနာပါတစ်ခုက အလှူဒါန်းတွေပြုလုပ်ရတာပဲဖြစ်ပါတယ်။ လှူရုံတင်မက သူကိုယ်တိုင်ကလည်း ကိုယ်ပိုင် Charity တစ်ခုကိုထောင်ထားတာပါ။ ၁၉၉၈ခုနှစ်မှာ Leonardo DiCaprio Foundation ဆိုပြီး စတင်ခဲ့တာဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းတည်ထောင်ရခြင်း ရည်ရွယ်ချက်ကတော့ ကမ္ဘာမြေကြီး စိမ်းလန်းသာယာဖို့ ၊ တောတောင်ရေမြေ သမုဒ္ဒရာတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ဖြစ်ပါတယ်။
ဒါတွေအပြင် Leo ဟာ ဘယ်အရာတွေအပေါ် သူ့ပိုက်ဆံတွေကိုဖြုန်းတီးလေ့ရှိလဲ ?
မိသားစု
Leo က သူ့ရဲ့အောင်မြင်မှုတွေကို သူ့ရဲ့အချစ်ဆုံးသူတွေ၊ မိသားစုတွေနဲ့အတူ မျှဝေခံစားပါတယ်။ တကယ့်ပွဲကြီးတွေဆို သူ့ရဲ့မိသားစုဝင်တွေကိုခေါ်လာပြီး လက်ဆောင်ပစ္စည်းတွေလည်း ပေးလေ့ရှိပါတယ်။ သူ့ရဲ့အမေ Irmelin အတွက် Heart Fund Gala လေလံပွဲမှာ ဒေါ်လာ ၁ဝ၈ဝဝ တန်တဲ့ Chanel အိတ်ကြီးကိုဝယ်ပေးခဲ့တဲ့အချိန် ပရိတ်သတ်တွေတိုင်းမှတ်မိဦးမယ်ထင်ပါတယ်။
ဇိမ်ခံ ရွက်လှေ
Leo ဟာ ရွက်လှေစီးပြီး စိတ်အပင်းဖြေရတာကို အရမ်းနှစ်သက်တဲ့လူပါ။ သူ့အတွက်အားလပ်ရက်တွေဆို နာမည်ကြီးအနုပညာရှင်အချို့ နဲ့အတူ ရွက်လှေ ပါတီလုပ်ပြီး ပျော်ရတာကို သဘောကျသူပါ။ တစ်ခါတစ်လေ ပါပါရာဇီတွေရဲ့လက်ချက်ကြောင့် Leo ရဲ့ရွက်လှေပေါ်က ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ် တက်လာတတ်ပါတယ်။
အနုပညာ
အနုပညာနဲ့ပတ်သတ်ပြီး ပိုက်ဆံဖြုန်းပစ်ရတာကိုလည်း နှစ်သက်သူတစ်ယောက်ပါ။ အနုပညာ ပန်းချီပြပွဲတွေဆို Leo ခဏခဏသွားလေ့ရှိပါတယ်။ ဆွစ်ဇာလန်က Art Basel Gallery မှာ ဒေါ်လာ၁သန်းနီးပါးထိ ပိုက်ဆံတွေဖြုန်းခဲ့တာလည်း ကောလဟာလတွေထွက်လာပါသေးတယ်။ အနုပညာနဲ့ပတ်သတ်ပြီး ကောင်းကောင်းခံစားနိုင်စွမ်း Leo မှာရှိပြီး အခုလတ်တလော သူ့ရဲ့collection တွေဟာ ဒေါ်လာသန်းပေါင်းချီပြီးတန်တယ်လို့သိရပါတယ်။
အားကစား
Leo နောက်ထပ် ဝါဿနာပါတာက အားကစားပဲဖြစ်ပါတယ်။ ဘတ်စကတ်ဘော ၊ တန်းနစ်နဲ့ ဘောလုံးပွဲ.. အားလုံးကို သူအရမ်းနှစ်သက်ပါတယ်။ ဥရောပမှာကျင်းပတဲ့ FIFA World Cup ပွဲစဉ်တွေကိုလည်း အလွတ်မပေးပဲ အမြဲအားပေးနေသူဖြစ်ပါတယ်။နောက်ပြီးတော့ ဘေ့စ်ဘောဦးထုပ်တွေ ဝတ်ရတာကိုလည်း သူကကြိုက်သတဲ့။